ဒေါက်တာ့ရဲ့ ခြေတစ်လှမ်းဆီတိုင်းဟာ ကိုယ့်ရဲ့ရင်ခုန်သံတွေအပေါ် တတ်နင်းလို့နေသလားမှတ်ရတယ် ။ ရင်ခုန်သံတွေမြန်နေပေမဲ့ ဒေါက်တာ့ရဲ့ တီးလုံးညည်းသံနဲ့ကြ သူကတစ်ထပ်ထဲကျလို့နေသည် ။ ဒီလိုအပြုံးမျိုး ဒေါက်တာ့ဆီမှာ မမြင်ဖူးခဲ့ဖူးဘူး ။ စိတ်ထဲကနေ နှစ်နှစ်ကာကာကို မြတ်နိုးမှုတွေနဲ့ပြုံးပြလို့နေသလားဘဲ ။ ကိုယ့်မှာ ဒေါက်တာ့အပြုံးတွေထဲ နစ်မျောလို့နေမိသည် ။ အလိုလိုပြုံးလာမိတဲ့ ကိုယ့်နှုတ်ခမ်းတွေနဲ့ကိုယ့်မျက်ဝန်းတွေဟာ
ဒေါက်တာ ကိုယ့်လက်သူကြွယ်မှာ ရစ်ပတ်ချည်လိုက်တဲ့ ကြိုးတွေရဲ့ လျှောက်လမ်းပေါ်မှာ ပျော်ပျော်ကြီး ကခုန်လို့နေလေသည် ။" ကျွန်မလက်မှာ ပြန်ချည်ပေးအုံးလေ "
" ဟုတ်ကဲ့ "
သူမလက်ထဲက ပန်းစည်းကိုကိုင်ကူပေးဖို့ ကမ်းလာတဲ့ဒေါက်တာ့လက်မှာ လက်ထဲကပန်းစည်းကိုစိတ်ချယုံကြည့်စွာအပ်နှံထားလိုက်သည် ။ ဒေါက်တာ့ရဲ့လက်မှာ ကိုယ့်လက်သူကြွယ်ကတစ်ဆက်ထဲကြိုးနီးကိုဆွဲယူကာ ရစ်ပတ်လို့ချည်နှောင်ပေးနေတုန်း တရားသူကြီးတဖြင့်ဒေါက်တာ့ရဲ့သူငယ်ချင်းဟာ
" ကတိသစ္စာဆိုပြီးမှ လက်စွပ်ဝတ်ကြတဲ့ဟာ .. ဘာလို့နင်တို့က လက်စွပ်ဝတ်ပြီးမှ သစ္စာဆိုကြမှာလဲ ကျူဝီ "
" ဒေါက်တာမသိပါဘူး ဘာလို့ဆိုတာ "
ကြိုးထုံးကိုဖွဖွလေးဘဲ ထုံးလိုက်ပြီး ဒေါက်တာ့ကိုကြည့်တော့ ဒေါက်တာက သူ့သူငယ်ချင်းကို မျက်ခုံးပင့်ပြနေတာ တွေ့လိုက်ရတယ် ။
" ရပြီ .. ပန်းစည်း "
ပန်းစည်းကိုပြန်ယူပြီး ကတိသစ္စာဆိုဖို့အတွက်အသင့်ပြင်လိုက်သည် ။ ကျမ်းစာအုပ်တစ်အုပ်ကိုဖွင့်ပြီး ကျမ်းစာစဖတ်လိုက်သည့် မိုမို ။
👩⚕️.....♡
အခန်းထဲ ကျဲထားတဲ့ ပန်းပွင့်ဖက်တွေကို ဒေါက်တာနဲ့အတူကြည့်ပြီး ထိုင်နေတဲ့ကိုယ့်ကို ရပ်နေတဲ့ဒေါက်တာက
" ဒီကြိုးကို ဘယ်လိုဖြတ်မှာလဲ "
" ဒီမှာ "
ဒေါက်တာ့ကိုဖြန့်ပြလိုက်တဲ့လက်ထဲ ကျောက်ခဲတစ်ခုဟာ ဘွားခနဲပေါ်လို့လာသည် ။ ကျောက်ခဲကိုမြင်လိုက်ရလို့ အံ့ဩသလိုလေးကြည့်လာတဲ့ ဒေါက်တာ့မှာ ဒီအတွက်ကိုယ့်ကိုမေးချင်တဲ့ မေးခွန်းတွေရှိနေပုံပါဘဲ ။
CITEȘTI
You're My