ဒီနေ့အမွန်ရဲ့မွေးနေ့လေးပါ။ဒီနှစ်မွေးနေ့ကသိပ်ကိုပျော်စရာကောင်းပြီးအဓိပ္ပါယ်ရှိတဲ့မွေးနေ့တစ်ခုဖြစ်ခဲ့တယ်။အမွန့်ရဲ့ဖြစ်တည်မှုကိုဖေဖေနဲ့မေမေ့ကိုအမှန်အတိုင်းဖွင့်ပြောပြနိုင်ခဲ့တယ်။အရင်ကတည်းကရိပ်မိပြီးသားဖြစ်တဲ့မေမေကသိပ်ပြီးအံ့သြမသွားပေမယ့်ဖေဖေအတွက်တော့အကြီးစားsupriseတစ်ခုရလိုက်သလိုအတန်ကြာစွံအ တွေဝေသွားခဲ့တယ်။ဒါပေမယ့်လေ ဖေဖေနဲ့မေမေကခေတ်လူငယ်တွေကိုနားလည်ပေးပြီးခေတ်နဲ့အညီနေထိုင်ကြတဲ့သူတွေ။ဒါ့အပြင်အမွန့်ကိုလည်းသိပ်ချစ်တာမို့အမွန်ရဲ့ဖြစ်တည်မှုကိုလက်ခံပေးကြတယ်။အမွန်ဟာယောကျာ်းလေးတွေကိုစိတ်မဝင်စားပဲမိန်းကလေးတွေကိုသာသဘောကျကြောင်း အမွန်ကLesbianတစ်ယောက်ဖြစ်ကြောင်းသူတို့လက်ခံပေးခဲ့ကြသည်။အမွန်ကခုမှဘွဲ့ရပြီးခါစသင်တန်းတွေလိုက်တက်နေတဲ့ကောင်မလေးပါ။အမွန်ကိုယ်အမွန်လေLesbianလို့လက်ခံထားပေမယ့်ခုချိန်ထိတစ်ခါမှရည်းစားမထားခဲ့ဘူးဆိုယုံမလားမသိဘူး။ အရင်အချိန်တွေတုန်းကတော့အမွန်ကိုယ်အမွန်တွေဝေစွာနဲ့ကိုယ်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်ခဲ့ဘူး။သေချာတာတစ်ခုက အမွန်ကောင်လေးတွေကိုစိတ်ဝင်စားလို့
လုံးဝမရခဲ့ဘူး။အမွန့်ကိုချဥ်းကပ်လာတဲ့ယောကျာ်းများစွာရှိပေမယ့်လုံးဝစိတ်မဝင်စားခဲ့ရိုးအမှန်။ယောကျာ်းလေးတွေနဲ့နီးကပ်စွာရှိနေရင်ကိုပဲစိတ်ကျဥ်းကျပ်စွာနဲ့စိတ်ကသိကအောက်ဖြစ်ရတယ်။ အမွန်ကကိုရီးယားDramaတွေအရမ်းကြည့်သည်။Dramaတွေကြည့်ပြီဆိုတိုင်းမင်းသားကိုဘယ်တော့မှကြည့်မရ မင်းသမီးကိုသာကွက်ပြီးကြိုက်တတ်သည်။သင်တန်းသွားရင်းချစ်စရာကောင်မလေးတွေကိုမြင်ရင်စိတ်ကမနေနိုင် ခိုးခိုးကြည့်ပြီးလိုက်ငေးမိသည်။ပေါ်တင်ငေးရင်တစ်မျိုးအထင်ခံရနိုင်သည်လေ။အရင်ကဆိုဖေဖေကခဏခဏချီးကျူးတတ်သည် ငါ့သမီးလေးခုချိန်ထိရည်းစားမထားဘူး ဘယ်ကောင်လေးနဲ့မှအသံမကြားရဘူးဆိုပြီး။ဒီမှာ ယောကျာ်းလေးတွေကိုဗိုင်းရပ်ပိုးတွေလိုမြင်ပြီးဝေးဝေးကရှောင်နေမိတာကိုဖေဖေမှမသိပဲ။မေမေနဲ့အပြင်သွားရင်လည်းကောင်မလေးလန်းလန်းလေးတွေကိုလိုက်လိုက်ငေးမိလို့မေမေကဘေးကနေမျက်လုံးအပြူးသားနဲ့။
ဒီနေ့ Javaသင်တန်းရှိတာမို့လွယ်အိတ်ကိုဆွဲပြီးအစောကြီးထွက်လာခဲ့တယ်။သင်တန်းကိုရောက်တော့ဘယ်သူမှတောင်မရှိသေး။တီချယ်ကတော့အစောကြီးရောက်နေပြီ။