𝐔𝐧𝐢𝐜𝐨𝐝𝐞
အခန်း [7]
"ဟိုနေ့က...."
သဘော်၏ဉီးပိုင်းတွင်...
ဘောင်ကိုလက်နှစ်ဖက်လုံးထောက်ထားကာ..
ရေပြင်ကိုငေးနေသော ဂျန်သည်
သူ့ဘက်လှည့်လာပြီး မေးဆတ်ပြသည်။"ဟိုမိန်းကလေးလေ"
"သြော်...
သူက ကိုယ့်ကိုကြိုက်နေတာ...
ကိုယ့်အဘိုးမဆုံးခင်က သူနဲ့လက်ထပ်ဖို့စီစဉ်ထားကြတာလေ....""..........."
ကောင်မလေးက လှလှလေး။
ဒါပေမဲ့ သူ့ကိုပြောတဲ့စကားတွေသည်
ရုပ်နဲ့မှ မလိုက်.....။
ကင်မ်သည်..သူ့အတွက်ဖြင့်ထိုမိန်းကလေးအား
လက်ပါခဲ့တာကိုတွေးမိတော့
သူ့နှုတ်ခမ်းတွေ ပြုံးမလိုဖြစ်သွားတာကို
မနည်းထိန်းလိုက်ရသည်...။ငါ..ဘာတွေဖြစ်နေတာလဲ.....။
"အရင်တည်းက
ကိုယ်ကရှင်းကိုမချစ်ခဲ့ဘူး...
ဒါကြောင့် ကိုယ်ဘက်ကလက်ထပ်မဲ့ကိစ္စကိုဖျက်လိုက်တာ..အခုကိုယ်လက်ထပ်မဲ့သူကမင်းပဲ...""ဘယ်သူက
ခင်ဗျားကိုလက်ထပ်မယ်ပြောနေလို့လဲ..!!""ကိုယ်မင်းကိုချစ်တယ်လေ...."
"ကျွန်တော်ကမချစ်ဘူး!!"
"မချစ်လဲနေပါ..
တစ်ချိန်ကျ မင်းကိုယ့်ကိုချစ်လာမှာပဲ..""ခင်ဗျားစောက်ရူး..."
ဂျောင်ကုသည် သဘောဉီးပိုင်းကနေ..
အခန်းသို့ ပြန်သွားသည်။
သူအနောက်ကနေ လိုက်သွားတော့သည်။"ကိုယ်ပြောတာနားထောင်အုံး..
ကိုယ်အတည်ပြောနေတာ
မင်းကို တကယ်ချစ်တာပါဗျာ...""အဲ့တာခင်ဗျားကိစ္စ"
"အင်းး ကိုယ့်ကိစ္စဆိုပေမဲ့
မင်းနဲ့ဆိုင်နေတယ်လေ မဟုတ်ဘူးလား...""ကင်မ်ဂျန်..!!
ခင်ဗျားက တကယ်သောက်ရူး.."နံရံကို ဖိကပ်လိုက်ကာ.....
ထိုနှုတ်ခမ်းများကို သူနမ်းသည်။
နှုတ်ခမိးဆီအကြည့်ရောက်မိရင်
သူ့ရင်တွေဗြောင်းဆန်ပြီး
တစ်ခုခုလုပ်ပစ်ချင်တာသူပဲအသိ။
ကြာကြာကြည့်မိရင် အောက်က ဟာသည်..
မဖြစ်စဖူး...မာမာ လာတတ်သည်။