𝐎𝐧𝐞

2.3K 167 24
                                    

                            𝐔𝐧𝐢𝐜𝐨𝐝𝐞



အခန်း [1]

"မောင်....
ဘာတွေလုပ်နေလဲဟင်.."

"ညနေဘက်ကြီး ရှင်းရာ..
ဘာလုပ်ဖို့လာရတာလဲ "

ဒီအပတ်ကုန်ရင် တော်လှန်ရေးတပ်ထဲ
လှူမယ့်ငွေစာရင်းများစစ်နေရာက.
သူသည် ရှင်းဟုသူခေါ်တတ်သည့် မိန်းကလေးအား
ဆူသလိုလိုပြောသည်....

"မောင့်ကို မေမေကထမင်းစားဖို့
လာခေါ်ခိုင်းလို့လေ မောင်တစ်​ယောက်တည်း
ဆိုတော့ မေမေကစိတ်ပူနေတာရယ်.."

"မောင်အဆင်ပြေပါတယ်ဗျာ...
ခုမောင်မအားသေးဘူးသိလား.."

ကုတ်အကျီအနက်ရောင်အထူကြီးလွှားထားသည့်ခုံတွင်
ပြန့်ကျဲ့နေသောစာရွက်များနှင့်ထိုစားပွဲမှာတော့
သောက်လက်စ ကော်ဖီတစ်ခွက် ကိုတင်ထား၏..။
ဆေးလိပ်မီးပြာခွက်ထဲမှာလည်း မီးမသေသေးသော
ဆေးလိပ်တစ်ခုရှိနေသည်...

မိန်းကလေးသည်..
ဘေးနားက ခုံမှာထိုင်ရင်း
မျက်မှောင်ကျုတ်ကာ စာရွက်ကိုစိုက်ကြည့်နေသော
သက်လတ်ပိုင်းအရွယ် ခပ်ချောချောကောင်လေးအား
တမေ့တမော ငေးသည်...။

ဆီသပ်ထားသည့်ဆံပင်အနက်တွေက..
သပ်သပ်ရပ်ရပ် နဖူးအပေါ်ကိုလှန်တင်ထားပြီး
ဆံပင်စတချို့က နဖူးထက်သို့ပြန်ပြီးကော့ညွတ်ကျနေ၏။...။

နှာတံထင်းထင်းသည်
သွယ်လျသောမျက်နှာနှင့် ..
လိုက်ဖက်ညီစွာ...

စေ့ထားသောနှုတ်ခမ်းတစ်စုံသည်
ဂန္တဝင်ဆန်သော နှင်းဆီပွင့်ချပ်နှစ်ခု
ပေါင်းထားသကဲ့သို့ ...
နီဆွေးမနေသော်လဲ ညို့ယောင်လွမ်းသည်။
သို့သော်..ထိုနှုတ်ခမ်းသည်...
တိကျ​သေသပ်စွာ လှပမြဲ....

ဒီ​ယောက်ကျား၏ခမ်းနားသောသွင်ပြင်ကို
စာဖွဲ့ရင် ဘယ်စာဆိုမှ မှီအောင်ဖွဲ့နိုင်မည်မဟုတ်ချေ...။

"မောင်..
ဆေးလိပ်တွေအရမ်းမသောက်နဲ့နော်..
မောင့်နှုတ်ခမ်းတွေ ညိုနေပြီ..."


"မောင့်ကိုစိတ်ပူပေးတာ ကျေးစူးပါပဲဗျ..
ရှင်း...ပြန်တော့နော်
မောင်မလာဖြစ်လို့အန်တီကိုတော့အားနာပါရဲ့.."

𝐖𝐡𝐢𝐫𝐥𝐢𝐠𝐢𝐠[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now