[Unicode]
"ကျန့်ကော.....clubသွားမလို့ လိုက်မှာလား"
"မလိုက်ဘူး! သွားရင်လည်း စောစောစီးစီးပြန်လာ မူးပြီးမှောက်နေလို့ လာခေါ်ပါဆိုတဲ့ အသံတွေမကြားချင်ဘူး ဝမ်ရိပေါ်"
"သိပါတယ်! အာဏာကလည်းပြလိုက်တာ ရှောင်းပါးပါးတောင် အဲ့လောက်အာဏာမပြဘူး"
ဝမ်ရိပေါ်က တကယ့်လူလည်ကောင်....
ပါးက ဖုန်းဆက်ပြီး ရှောင်းကျန့်ဘာတွေလုပ်နေလဲမေးရင် အတန်းလစ်တယ်၊သူ့ကိုအာဏာပြတယ်ဆိုပြီး အကုန်ပြန်တိုင်တယ်။အရင်က ရှောင်းဦးလေးလို့ခေါ်တာတောင် အခုကျ ရှောင်းပါးပါး ရှောင်းပါးပါးနဲ့ ပါးရဲ့အသည်းကျော်လုပ်နေတာ။
သူ့ကိုလည်း ကိုကိုမခေါ်ချင်တာနဲ့ ကျန့်ကောတဲ့။
အဲ့နာမ်စားကို ဘယ်သူကမှမခေါ်ဘဲ သူတစ်ယောက်ပဲခေါ်တာဘာညာက ရွှီးသေးတာ။အဲ့လိုတွေပြောနေလို့ ဝမ်ရိပေါ်ကို ချစ်စရာကလေးငယ်လေးလို့ မထင်လိုက်နဲ့။
တစ်လမှာရက်သုံးဆယ်က ရှောင်းကျန့်နဲ့သတ်နေရတာ။
အရင်လောက်ကြီး မဆိုးတော့ပေမဲ့ အခုလည်း သတ်ရမြဲ၊ရန်ဖြစ်ရမြဲပဲ။အပြင်မှာရန်ဖြစ်လာရင်တော့ ဘယ်ကောင်တွေက ကျွန်တော့်ကို ဘယ်လိုပြောတာ အဲ့ဒါ ကောလိုက်ခဲ့ပေးဆိုပြီး လူမိုက်က လာငှားသေးတာ။
ဂျစ်ကန်ကန်နဲ့ဆိုးသွမ်းနေလိုက်ပုံများ ထိန်းမနိုင်သိမ်းမရ။
ကိုယ်က ဝမ်မားမားကို ပြန်မတိုင်ရက်လို့သာ ချော့တစ်ခါခြောက်တစ်လှည့်ပြောနေတာကို သူက ပါးနဲ့က ကိုင်ပေါက်သေးတယ်။ရေချိုးပြီး ညစာစားဖို့ပြင်ရသေးသည်။
အတူတူနေလာတာ လပိုင်းလောက်ကြာလာတော့ ဝမ်ရိပေါ်ဘယ်လောက်ချေးများတယ်ဆိုတာသိလားပြီး သူကြိုက်မယ်ထင်တာကိုပဲ ပြင်ပေးရသည်။အန်တီရှိပေမဲ့ ဆရာသမားက တအားချေးများတော့ အန်တီ့ကို အားနာလို့ ကိုယ်တိုင်သာ ချက်ပြုတ်နေရတယ်။
ချက်ပြုတ်ပြီး နောက်တစ်ခေါက်ရေပြန်ချိုးလိုက်သည်။အပူငွေ့တွေရော ဟင်းနံ့ပေါင်းစုံနဲ့မို့ ရေက ချိုးကို ချိုးရမယ်။
![](https://img.wattpad.com/cover/302082717-288-k171442.jpg)
YOU ARE READING
My Step Bro Is Mine
Фанфик"ရိပေါ် မင်းက ကိုယ့်အပိုင်!! " Xiao Zhan " ခင်ဗျားက တကယ် နမ်းလို့ကောင်းတယ်" Wang Yibo