"အား!!! ခေါင်းမူးလိုက်တာ.. ဟမ်!
လခွမ်း.. ဒါငါ့အခန်းလည်းမဟုတ်ပါဘူး. ဘယ်သူ့အခန်းကြီးလဲ?"
Zhang Zhehan တစ်ယောက်နိုးနိုးချင်းတွေ့လိုက်ရတဲ့အခန်းအပြင်အဆင်ကြောင့် တော်တော်စိတ်ရှုပ်သွားတယ်။
** ရှေးခေတ်အသုံးအဆောင်တွေနဲ့ပါလား။ အခန်းပိုင်ရှင်ကဘယ်ကောင်လဲမသိဘူး? ဒါနဲ့နေစမ်းပါအုံး ငါကလှေကားပေါ်ကနေပြုတ်ကျလာတာလေ.. ငါ့အမေကော.. အမေ ဟုတ်တယ် ငါ့အမေ.**
" အမားရေ အမား.."
"ဦးရီးတော် သတိရလာပြီလား?!"
" Fuck!! မင်း မင်း မင်း !! မင်းဘယ်သူလဲ ဘယ်လိုလုပ်ဒီအခန်းရှေ့ရောက်နေတာလဲ?"
"ဦးရီးတော် ကျွန်တော့ကို မမှတ်မိတော့တာလားဗျ။"
"ဦး~~ ဦးရီးတော်.. ဘယ်ကဦးရီးတော်လဲ? ငါ့နာမည် Zhang Zhehan မင်းခေါ်နေတဲ့ဦးရီးတော်ဆိုတာ ငါမဟုတ်ဘူး.. ခဏလေး ဒီအခန်းပိုင်ရှင်ကိုသွားခေါ်လာခဲ့ ပြီးတော့ ငါ့အမားကိုခေါ်ပေး.. "
မင်ရိတစ်ယောက် သူ့ရှေ့ကဦးရီးတော်ကိုကြည့်ပြီး မျက်ရည်တွေဝဲကာ ချုံးပွဲချငိုတော့တယ်။
"အမလေး အဖြစ်ဆိုးရချည်ရဲ့ ဦးရီးတော်ရယ်.. လုပ်ကြံခံရလို့အတိတ်များမေ့သွားတာလား? ရွှတ်~~"
"မင်း ဘာတွေပြောနေတာလဲ?"
"ဦးရီးတော်ကျွန်တော့်ကိုမမှတ်မိဘူးလားဟင် ကျွန်တော်က ဦးရီးတော်ရဲ့."
"တော်တန်တိတ် ဟေ့ကောင် တော်တော့ ဦးရီးတော်တွေ မရီးတော်တွေ ငါမသိချင်ဘူး သိလည်းမသိဘူး ငါ့အမားကိုသာရှာပေး"
မင်ရိတစ်ယောက် ဦးရီးတော်ကဒေါသတကြီးနှင့်စကားဖြတ်ပြောလာသောကြောင့် အူကြောင်ကြောင်ပင်ဖြစ်သွားလေရဲ့။
"ဦးရီးတော် ခဏစောင့်ပါဦး.. အခန်းပြင်မထွက်ပါနဲ့နော်။ ကျွန်တော် အရှင်မင်းကြီးကိုအကျိုးအကြောင်းရှင်းပြပြီး သမားတော်သွားပင့်လာခဲ့ပါမယ်။ ခဏစောင့်ပါဦးရီးတော်"
"ကျစ်!! ဘာတွေလဲကွာ ရုပ်ရှင်လာရိုက်နေတာလား? ဖယ် ဖယ် ငါ့အမားကိုသွားရှာရမယ်."
အခန်းပြင်ထွက်ဖို့ခြေလှမ်းလှမ်းနေတဲ့ဦးရီးတော်ကြောင့် မင်ရိခေါင်းကြီးသွားရတယ်။
ဟုတ်တယ်လေ လုပ်ကြံသူဘယ်သူမှန်းမဖော်ထုတ်နိုင်သေးတဲ့အပြင် ဒီလို ကိုယ့်ကိုကိုယ်တောင်မကာကွယ်နိုင်တဲ့အထိအားနည်းနေတဲ့ခန္ဓာကိုယ်နဲ့ ပြီးတော့ အတိတ်မေ့သွားသလိုလို ဘာလိုလို၊ ကြားထဲ သူနားမလည်တဲ့စကားတွေလည်းပြောနေသေးတယ်။
ဒီလိုပုံစံနဲ့ ဦးရီးတော်ကို သူဘယ်လိုမှစိတ်မချနိုင်ပေါင်။
" ဦးရီးတော် ကျေးဇူးပြုပြီး အခန်းထဲမှာပဲနေပေးပါဗျာ။ ကျွန်တော်ခဏလေးအတွင်းပြန်လာခဲ့မှာပါ"
"ဟေ့ကောင် ဖယ် ဖယ် ငါ့အမားကိုသွားရှာပါမယ်ဆို ဖယ်!!"
