Chapter 15

680 31 1
                                    

ညနေခင်းအချိန်ကပို့လိုက်သောမက်ဆေ့ခ်ျကြောင့် ည၉နာရီလောက်မှWang Yiboအူယားဖားယားရောက်ချလာလေသည်။ ဆေးရုံကနေကားဖြင့်၁၀မိနစ်မောင်းရသောအကွာအဝေးကို Wang Yiboကဆိုင်ကယ်စီးပြီး၅မိနစ်အတွင်းအရောက်လာခဲ့သည်။ Wang Yiboအိမ်ထဲဝင်လာလာချင်း ဗလာကျင်းနေသောအိမ်ခန်းကိုကြည့်ပြီးနောက် ဘေးမှာရပ်နေသည့်Xiao Zhanကိုမေးလိုက်သည်။

" အထုပ်အပိုးတွေကော မနက်ဖြန်မှရောက်မှာလား။ "

Xiao Zhanကပင် Wang Yiboကိုထူးဆန်းသည့်အကြည့်ဖြင့်ပြန်ကြည့်လိုက်သေးသည်။

" ဒါအကုန်ပဲလေ။မနက်ဖြန်မှအိပ်ယာခင်းနဲ့ခေါင်းအုံးတချို့ဝယ်မှာ။ မီးဖိုချောင်သုံးပစ္စည်းတွေက အရင်ကတည်းက၀ယ်ပြီးသား။ "

အပြင်ပန်းမှာတော့သန့်သန့်ပြန့်ပြန့် စည်းစနစ်ကြီးတဲ့ဆရာဝန်တစ်ယောက်က အိမ်နဲ့မတူတဲ့အိမ်အလွတ်မှာဖြစ်သလိုနေထိုင်တတ်သူတဲ့။ သူ့ထက်စကေးကြမ်းတဲ့Xiao Zhanကို Wang Yiboစိတ်ထဲကနေဆရာတင်လိုက်ရသည်။

" အဆင်ပြေတဲ့နေရာမှာထိုင်ကွာ။ "

" အော် အင်းအင်း စီနီယာXiaoကျွန်တော်လာရင်းနဲ့လမ်းမှာမုန့်တချို့ဝယ်လာတယ်။"

" ကျေးဇူး "

Wang Yibo၀ယ်လာတဲ့မုန့်ထုပ်ကို Xiao Zhanယူလိုက်ပြီးနောက် မီးဖိုချောင်ဟုဆိုလို့ရမည့်အခန်းထောင့်ချိုးဘက်ထွက်သွားလေသည်။ကော်ဇောတစ်ချပ်သာခင်းကျင်းထားသောဧည့်ခန်းနေရာမှာ ထိုင်စရာဆိုလို့ဘာမှကိုမရှိ။ ကော်ဇောပေါ်မှာပဲထိုင်ချလိုက်ပြီး မီးဖိုချောင်မှာတခုခုချက်ပြုတ်နေတဲ့Xiao Zhanဆီ အကြည့်ရောက်သွားသည်။ အေပရွန်အနီဝတ်ထားသောXiao Zhan ကောင်တာကိုရင်ဘတ်နဲ့မှီကာ ခြေထောက်တစ်ချောင်းပေါ်တစ်ချောင်းချိတ်ကာချက်ပြုတ်နေ၏။ ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကို တိုးတိုးလေးညည်းဆိုနေပြီး ခေါင်းကိုစည်းချက်နဲ့အညီယိမ်းနေသည်။ တမင်လုပ်စရာမလိုသောအပြုအမူတွေက ခိုးကြည့်နေသောWang Yiboကို ပြုံးမိသွားစေသည်။

" စီနီယာဘာချက်နေတာလဲ။ "

" ကြက်သားမြူစွမ်နဲ့မာလာအကင်။ မင်းကြိုက်မယ်မျှော်လင့်တယ်။ "

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Feb 20, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

Echo of a Heartbeat ( နှလုံးသားရဲ့ပဲ့တင်သံ )Nơi câu chuyện tồn tại. Hãy khám phá bây giờ