[Unicode]
ဆရာဝန်တွေကတော့ ပုစွန်Allergicက အရသာပါရုံလောက်ပဲမို့လို့ အရမ်းမဆိုးတာဖြစ်ကြောင်းနဲ့ နောက်ဆို လုံးဝမစားမိအောင် သတိထားဖို့မှာသွားတယ်။
တစ်ခြားသူဆို မတည့်တာကို စားလို့ငေါက်သွားမှာဆိုပေမဲ့ အခုက ရှောင်းအိမ်တော်က ရှောင်းသခင်လေးနဲ့ ဝမ်သခင်လေးဆိုတော့လည်း ဘာမှပြောမရဘဲ ဆောင်ရန်ရှောင်ရန်လောက်သာ ပြောပြီး ပြန်သွားကြခြင်း။
ဝမ်ရိပေါ်နိုးမလာခင် အိမ်ပြန်ပြီး ဆန်ပြုတ်နဲ့ အဝတ်စားတစ်ချို့ ပြန်ယူရအုံးမည်။
တကယ်ပဲ ဒီကောင်လေး အလုပ်သိပ်ရှုပ်တာပဲ။
“အန်တီ! ဆန်ပြုတ်လေးနဲ့ စွပ်ပြုတ်လေးလုပ်ပေးထားပါအုံး။ကျွန်တော် အဝတ်စားတစ်ချို့သွားယူမလို့။ပြီးတော့ အိမ်တံခါးတွေ သေချာပိတ်ပြီး အန်တီ ဒီမှာပဲ အိပ်လိုက်ပါ။ကျွန်တော်က ဝမ်ရိပေါ်ကို စောင့်ပေးရင်း အဲ့မှာပဲ အိပ်လိုက်တော့မယ်”
“သခင်လေး အဆင်မပြေရင် ကျွန်မ စောင့်ပေးရမလား”
“ရတယ်။ကျွန်တော်ပြောထားတာလေးပဲ မြန်မြန်လုပ်ပေးပါ”
“ဟုတ်ကဲ့ပါ သခင်လေး”
ငြီးစိစိဖြစ်နေတဲ့စိတ်တွေ နည်းနည်းလန်းသွားအောင် ရေပါတစ်ခါတည်းချိုးလိုက်သည်။
ရေချိုးပြီးတာနဲ့ သူ့အတွက် အဝတ်စားနည်းနည်းနဲ့ ဝမ်ရိပေါ်အတွက် ညအိပ်ဝတ်တစ်စုံရယ် ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့ ဝတ်စုံရယ် ရွေးပြီးယူလိုက်တယ်။
ပြီးတာနဲ့ အောက်ထပ်ဆင်းပြီး လိုအပ်တာယူကာ ဆေးရုံကို ပြေးရပြန်တယ်။
ရှောင်းကျန့်ဆေးရုံရောက်တာတောင် ရိပေါ်က အိပ်မောကျနေဆဲမို့ ရိပေါ်ကုတင်ဘေးက ခုံမှာထိုင်ပြီး ရိပေါ်နိုးလာမဲ့အချိန်ကိုသာ ထိုင်စောင့်နေလိုက်သည်။
ဆေးပိုက်တန်းလန်းနဲ့ အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်မျက်နှာက ပုံမှန်ထက်ပိုပြီး အရောင်ဖျော့နေတာတော့အမှန်။
အိပ်နေတဲ့ကလေးကို ကြည့်ပြီး သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားလာရသည်။

YOU ARE READING
My Step Bro Is Mine
Fanfiction"ရိပေါ် မင်းက ကိုယ့်အပိုင်!! " Xiao Zhan " ခင်ဗျားက တကယ် နမ်းလို့ကောင်းတယ်" Wang Yibo