Best Memories with You

15 0 0
                                    

         နွေရာသီမို့ရေတွေကကျွန်မတို့ကျွန်းငယ်လေးရဲ့ခပ်ဝေးဝေးမှာရှိနေကြတယ်။ကျွန်မနေထိုင်တဲ့ကျွန်းငယ်လေးကပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းအစပ်ဧရာဝတီမြစ်ထဲမှာရှိတဲ့သိပ်ကိုလှပတဲ့နေရာလေးပေါ့။ကျွန်မတို့ကျွန်းပေါ်ကိုလူသူအရောက်အပေါက်တော့နည်းလှတယ်။ကျွန်းပေါ်ကလူတွေကသိပ်ကိုရိုးသားဖြူစင်ကြသလိုကိုင်းစိုက်ပျိုးခြင်းနဲ့ရိုးစင်းစွာအသက်မွေးကြတဲ့လူတွေ။ကျွန်းပေါ်မှာအရပ်လေးမျက်နှာကတိုက်တဲ့လေဒဏ်တွေကိုခံစားရသလိုဧရာဝတီဖြစ်ရေကိုချိုးပြီးကြီးပြင်းလာရတဲ့ကျွန်မအဖို့အသားအရေအညိုရောင်သမ်းနေခြင်းဟာထူးဆန်းတဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။ကျွန်းပေါ်မှာအလယ်တန်းကျောင်းလေးပဲရှိတာမို့နောက်နှစ်ဆိုကိုးတန်းတက်ရတော့မှာမို့အဖေကကျောင်းထုတ်ပြီးကိုင်းထဲကိုဆင်းခိုင်းမယ်လို့ပြောနေပြီ။ကျွန်မကျောင်းမထွက်ချင်ဘူး ကျွန်မအိပ်မက်တွေကိုအကောင်အထည်ဖော်ချင်သေးတယ်။စိတ်ညစ်ညစ်နဲ့ကမ်းပါးမှာရှိတဲ့ကုက္ကိုလ်ပင်ကြီးရဲ့ကြီးမားတဲ့အကိုင်းတွေပေါ်မှာလှဲအိပ်နေမိတယ်။ကျယ်ပြန့်လှတဲ့ဧရာဝတီမြစ်ပြင်ကြီးကိုကျော်ဖြတ်ပြီးကျွန်မဘဝရဲ့ပိုကောင်းတဲ့နေ့တွေကိုဖန်တီးချင်မိတယ်။ရောက်တတ်ရာရာတွေတွေးနေတုန်းလှေဆိပ်ကိုလှေတစ်စီးဆိုက်လာတယ်။မြို့ပေါ်သွားတဲ့မေမေများပြန်လာပြီလားလို့ကြည့်လိုက်တော့အဟုတ်ကိုမေမေပင်။မေမေဆီအပြေးအလွှားသွားလိုက်ပြီး

       "မေမေ သမီးကိုအထုပ်တွေပေးလေ သမီးမှာလိုက်တာတွေပါတယ်မလားဟင်"

      "ပါပါ့တော် ဒီမှာမေမေ့ဧည့်သည်တွေပါလာတယ် သူတို့အထုပ်တွေလည်းသယ်ပေးလိုက်အုံး"
 
      အဲ့တော့မှလှေပေါ်ကဆင်းလာတဲ့သူတွေကိုသေချာကြည့်မိတော့ဝတ်ကောင်းစားလှတွေဝတ်ဆင်ထားတဲ့မြို့သားပုံစံနဲ့ဧည့်သည်တွေပင်။

      "ဒါ ငါ့သမီးပဲ မိုးဆွေရေ"
 
     "ဟယ် တော်တော်တောင်ကြီးနေပြီပဲ ငါ့သမီးလေးနဲ့ရွယ်တူပဲနေမယ်"
  
      မိုးဆွေဆိုတဲ့အန်တီကြီးရဲ့နောက်ကိုကြည့်လိုက်တော့ကျွန်မနဲ့ရွယ်တူလောက်ရှိမယ့်အသားဖြူဖြူပိန်ပိန်​သွယ်သွယ်ကောင်မလေး။အရုပ်မလေးလိုကော့ဆင်းနေတဲ့မျက်တောင်လေးတွေရယ် နီရဲနေတဲ့နှုတ်ခမ်းထူထူလေးတွေကသူ့ကိုမိန်းမလှလေးတစ်ယောက်အဖြစ်ပံ့ပိုးပေးနေသလိုပင်။ဘယ်လောက်ကြာအောင်ကျွန်မငေးမိသွားသည်မသိ မေမေအော်လိုက်မှသတိဝင်လာတော့တယ်။

      "သက်ဝေရေ အန်တီတို့ကိုလိုက်ပို့ပေးလိုက်အုံးလေ"
 
     "အယ် ဟုတ် ဟုတ် အန်တီတို့ကမ်းပါးကိုလူချည်းတက်သွားလိုက်နော် ကမ်းပါးကမတ်တယ်ဆိုတော့လေ အထုပ်တွေကိုသမီးသယ်လာခဲ့ပါ့မယ်"

       မေမေနဲ့မိုးဆွေဆိုတဲ့အန်တီကြီးရယ် ဟိုကောင်မလေးရယ် ရှေ့ကသွားတော့ကျွန်မကနောက်ကနေအထုပ်တွေဆွဲပြီးလိုက်လာခဲ့တယ်။သူ့ကိုလေနောက်ကျောကမြင်နေရတာတောင်လှပမှုကိုခံစားနေရတယ်။သူ့ကိုစတွေ့တုန်းကခံစားရတဲ့အမျိုးအမည်မသိတဲ့ခံစားမှုကြီးကရောဘာပါလိမ့်။သူ့ရဲ့နောက်ကျောလေးကိုပဲ​ငေးပြီးအိမ်ကိုဘယ်လိုရောက်လာမှန်းမသိတော့။အိမ်ကိုရောက်တော့ဖေဖေနဲ့မေမေကအန်တီမိုးဆွေနဲ့စကားလက်ဆုံကြနေကြတော့သူတစ်ယောက်တည်းပျင်းနေပုံပေါ်တာမို့

    "ဟေး ပျင်းနေပြီလား ငါကသက်သက်ဝေပါ"
 
   "ငါ့နာမည်က မေဇော်နုပါ"

     "နင့်နာမည်လေးကလှလိုက်တာ"

     "လှမှာပေါ့ဟာ ငါ့မေမေပေါ့ မေမေကဆရာမဂျူးကိုအရူးအမူးကြိုက်တဲ့သူဆိုတော့
သူအကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်ဆိုတဲ့စာအုပ်ထဲကဇာတ်ကောင်နာမည်ကိုငါ့ကိုပေးလိုက်တာပဲ"
 
     "နင့်မေမေကတကယ်ကိုပရိတ်သတ်အစစ်ကြီးပဲ"

        သူနဲ့စကားပြောမိတဲ့ခဏလေးမှာပဲဟိုးအရင်ကတည်းကရင်းနှီးခဲ့ဖူးကြသလိုခံစားချက်ကိုခံစားရတယ်။အိမ်ထဲမှာနေရတာသူပျင်းနေမယ်ထင်တာကြောင့်အပြင်ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Jun 22, 2023 ⏰

Add this story to your Library to get notified about new parts!

OC Oneshot CollectionWhere stories live. Discover now