ကိုယ် အပြင်ထွက်တော့
ဆောင်းရာသီလေစိမ်းက ကိုယ့်ပါးပြင်ကို
ရိုက်ခတ်လာတယ်၊ အနွေးထည်ထူထူ နဲ့
ကိုယ့်ခန္ဓာကိုယ်က အနွေးဓာတ်ရရှိပင်မဲ့
ကိုယ်ရင်ထဲကအေးစက်ခြင်း၊ နာကျင်ခြင်းတွေကို
ကိုယ်ဝတ်ထားတဲ့အနွေးထည်က
အနွေးဓာတ်ကို မျှမပေးနိုင်လို့ထင်ပါ့
ဒီရင်ထဲ အအေးဓာတ်တွေပွါးများလာပြီး
နှလုံးသားတခုလုံးခဲကုန်ပြီထင်ပါ့။