Chapter:1

5.9K 239 22
                                    


[Unicode]

February 19ရက်နေ့ဆိုတာ ဝမ်ရိပေါ်အတွက်ကတော့ အိပ်မက်ဆိုးလို့တောင်ပြောလို့ရတယ်။

စီးပွားရေးအခြေနေတွေကြောင့် မားက ရှောင်းအိမ်တော်က ရှောင်းဦးလေးနဲ့ လက်ထပ်လိုက်ရတဲ့အချိန်မှာ ဝမ်ရိပေါ်က မကန့်ကွက်နိုင်ခဲ့ပေ။

ဒုတိယနှစ်ကျောင်းသားဝမ်ရိပေါ်က ဂျစ်ကန်ကန်နဲ့ ဆိုးသွမ်းနေသလောက် မိဘစိတ်ညစ်ရအောင်မလုပ်တတ်တာတော့အမှန်။

အခုလည်း မားက ရှောင်းဦးလေးနဲ့ ဂျပန်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတော့ အိမ်မှာကျန်ခဲ့တာ ရိပေါ်နဲ့ ရှောင်းဦးလေးရဲ့ သားဆိုသူ ရှောင်းကျန့်။

ကျောင်းမှာ စီနီယာ၊ဂျူနီယာ ဆက်ဆံရေး ရှိသင့်သလောက်တောင် မရှိတဲ့ သူနဲ့ရှောင်းကျန့်က တစ်အိမ်တည်းအပြင် တစ်ခန်းတည်းပါ တူတူနေရမယ်ဆိုတဲ့ ရှောင်းဦးလေးနဲ့ မားရဲ့ စကားကြောင့် စိတ်ပျက်မိတယ်။

သူတို့နှစ်ယောက်လက်ထပ်တာလား မားနဲ့ရှောင်းဦးလေး လက်ထပ်လိုက်တာလားတောင် မသဲကွဲ။

ထောင့်မကျိုးတဲ့ရှောင်းကျန့်ကို သူက ကြည့်မရသလို ရှောင်းကျန့်ကလည်း သူ့ကို ကြည့်မရတာ အသေချာပဲ။

မားတို့မရှိတဲ့အချိန် အခန်းခွဲနေဖို့ ရှောင်းကျန့်နဲ့ညှိကြည့်ဖို့ပဲတွေးထားလိုက်တယ်။
မနက်ကတည်းက ဟိုသွားလိုက်ဒီသွားလိုက် လုပ်နေရတာမို့ နုံးနေတဲ့စိတ်တွေကြည်သွားအောင် ရေချိုးခန်းဝင်လိုက်တာပဲကောင်းတယ်။

"အာ....ရှောင်းကျန့် ခင်ဗျားရောက်နေတာလား"

ရေချိုးခန်းက ပြန်ထွက်လာတော့ ကုတင်ပေါ်ထိုင်ပြီး ဖုန်းကြည့်နေတဲ့‌ ရှောင်းကျန့်ကိုတွေ့တာကြောင့် အသံပြုလိုက်တော့ မျက်လုံးသာ လှန်ကြည့်ပြီး ဘာမှမတုံ့ပြန်တဲ့ရှောင်းကျန့်။

"ကိုယ်က မင်းထက် နှစ်နှစ်တောင်ကြီးတယ် ဝမ်ရိပေါ်။
ခင်ဗျားလို့ခေါ်တာ ရိုင်းစိုင်းနေတယ်ဆိုတာ မင်းမသိဘူးလား"

"ဒါဆို ကျွန်တော်က ကိုကိုရေ ကိုကိုဆိုပြီး ခေါ်နေရမှာလား"

My Step Bro Is MineWhere stories live. Discover now