Chapter:2

3.2K 202 7
                                    

[Unicode]

“ကိုယ်မင်းအတွက် ကျောင်းမှာ ခွင့်လှမ်းတိုင်ပေးထားတယ်။
ပြီးတော့ ဆန်ပြုတ်ပြုတ်ပေးထားတယ် အဲ့တာသောက်ပြီး ဆေးပါတစ်ခါတည်းသောက်လိုက် ဝမ်ရိပေါ်”

ရိပေါ်နိုးလာမဲ့ အချိန်ကို စောင့်နေပုံရတဲ့ ရှောင်းကျန့်က ခွင့်တိုင်ပေးထားတဲ့အကြောင်းပြောကာ ဆေးသောက်ဖို့ပါပြောလာတာကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။

ခန္ဓာကိုယ်က သန့်ရှင်းနေပုံအရ ရှောင်းကျန့် သန့်ရှင်းရေး လုပ်ပေးထားတာပဲဖြစ်ရမယ်။

“ကိုယ် ကျောင်းသွားမလို့ မင်းဘာစားချင်လဲ ကိုယ်လမ်းကြုံရင် ဝင်ဝယ်လာပေးမယ်”

“မလိုဘူး! ”

“အိုခေ ဒါဆို ကိုယ်သွားပြီ”

စောက်ရေးမပါလိုက်တာ ဝယ်တာတောင် လမ်းကြုံဝယ်ပေးမယ်တဲ့။

ဆန်ပြုတ်မသောက်ဘဲ ဆေးကိုသာ ယူသောက်ပြီး ဂိမ်းဆော့နေလိုက်သည်။

နာ‌ရီကြည့်လိုက်တော့ ကျောင်းနေ့တစ်ပိုင်းတက်လို့ အချိန်မှီနေသေးတာကြောင့် ကျောင်းသွားဖို့သာ ပြင်လိုက်သည်။

နုံးနေပေမဲ့ ကျောင်းသွားတာကမှ အိမ်မှာနေရတာထက် သက်သာအုံးမယ်။

ကျောင်းရောက်တော့ ဟိုသကောင့်သားကို ကျောင်းအနှံ့ပတ်ရှာရတာ စောက်လုပ်တစ်ခု။

လမ်းလျှောက်ရတာမှ အဆင်မပြေပါဘူးဆို မအေဘေးလေးက ဘယ်မှာ အလေလိုက်နေမှန်းမသိ။

နောက်ဆုံးတော့ စီနီယာကျိရန်တို့အဆောင်ရှေ့မှာ တဝဲလည်လည်လုပ်နေတဲ့ ဟောက်ရွှမ်းကိုတွေ့တာနဲ့ ဂုတ်ပိုးကို အားပါပါဖြတ်ရိုက်လိုက်တယ်။

“မင်းခွင့်တိုင်ထားလို့ ငါအတန်းလစ်လာတာပါကွာ။ဖြေးဖြေးသက်သာရိုက်ပါဟ”

နာသွားတဲ့ဂုတ်ကို ပွတ်ပြီးရှုံ့မဲ့မဲ့ပြောလာတဲ့ကောင်ကို တစ်စက်မှ မသနား။
ဖြစ်နိုင်ရင် ထပ်တောင်ရိုက်ချင်သေးတယ်။

“မင်းက ဖွန်ကြောင်ဖို့ပဲသိတာလေ။အခုချိန်ဝင်နေတဲ့ဘာသာရပ်ကို မင်းက စောက်ရမ်းကျွမ်းကျင်လို့ လစ်လာတာလား”

My Step Bro Is MineWhere stories live. Discover now