Libraryထဲမှမျက်ရည်စများ

131 3 0
                                    


       ကျွန်မနာမည်ကမြတ်သွယ်ခိုင်ပါ။ကျွန်မကနယ်ကနည်းပညာတက္ကသိုလ်တစ်ခုမှာဒုတိယနှစ်တက်နေတာ။ကျွန်မမှာကျွန်မထက်ခုနစ်နှစ်ကြီးတဲ့အစ်မတစ်ယောက်ရှိတယ်။ကျွန်မကလေတက်ကြွပြီးနေရာတကာစပ်စပ်စပ်စပ်ပါတတ်တဲ့ကောင်မလေးပေါ့။အဲ့လိုတော့လည်းမဟုတ်ပါဘူးလေ ကျွန်မကအရာရာကိုစူးစမ်းချင်စိတ်ရှိတဲ့လူငယ်တစ်ယောက်ဆိုပါတော့။ကျွန်မကကျောင်းပွဲတွေမှာဆိုပွဲတိုင်းကျော်ပဲ။ကျွန်မမပါရင်ပွဲမစည်ဘူးလို့တောင်စီနီယာတွေကပြောကြတယ်။တစ်ကျောင်းလုံးကျွန်မနဲ့မရင်းနှီးတဲ့လူမရှိ အကုန်လုံးနဲ့သိတယ်။ကျွန်မကိုကြည့်မရတဲ့လူတွေကတော့စပ်စလူးလို့ကွယ်ရာမှာအတင်းပြောကြတယ်။ကျွန်မကတော့ I don't fucking care ပါပဲ။ဘယ်သူတွေကျွန်မအပေါ်ဘယ်လိုပဲသဘောထားထားကျွန်မကတော့လူတိုင်းကိုရိုးသားပွင့်လင်းစွာဆက်ဆံပါတယ်။ဘယ်သူ့ကြောင့်မှကျွန်မရဲ့အေးချမ်းနေတဲ့စိတ်လေးကိုအပူလောင်မခံနိုင်ဘူးလေ။စကားမစပ်ပြောပြရရင် ကျွန်မကsingleပါ။ အချစ်ရဲ့ပူလောင်မှုတွေနဲ့ဝေးဝေးနေချင်သူပေါ့။ကျွန်မအကြောင်းပြောတာတော်လောက်ပြီထင်ပါရဲ့...

      ဒီတလောကျွန်မတို့ကျောင်းရဲ့welcomeအတွက်ပြင်ဆင်နေတာ။Welcomeကိုစာပေနှင့်အနုပညာအသင်းကဦးဆောင်ပြီးလုပ်တာဆိုတော့အသင်းရဲ့ဘဏ္ဍာရေးမှူးကျွန်မလည်းစီနီယာတွေနဲ့ထပ်တူအလုပ်တွေရှုပ်ပေါ့။Welcomeကမနက်ဖြန်ဆိုတော့ခုညအခမ်းအနားအပြင်အဆင်တွေလုပ်ကြရတာမို့စီနီယာတွေနဲ့ကျောင်းမှာအိပ်ရမှာ။ညဥ့်နက်အထိပန်းတွေအလှဆင် ပူ​ဖောင်းတွေမှုတ် စက္ကူအရုပ်တွေခေါက် ကဗျာစာတိုလေးတွေရေးပြီးချိတ်ဆွဲ ဓာတ်ပုံရိုက်လို့ကောင်းအောင်နေရာအနှံ့အလှဆင်နဲ့တက်ညီလက်ညီလုပ်လိုက်ရတာညတောင်တော်တော်နက်သွားပြီ။ကျွန်မတို့ကျောင်းကမြို့ပြင်မှာရှိတာဆိုတော့လူနေအိမ်ခြေတွေနဲ့သိပ်မနီး အဆောင်အချို့သာအနားမှာရှိသည်။ညဥ့်နက်နေပြီမို့တီချယ်တစ်ယောက်ရယ် အစ်မတွေရယ် ကျွန်မတို့သူငယ်ချင်းတွေရယ်ကLibraryမှာအိပ်ကြမည်။အရင်နှစ်ကတော့ကျွန်မကအဆောင်ကိုပြန်အိပ်ခဲ့တာ။ ကျွန်မတို့ကျောင်းရဲ့libraryကသရဲခြောက်သည်ဟုကျောင်းသားတွေကြားမှာနာမည်ကြီးတယ်။လုံခြုံရေးဦးလေးကြီးတွေဆီကလည်းတစ်ဆင့်စကားတစ်ဆင့်ပြန်ကြားရတာတွေလည်းရှိတယ်။Libraryထဲကမိန်းကလေးငိုသံတွေကြားရသည်ဟုတစ်ဖုံ တစ်ခါတစ်ရံအော်ခေါ်သံတွေသီချင်းဆိုသံတွေကြားရသည်ဟုတစ်မျိုး ခုံရွေ့သံတွေကြားရသည်ဟုလည်းပြောကြသည်။တစ်ခါတစ်ရံ မိန်းကလေးတစ်ဦးlibraryတံခါးကိုဖြတ်ပြီးlibraryထဲဝင်သွားတာမြင်ရတယ်လို့လုံခြုံရေးတွေကပြောကြတယ်။ခုlibraryထဲမှာအိပ်ကြမယ့်အဖွဲ့ထဲမှာသရဲကြောက်တဲ့သူတစ်ယောက်မှမပါ။သရဲကားကိုseriesလိုက်ကြည့်ကြတဲ့သူတွေ သရဲကိုပင်ပြန်ခြောက်မယ့်သူတွေပင်။ကျွန်မကိုယ်တိုင်လည်းလုံးဝမကြောက်တတ်ပါ။libraryထဲမှာမီးတွေမှိတ်မထားပဲထိန်နေအောင်ထွန်းထားတယ်။အကုန်လုံးဘုရားရှိခိုးပြီးစာအုပ်စင်တွေကြားမှာတန်းစီအိပ်လိုက်ကြတယ်။သတ္တိခဲကြီးကျွန်မကတော့ထပ်ဆုံးမှာပေါ့။တစ်နေကုန်welcomeအတွက်လုံးပန်းထားတာမို့ခဏအတွင်းမှာကျွန်မအိပ်ပျော်သွားခဲ့တယ်။အိပ်ပျော်ပြီးမကြာသေး ကျွန်မအိပ်မက်လိုလိုတကယ်လိုလိုနဲ့မိန်းကလေးငိုသံကိုကြားလာခဲ့ရတယ်။သူများတွေပြောနေကြတဲ့သရဲခြောက်တာများလား။

OC Oneshot CollectionWhere stories live. Discover now