Chapter 12

1.2K 128 8
                                    

Xiao Zhan သူ့အဖေကို ကားထဲအထိပြန်လိုက်ပို့ပြီးနောက် ကားကဆေးရုံဝင်းထဲကနေ ထွက်သွားတဲ့အထိ ရပ်ကြည့်နေမိသည်။ အပြင်မှာရာသီဥတုပူပေမယ့် Xiao Zhanရဲ့သောကက ပိုပူတာပေါ့။ သူဆေးရုံထဲပြန်ဝင်လာတဲ့အချိန် လူနာတင်ကားတစ်စီး အရေးပေါ်ဌာနရှေ့ကို ရောက်ချလာသည်။ လူနာတင်ယာဉ်ထဲကနေ ကုတ်အဖြူဝတ်ထားတဲ့ Wang Yiboအရင်ဆင်းလာပြီး လူနာတင်တွန်းလှည်းပေါ်ကသူကို စကားတွေမေးကာ အကူအညီနဲ့အောက်ချလိုက်သည်။

" Xi Bao မင်းသတိထားဦး ငါတို့ဆေးရုံရောက်လာပြီလေ "

လူနာတင်တွန်းလှည်းပေါ်ကသူတစ်ကိုယ်လုံး သွေးတွေလွှမ်းနေပြီး သူ့ရဲ့ခြေထောက်၂ဖက်စလုံး သိသိသာသာ အရိုးကျိုးနေတာကို Xiao Zhan သတိထားမိသည်။ တွန်းလှည်းက Xiao Zhanဘေးကနေကပ်ဖြတ်သွားချိန် Wang Yiboနဲ့Xiao Zhanအကြည့်ချင်းဆုံလိုက်သည်။ Wang Yibo အကြည့်လွှဲကာ လူနာလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း စကားဆက်ပြောသွားလေသည်။ Xiao Zhan အနောက်ကနေလိုက်လာပြီး လူနာကိုကြည့်ဖို့ပြင်သည်။

" သွေးဖိအားနဲ့နှလုံးခုန်နှုန်းက ? "
" ၉၀အထက်နဲ့ ၁၁၀ပါ "
" IVတပ်မယ် သွေးစစ်ပြီး ချက်ချင်း X-Rayရိုက်ပေးပါ "
" ဟုတ်ကဲ့ ဒေါက်တာXiao "

အားလုံးရှုပ်ထွေးနေတဲ့အချိန် Wang Yibo ထိန့်လန့်စွာ လူနာဘေးမှာရပ်ကြည့်နေသည်။ Xiao Zhan ဆေးမှတ်တမ်းမှာစာရင်းသွင်းရင်း Wang Yiboကို လှမ်းဟောက်သည်။

" Yibo ဘာလုပ်နေတာလဲ အရိုးအကြောဌာနကနေ ဆရာဝန်တစ်ယောက်ကို ပြေးခေါ်လိုက်။ ကြုံတုန်း ဦးနှောက်နဲ့အာရုံကြောဌာနက ဒေါက်တာShenကိုပါ ဆွဲခေါ်လာခဲ့။ "
" ဟုတ် ....စီနီယာXiao "

Wang Yiboက လူငယ်ပီပီခြေသွက်စွာ ပြေးသွားလေသည်။ သူထွက်သွားတော့ လူနာကိုXiao Zhan စစ်ဆေးတော့ အဓိကနေရာအတော်များများမှာ ပြင်းထန်တဲ့ဒဏ်ရာတွေရထားတာတွေ့သည်။ ဦးခေါင်းကွဲထားတာမို့ သွေးတွေအဆက်မပြတ်ကျနေကာ သွေးအမြောက်အများ ဆုံးရှုံးထားသည်။ ၅မိနစ်လောက်နေတော့ ဆရာဝန်၂ယောက်နဲ့Wang Yiboပြန်ရောက်လာခဲ့သည်။ ဒေါက်တာShenက လူနာရဲ့ဦးခေါင်းကသွေးတိတ်အောင်လုပ်နေတုန်း အရိုးအကြောဆရာဝန်က Xiao Zhanနဲ့ဆွေးနွေးသည်။ နောက်၅မိနစ်အတွင်းမှာ လူနာShockရနေပြီး စကားအမေးအဖြေလုပ်လို့မရတော့ဘူး။ ဒေါက်တာShenက Xiao Zhanကြားအောင်လှမ်းပြောသည်။

Echo of a Heartbeat ( နှလုံးသားရဲ့ပဲ့တင်သံ )Donde viven las historias. Descúbrelo ahora