Song Recommend-Christian Perri// A Thousands years"မနက်ဖြန် ချောကလက်မစားရရင် ငါမင်းကိုမခေါ်တော့ဘူးနော် ပတ်ခ်ဆောင်ဟွန်း။ မင်းနဲ့ပြတ်မယ်။"
ဖုန်းရဲ့တစ်ဖက်ကနေ ခပ်အောင့်အောင့် ပြောလာသည့် ရှင်မ်းဂျယ်ယွန်းရဲ့ပုံစံကို ပုံဖော်ကြည့်ရုံနှင့် ဆောင်ဟွန်းအသဲယားနေမိသည်။ သူရဲ့ချစ်သူကောင်လေးဟာ အသက်တွေဘယ်လောက်ကြီးကြီး ကလေးဆန်နေတုန်းပင်။
အတူတူတွဲလာသည့် လေးနှစ်တာကာလပတ်လုံး ဗယ်လင်တိုင်းဒေးရောက်တိုင်း အမြဲတမ်းနှစ်ယောက်အတူရှိနေပေမယ့် ဒီနှစ်မှာတော့ ဆောင်ဟွန်းဟာ ရိုက်ကွင်းရှိတာကြောင့် ဂျပန်ကိုရောက်နေသည်။
မနက်ဖြန်မှာ အတူမရှိနိုင်တာကို သိရက်နဲ့ ချောကလက်ကို ကိုယ်တိုင်လာပေးတာကိုပဲ စားချင်သည့် ကောင်လေးက တစ်ကယ်ကို ဂျစ်တူးအဆိုးလေးပင်။ စာရေးဆရာတစ်ယောက်ဖြစ်သည့် သူ့ကောင်လေးနဲ့ နိုင်ငံကျော်ရုပ်ရှင်မင်းသား ပတ်ခ်ဆောင်ဟွန်းတို့ အတွဲက လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက ဟိုးလေးတကျော်ကျော်ပင်။
စတွေ့ခဲ့တဲ့ပုံစံက ရိုးရှင်းခဲ့သလို သူတို့နှစ်ယောက်ဟာလဲ ရိုးရှင်းစွာနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွေ မြဲရင်း ချစ်ခြင်းတရားတွေသာ နက်ရှိုင်းလာခဲ့ကြသည်။
ထိုနေ့က ဇူလိုင်လရဲ့မိုးစက်တွေနဲ့အတူ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းကလဲ ရိုးရှင်းခဲ့သည်။
မိုးရာသီရဲ့ စိုထိုင်းမှုတွေကို သဘောကျတဲ့လူဟာ နဲနဲတော့ရူးကြောင်ကြောင် နိုင်မနေဘူးလားနော်။ဒါပေမယ့်သူကတော့ မိုးရာသီကိုသဘောကျသည်။ ပြတင်းတံခါးကို လာရောက် ထိခတ်နေသည့် မိုးစက်တွေနဲ့အတူ လတ်တေးပူပူတစ်ခွက်နှင့် စိတ်ကူးယဉ်ဆန်ဆန် စာတွေရေးနေရတာကို နှစ်သက်သည်။ အပြင်ထွက်ခြင်းကိုမုန်းတဲ့ သူဟာ မိုးရာသီရောက်ရင် အလိုလိုပျော်နေတတ်သည့် ပါပီတစ်ကောင်လေးပင်။
"အွန်း ဂျေး .."
ရေးလက်စ စာမူကို စိတ်အာရုံအစုံနှစ်ထားသည့်အတွက် စီးအီးအိုဖြစ်သည့် ပတ်ခ်ဂျေးဖုန်းခေါ်တာကို နှစ်ခါမြောက်မှသာ ကိုင်လိုက်မိသည်။