𝐔𝐧𝐢𝐜𝐨𝐝𝐞
အခန်း [1]
"မောင်....
ဘာတွေလုပ်နေလဲဟင်..""ညနေဘက်ကြီး ရှင်းရာ..
ဘာလုပ်ဖို့လာရတာလဲ "ဒီအပတ်ကုန်ရင် တော်လှန်ရေးတပ်ထဲ
လှူမယ့်ငွေစာရင်းများစစ်နေရာက.
သူသည် ရှင်းဟုသူခေါ်တတ်သည့် မိန်းကလေးအား
ဆူသလိုလိုပြောသည်...."မောင့်ကို မေမေကထမင်းစားဖို့
လာခေါ်ခိုင်းလို့လေ မောင်တစ်ယောက်တည်း
ဆိုတော့ မေမေကစိတ်ပူနေတာရယ်..""မောင်အဆင်ပြေပါတယ်ဗျာ...
ခုမောင်မအားသေးဘူးသိလား.."ကုတ်အကျီအနက်ရောင်အထူကြီးလွှားထားသည့်ခုံတွင်
ပြန့်ကျဲ့နေသောစာရွက်များနှင့်ထိုစားပွဲမှာတော့
သောက်လက်စ ကော်ဖီတစ်ခွက် ကိုတင်ထား၏..။
ဆေးလိပ်မီးပြာခွက်ထဲမှာလည်း မီးမသေသေးသော
ဆေးလိပ်တစ်ခုရှိနေသည်...မိန်းကလေးသည်..
ဘေးနားက ခုံမှာထိုင်ရင်း
မျက်မှောင်ကျုတ်ကာ စာရွက်ကိုစိုက်ကြည့်နေသော
သက်လတ်ပိုင်းအရွယ် ခပ်ချောချောကောင်လေးအား
တမေ့တမော ငေးသည်...။ဆီသပ်ထားသည့်ဆံပင်အနက်တွေက..
သပ်သပ်ရပ်ရပ် နဖူးအပေါ်ကိုလှန်တင်ထားပြီး
ဆံပင်စတချို့က နဖူးထက်သို့ပြန်ပြီးကော့ညွတ်ကျနေ၏။...။နှာတံထင်းထင်းသည်
သွယ်လျသောမျက်နှာနှင့် ..
လိုက်ဖက်ညီစွာ...စေ့ထားသောနှုတ်ခမ်းတစ်စုံသည်
ဂန္တဝင်ဆန်သော နှင်းဆီပွင့်ချပ်နှစ်ခု
ပေါင်းထားသကဲ့သို့ ...
နီဆွေးမနေသော်လဲ ညို့ယောင်လွမ်းသည်။
သို့သော်..ထိုနှုတ်ခမ်းသည်...
တိကျသေသပ်စွာ လှပမြဲ....ဒီယောက်ကျား၏ခမ်းနားသောသွင်ပြင်ကို
စာဖွဲ့ရင် ဘယ်စာဆိုမှ မှီအောင်ဖွဲ့နိုင်မည်မဟုတ်ချေ...။"မောင်..
ဆေးလိပ်တွေအရမ်းမသောက်နဲ့နော်..
မောင့်နှုတ်ခမ်းတွေ ညိုနေပြီ...""မောင့်ကိုစိတ်ပူပေးတာ ကျေးစူးပါပဲဗျ..
ရှင်း...ပြန်တော့နော်
မောင်မလာဖြစ်လို့အန်တီကိုတော့အားနာပါရဲ့.."