You're My ♡4

849 68 5
                                    

ပြတင်းပေါက်နားလက်ကလေးပိုက်ပြီး အင်္ကျီကိုယ်တိုင်းနေတဲ့ ကိုယ့်ကိုကြည့်နေတဲ့ ဒေါက်တာက သူ့အောက်နှုတ်ခမ်းကို လက်မနဲ့ပွတ်လို့နေသည် ။ မျက်လုံးတွေရော စိတ်တွေကပါ ခဏခဏကြည့်မိနေတဲ့ အဲ့လက်မထိပ်ဆီရောက်လို့နေသည် ။ ဘာကြောင့်များ နှုတ်ခမ်းကို ဒီလောက်ပွတ်နေရပါသနည်း ။

" ရပါပြီ "

" ဟုတ်ကဲ့ "

" ပြီးသွားပြီလား "

" အွန် ပြီးပြီ "

" ငါပြန်လိုက်ပို့ပေးရမလား "

" ရတယ် ငါ့မှာကားပါတယ် "

" ဒါဆို ကားနားထိလိုက်ပို့ပေးမယ် "

စကားတွေပြောပြီးထွက်သွားလိုက်တာ ကိုယ့်ကိုနှုတ်ဆက်ခွင့်တောင် သူငယ်ချင်းဖြစ်သူကိုမပေးရှာဘူး ။ ခေါင်းဘေးဘဲညိတ်ပြပြီးထွက်သွားတဲ့အစ်မက ကိုယ့်ကိုအားနာရသလိုကြည့်လို့သွားသည် ။ ကိုယ့်မှာတော့ ဒီအတိုင်းလေးဘဲ ဒေါက်တာ့နောက်ကျောဘက်ကိုငေးပြီးကျန်ရစ်ခဲ့ရသည် ။

👩‍⚕️.....♡

" ငါအခုထိ တစ်ကယ်မယုံနိုင်သေးဘူး ကျူဝီ "

" အကူအညီတောင်းပါတယ် .. သူ့ဘဝအတွက်အမှတ်တရအဖြစ်ဆုံးနေ့အဖြစ်ကျန်ရှိခဲ့စေချင်လို့ ဝတ်စုံလေးကို လှလှလေးချုပ်ပေးပါနော် "

" သတို့သမီးဝတ်စုံဆိုတာ အချိန်တွေအများကြီးယူပြီးချုပ် "

" ငါသိပါတယ် .. အဲ့လိုအချိန်ပေးဖို့ သူ့မှာအချိန်သိပ်မကျန်တော့လို့ပါ "

သူမဘဝမှာ သူမသူငယ်ချင်းဒီလောက်ထိ လောနေတာမျိုးမိုမိုမမြင်ဖူး‌ပေ ။ ဘယ်အရာမှ လွယ်လွယ်မပြုမှုတတ်တဲ့ ကျူဝီ့အကျင့်တွေမှာ ဆာနာဆိုတဲ့မိန်းကလေးအပေါ်  မေတ္တာသက်ဝင်မှုဟာ ဘယ်လောက်အထိရှိလို့နေမလဲ ။

👩‍⚕️.....♡

အခန်းထဲပြန်ရောက်လာတဲ့ ဒေါက်တာက သူ့လက်တွေကို တစ်ခုပေါ်တစ်ခုထပ်ပြီး ကိုယ့်ကိုကြည့်လို့နေသည် ။ အနားကိုတဖြည်းဖြည်းရောက်လာတဲ့ ဒေါက်တာဟာ

" တစ်ကယ်ဘဲ ကျွန်မ သတို့သမီးဝတ်စုံမဝတ်ဖို့လိုတာလား "

ဆိုပြီးမေးလာသည် ။ ကြည့်ရတာ ခုနကအောက်နှုတ်ခမ်းကို လက်မနဲ့ပွတ်နေရခြင်းရဲ့ အကြောင်းအရင်းဖြစ်ဟန်တူပါ၏ ။

You're My Onde histórias criam vida. Descubra agora