𝐄𝐱𝐭𝐫𝐚

734 95 13
                                    

                             𝐔𝐧𝐢𝐜𝐨𝐝𝐞













ကောင်းကင်ယံတွင်
ဓူဝံကြယ်ပင်ထွက်နေချေပြီ။

သူအခုထိ အိပ်မပျော်သေးပေ။
မျက်လုံးဝိုင်းများကိုလွမ်းသည်။
နှုတ်ခမ်းအောက်ကမှည့်လေးကိုလွမ်းသည်။
ဆံပင်နုနုလေးတွေကိုလွမ်းသည်။

ချစ်ခြင်းတွေနက်ရှိုင်းလွန်းရင်
နှစ်ကာလတွေဟာ ကိန်းဂဏန်းသက်သက်။
အချိန်အကြာကြီးပတ်သက်ခဲ့တာမဟုတ်ပေမဲ့
ရင်ဘတ်ထဲမှာနေရာအပြည့်ယူထားသော
ကောင်လေးတစ်ယောက်ကို
သူသေမတတ်လွမ်းပါသည်။

ဆေးလိပ်ဖွာချင်စိတ်က
တားမရဆီးမရဖြစ်နေပေမဲ့
စိတ်ကိုတင်းထားရသည်။
မြို့ပေါ်ကိုသွားဖို့အတွက်မလွယ်သလို
ဆေးလိပ်ဝယ်ဖို့လဲခက်ခဲသည်။

ဂျပန်တပ်များသည်
နေဝင်ချိန်နီးလာတာနှင့်အမျှ
သွေးရူးသွေးတန်းဖြစ်လာသည်။
ပြောက်ကျားတပ်ဖွဲ့များအား
တောနင်းရှာပြီးသတ်ဖြတ်နေချိန်ကိုလွန်၍
ဂျပန် တပ်များ တပ်ဆုပ်ဖို့စဉ်းစားရချိန်ဖြစ်၏ ။

1994 ခုနှစ်...
September မို့မိုးဉီးကျစအချိန်တွင်။
လေများကတသုန်သုန်တိုက်ခိုက်နေသည်။

"မအိပ်သေးဘူးလား!"

"အိပ်မပျော်ပါဘူးဗျာ"


လရောင်မိန်ပြပြတွင်
ညစ်ညမ်းသောပတ်တီးစည်းကို
သူမြင်နေရသည်။
ဉီးလေးကြီးဆယ်ဂူက
တိုက်ပွဲမှာလက်ထိထားသည်။

"အိမ်ကမိန်းမကိုသတိရလို့လား
ဟုတ်ပါတယ်..အဟားးအဟားး"

မငိုချင်ရင်ရယ်ရမဲ့လောကကြီးမှာ
ရယ်ဖို့ဆုံးဖြတ်ထားသူဖြစ်သည်။
ဉီးလေးကြီးဆယ်ဂူက
ဒီအဖွဲ့ထဲ အသက်အကြီးဆုံး..
လယ်လုပ်နေတဲ့လက်တွေနေရာ
ရိုင်ဖယ်ကိုကိုင်ခဲ့သည်။
အလုပ်ပန်းသလောက်အကျိုးခံစားခွင့်မရသော
တောင်သူတစ်ယောက်၏စိတ်ဓာတ်ကမာကြောသည်။
ကြမ်းတမ်းတဲ့လက်တွေကြားမှာ
ကိုယ့်တိုင်းပြည်ကိုကာကွယ်ဖို့
သတ္တိတွေရှိ၏။

[1926 ခုနှစ်မှစပြီး ကိုးရီးယားရဲ့စီးပွားရေးအခြေအနေ
ကျဆင်းခဲ့သည်။မည်သည့်လုပ်ငန်းမဆို မတန်မရာအခွန်ငွေပေးဆောင်ရ၏။ ]



𝐖𝐡𝐢𝐫𝐥𝐢𝐠𝐢𝐠[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now