လျိုဘုရင်မင်းဆက်တစ်လျှောက်လုံးမှာ အရက်စက်ဆုံး အင်အားအကြီးဆုံး အချောမောဆုံးသောဧကရာဇ်
"လျိုချန်လုံ"က ပုန်ကန်သူဖြစ်သောဦးရီးတော်ကို လက်ဆက်ခဲ့တဲ့အပြင် ဧကရီအဖြစ်ပါတင်မြှောက်ခဲ့တယ်
ဦးရီးတော်...
ထိုသူက ယောင်္ကျားလေးဖြစ်လျက်နဲ့ လှပတယ်။ ယောင်္ကျားလေးတစ်ယောက်ကိုလှပတယ်လို့မသုံးနှုန်းသင့်ပေမယ့် ဦးရီးတော်ရဲ့ရုပ်ရည်ကတော့ ချောမောခန့်ညားခြင်းထက် လှပမှုက ပိုများနေတယ်တဲ့လေ..
မွေးရာပါဆံနွယ်ဖြူတွေ၊ အမြဲတစေတလက်လက်တောက်ပနေသောမျက်လုံးဝိုင်းလေးတွေ၊ ပြုံးမယောင်နှုတ်ခမ်းပါးလေးနဲ့ ဖြူဝင်းတဲ့အသားအရည်၊ အာ... ပြီးတော့ လှပပြီးသွယ်လျနေတဲ့လက်ချောင်းတွေ၊ မိန်းကလေးတွေလို ကောက်ကြောင်းနဲ့လှပတဲ့ခန္ဓာကိုယ်တော့မဟုတ်ပေမယ့် သေးသွယ်နေတဲ့ခါးလေးကလည်း ဆီးနှင်းရောင်ဝတ်ရုံတော်အောက်မှာ ပေါ်လွင်နေပြန်သတဲ့။ ကဲ..ကြည့်! ဒီလိုအလှလေးကို ဧကရာဇ်က မြတ်နိုးပြီး ဧကရီအရာမြောက်တာ မထူးဆန်းဘူးမလား? ဒါပေါ့.. မထူးဆန်းဘူးလေ။📌 Pic crd to Pinterest and ownerပါနော်. ဒီပုံလေးကိုPinterestကယူလာတာပါ သုံးလို့ရရဲ့လားမသိဘူး တကယ်လို့မရဘူးဆိုရင်လာပြောပါနော်♡ 📌
ဒါပေမယ့် ဧကရာဇ်က အကြောင်းအရာတခုကြောင့် ဧကရီကိုဂရုမစိုက်ပဲ အနောက်နန်းဆောင်မှာပစ်ထားခဲ့တယ်တဲ့။ ဧကရာဇ်ကိုယ်တိုင်က ဂရုမစိုက်တော့ တခြားမိဖုရား၊ ကိုယ်လုပ်တော်တွေက ဧကရီကိုဘယ်လေးစားတော့မလဲ? ပြီးတော့ ပုန်ကန်သူဖြစ်ခဲ့တာလေ!! အနောက်နန်းဆောင်မှာဖြစ်ပျက်နေတာတွေကို ဧကရာဇ်ကသိပေမယ့် လစ်လျူရှုထားခဲ့တယ်.. နှစ်တွေကြာပြီးနောက်မှာ ဧကရီက အဆိပ်သောက်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတယ်။ ဧကရီရဲ့ဈာပနပွဲကိုတောင် ဧကရာဇ်ကမတက်ရောက်ခဲ့ပါဘူးတဲ့..
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အဓိပ္ပာယ်မရှိလိုက်တဲ့ ဝတ္ထု!!. ဘယ်ကောင်က ဒီလောက်စုတ်ပြတ်နေတဲ့ဝတ္ထုကိုရေးလိုက်တာလဲ? ဧကရာဇ်က ဧကရီကို ဘာလို့ပစ်ထားလဲဆိုတာလည်းမရေးသွားဘူး မြှုပ်ကွက်ချည်းပဲ.. အဲ့လိုရေးမယ်ဆိုအစတည်းက ရေးမနေနဲ့ နွားရဲ့.. ဘာမှပြီးပြည့်စုံမှုကိုမရှိဘူး အလကား.. ဝတ္ထုအစုတ်အပြတ်"
ကျန်းအိမ်တော်ရဲ့ တစ်ဦ်းတည်းသောသားလေးကတော့ အခန်းထဲမှာ ဝတ္ထုဖတ်ပြီးသောင်းကျန်းနေလေရဲ့။
YOU ARE READING
At the time of Gardenia blossoms [栀子花盛开的时候]
Fiksi PenggemarUnicode Zhang Zhehan-လခွမ်းး!! ဘယ်လိုဖြစ်လို့အဲ့ကောင်က ငါ့တူတော်ဖြစ်နေတာတုန်း!!! စစ်စတန် မင်း ဒီကိစ္စကိုခုချက်ချင်းလာရှင်း! System-အဲ့တာကျွန်တော်နဲ့မဆိုင်ပါဘူး Host အထက်ကလူကြီးတွေနဲ့ဆိုင်တာပါ Zhang Zhehan-မင်းတော့သွားပြီ သေဖို့သာပြင် သောက်စစ်စတန်စု...