တံခါးပေါက်ကြီးကို ကန့်လန့်ပိတ်ထားတဲ့ သူ့အရှေ့က ထူးထူးဆန်းဆန်းဝတ်ထားတဲ့လူကြောင့် Zhang Zhehan တစ်ယောက် တော်တော်စိတ်ရှုပ်နေပြီဖြစ်တယ်။
**လူကို ဦးရီးတော် ဦးရီးတော်နဲ့ ငါ့နာမည် Zhang Zhehan ပါဆိုတာကို ပြီးတော့ ငါ့အမားကိုရှာရပါမယ်ဆိုတာကို အခန်းထဲကမထွက်နဲ့တဲ့လေ.. Zhang Zhehan ဆိုတဲ့လူကလေ မလုပ်နဲ့ပြောရင် ပိုလုပ်ချင်တာ. ဒင်း ငါ့အကြောင်းကောင်းကောင်းသိစေရမယ်**
" ဟေ့လူ ဟိုမှာ ကောင်းကင်ကိုကြည့်လိုက် လေယာဉ်ပျံကြီးတွေ့လား"
မင်ရိတစ်ယောက် ဦးရီးတော်က ကောင်းကင်ကိုညွှန်ပြီး သူနားမလည်တဲ့စကားလုံးကိုပြောနေတော့ ဘာများလဲဆိုပြီးကြည့်လိုက်တာ..
အမလေး ဒီဦးရီးတော်နဲ့တော့ မင်ရိသွေးတက်ချင်ပါတယ်.
လူကိုလှည့်ပြီး ထွက်ပြေးသွားတယ်။
"ဦးရီးတော် ဦးရီးတော်"မင်ရိတစ်ယောက်ကတော့
**ကဲ.. မင်ရိ ဦးရီးတော်ကို မိအောင်လိုက်ပေတော့.. ** ဆိုပြီး ကိုယ့်ကိုကိုယ်အားပေးစကားပြောပြီး ဦးရီးတော်နောက်ကိုပြေးလိုက်တော့တယ်။Zhang Zhehanတစ်ယောက် သူနည်းနည်းလေးပဲပြေးရသေးတာကို တော်တော်မောနေသလိုခံစားမိတယ်။
မင်ရိတစ်ယောက် ဦးရီးတော်ကိုသိပ်တောင်မရှာလိုက်ရဘူး မက်မွန်ပင်အောက်မှာ အမောဆို့နေတဲ့ ဦးရီးတောိကိုတွေ့တော့ သေချင်းစိတ်ပေါက်သွားတယ်။ ဟုတ်တယ်လေ ခင်ဗျားတို့စဉ်းစားကြည့်.. တော်ကြာ လုပ်ကြံခံရတဲ့ဦးရီးတော်ကို အသက်နဲ့ရင်းပြီးစောင့်ရှောက်ဖို့ အရှင်မင်းကြီးကမိန့်ထားတာလေ.. ဦးရီးတော်တခုခုပြန်ဖြစ်ကြည့် အရင်ဆုံးနတ်ပြည်ကြွရမှာက ဟောဒီက မင်ရိလေး။
"ဦးရီးတော် ဦးရီးတော် သတိထားပါအုံး..!!"
မင်ရိတစ်ယောက် မက်မွန်ပင်အောက်ရောက်တော့ ဖြူဖပ်နေတဲ့ခန္ဓာကိုယ်နဲ့ သတိမေ့နေတဲ့ဦးရီးတော်ကြောင့် ဗျာများသွားတယ်။
မေ့လဲနေတော့ဦးရီးတော်ကိုပွေ့ပြီး သမားတော်အရင်ပင့်ဖို့စီစဉ်ရတော့တယ်။ ပြီးတာနဲ့ မင်းကြီးဆီ အကျိုးအကြောင်းတင်ပြဖို့ပြေးရဦးမယ်လေ။19.2.22 (Sat)
By/Xiao Tian(小甜)
Words - 797(A/N; ဒီအပိုင်းတိုသွားတာ သိပါတယ်ဗျာ.. အချိန်မရတဲ့ကြားထဲကရေးထားရတာမို့လို့ပါ.. နောက်အပိုင်းကိုတော့ ဒီထက်ရှည်အောင်ရေးပေးပါ့မယ် ✿ ♡‿♡ )
YOU ARE READING
At the time of Gardenia blossoms [栀子花盛开的时候]
FanfictionUnicode Zhang Zhehan-လခွမ်းး!! ဘယ်လိုဖြစ်လို့အဲ့ကောင်က ငါ့တူတော်ဖြစ်နေတာတုန်း!!! စစ်စတန် မင်း ဒီကိစ္စကိုခုချက်ချင်းလာရှင်း! System-အဲ့တာကျွန်တော်နဲ့မဆိုင်ပါဘူး Host အထက်ကလူကြီးတွေနဲ့ဆိုင်တာပါ Zhang Zhehan-မင်းတော့သွားပြီ သေဖို့သာပြင် သောက်စစ်စတန်စု...