Special Extra- 2

21.7K 1.8K 105
                                    

Unicode

စိတ်ပျက်တယ် ..။

မင်းကို သိပ်စိတ်ပျက်တယ်တဲ့လားထယ်။

ဒီစကားကို ခင်ဗျား ပါးစပ်က ပြောထွက်ခဲ့တာ နှစ်ကြိမ်တိတိ ရှိနေပြီပဲ။

ဒီလူကို နာကျင်ရအောင်ဘယ်လိုတောင် ပြောထွက်ခဲ့တာလဲ ကင်မ်ထယ်ယောင်း။

ခင်ဗျားပြောတဲ့စကားက ရိုးရိုးလေးပေမယ့် ဒီကကောင်ရဲ့နှလုံးသားကို အရှင်လတ်လတ် မီးရှို့ပစ်လိုက်သလိုပဲ။

စိတ်ပျက်တယ်လို့ ပြောတာတောင် ဒီကောင်က သေမလို ရူးမလိုတွေ ဖြစ်နေတာ။

မချစ်တော့ဘူး ကွာရှင်းရအောင်လို့သာ ပြောရင် ..

စိတ်ကူးနဲ့တောင် မတွေးရဲတော့တာမို့ ခေါင်းထဲက အမြန်ခါထုတ်ပစ်လိုက်မိသည်။

အရက်တွေတစ်ခွက်ပြီး တစ်ခွက် နင်းကန်သောက်ပစ်တော့ အွန်ဝူးတို့ကပဲ ထုံးစံအတိုင်း တားရပြန်သည်။

တကယ်ဆို သူနဲ့ ချစ်သူဖြစ်ပြီးတည်းက (ချစ်သူလို့ပဲ ပြောရမလား) အွန်ဝူးတို့နဲ့ သိပ်မတွေ့ဖြစ်တော့သလို ဘားကိုလဲ သိပ်မလာဖြစ်တော့။

သူ့ပါးစပ်က ထုတ်မပြောပေမယ့် သူ ငြိုငြင်မှာစိုးလို့ မကြိုက်မှာစိုးလို့ ဘားကို မသွားတော့တာဖြစ်သည်။

ဆေးလိပ်လဲ သူအနံ့မခံနိုင်လို့ အများကြီး မသောက်ဖြစ်တော့ပါ။ အရင်က တစ်နေ့ကို တစ်ဘူးနီးပါးလောက် သောက်ဖြစ်ပေမယ့် အခုတော့ အရမ်းကြီးသောက်ချင်လာမှ အလွန်ဆုံးတစ်လိပ် အာသာပြေပဲ သောက်ဖြစ်တော့သည်။

ပြောချင်တာက ကိုယ့်ဘက်ကသူနဲ့ပတ်သက်ပြီး အများကြီးပြောင်းလဲပေးခဲ့ပေမယ့် သူက ဘာကြောင့် ဘာကိုစိတ်ပျက်ရတာလဲ။

အခုဖြစ်တဲ့ပြဿနာကလဲ အရင်စိတ်နဲ့ဆို ကော်ဖီဆိုင်တစ်ဆိုင်လုံး မီးရှို့ပစ်လိုက်မိမလားမသိပေမယ့် အခု သူ စိတ်ဆိုးသွားမှာစိုးလို့ အတော်လေးချုပ်တီးထားတာ။

ချစ်လွန်းလို့ သဝန်တိုမိတာ ..။

အားယားနေလို့ အလုပ််မရှိလို့ ထိုင်ပြီး သဝန်တိုနေတာလည်း မဟုတ်ဘူး။

Created By JWhere stories live. Discover now