အပိုင်း(၃)Unicode♡

91 9 1
                                    

Zhehan တစ်ယောက် သတိရလာတာနဲ့ပတ်ပတ်လည်ကိုကြည့်လိုက်တော့ အဆုံးအစမရှိတဲ့ အပြာနုရောင်လွင်ပြင်ကိုတွေ့လိုက်ရတယ်။
*Fuck! ငါ ကောင်းမှုကုသိုလ်အလုပ်များပြီး နတ်ပြည်ရောက်လာတာဖြစ်ရမယ် ဘာပဲဖြစ်ဖြစ် မိန်းမမရပဲသေသွားတာထက်စာရင် ခုနတ်ပြည်မှာ နတ်သမီးတစ်ယောက်ရလည်းမဆိုးပါဘူးလေ*
ကိုယ့်အတွေးနဲ့ကိုယ်သာယာနေရုံရှိ‌သေး.. ဘယ်ကပေါ်လာမှန်းမသိတာအဖြူလုံးလိုလို၊ အပြာလုံးလိုလိုနဲ့ကစကားလာပြောတယ်လေ
"အဟမ်း..Host မင်္ဂလာပါ. ကျွန်‌တော်က Host နဲ့အတူ တာဝန်ထမ်းဆောင်မယ့် System001 ဖြစ်ပါတယ်"
"လခွမ်း..! မင်း မင်း မင်း လူလားသရဲလား.. ဘယ်ကနေပြောနေတာလဲ?"
System လေးခင်ဗျာ သူ့ Host ရဲ့ အသံဆိုးကြီးကြောင့် လန့်ဖြတ်သွားတယ်.
ဟုတ်တယ်လေ နှစ်ယောက်တည်းရှိနေတာကို ဇွတ်အော်နေတဲ့ Host ကြောင့် ဟောဒီက System လေးကလန့်တာပေါ့လို့..
System လည်းအသည်းငယ်တတ်တာပေါ့လို့!
"Host ရေ အောက်ကိုတစ်ချက်လောက်ငုံ့ကြည့်လိုက်ပါလား"
"ဟမ်.. ဘာ~ဘာ~ဘာကြီးလဲ မင်းက စကားလည်းပြောတတ်သေးတယ် ပြီးတော့ အမွှေးတွေနဲ့ အဖြူရောင်လိုလိုအပြာရောင်လိုလိုနဲ့ လုံးလုံးကြီး ဘယကြီးလဲမင်းက"
"ခုနက ကျွန်တော်Hostကိုပြောတယ်လေ Host နဲ့အတူတာဝန်ထမ်းဆောင်မယ့် System 001ပါဆို"
"တာဝန် ဘာတာဝန်လဲ?"
"ဒီလိုပါ Host.. Hostရဲ့ကမ္ဘာအစစ်မှာ Hostက မသေသေးပါဘူး ကိုမာဝင်နေတဲ့အခြေအနေပါ.. အမှန်တော့ Host သေတော့မယ့်အချိန်မှာ လူတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် Host ကိုအသက်ပြန်ရှင်နိုင်ဖို့အခွင့်အရေးပေးဖို့ကို Lord God ကဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာအစစ်ကိုပြန်သွားနိုင်ဖို့ Host က ဝတ္ထုတစ်ပုဒ်ရဲ့ဇာတ်ကြောင်းကိုပြောင်းနိုင်မှဖြစ်မှာပါ။ Host အတွက် သိပ်မခက်ခဲအောင် ကျွန်တော်က Host ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ကိုရွေးထားပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့အတောအတွင်းလိုအပ်တဲ့အကူအညီတွေကို ကျွန်တော့်ဆီထမ်းဆောင်နိုင်ပါတယ်။"
"ငါ.. ငါဒါကိုမလုပ်လို့မရဘူးလား?"
"ရပါတယ် ဒါပေမယ့်မလုပ်ရင်Hostအသက်ကိုဆုံးရှုံးရပါမယ် ကမ္ဘာအစစ်မှာ Host သေသွားမှာပါ."
"အင်း.. ကောင်းပြီ ဒါဆိုငါလုပ်မယ်.."

System မှာတော့ သူ့ Host ရဲ့အပြောင်းအလဲမြန်ပုံကိုကြည့်ပြီးအံ့ဩနေတော့တယ်။ ဟုတ်တယ်လေ ခုဏကပဲ အာဗြဲကြီးနဲ့အော်ထားတဲ့သူက ခုကျ စကားကိုတည်တည်ငြိမ်ငြိမ်နဲ့ပြောနေတယ် မလန့်ပဲနေမလား ခင်ဗျားတို့စဉ်းစားကြည့်လေ။

"ဒါနဲ့ ခုဏက မင်းပြောတာ လူတစ်ယောက်ရဲ့ဆုတောင်းကြောင့်ဆိုတာဘာအဓိပ္ပာယ်လဲ?"
"အာ အဲ့တာက Host ကိုမသေစေချင်တဲ့သူတစ်ယောက်က Lord Godကို သူ့ရဲ့ဝိဉာဉ်နဲ့အပေးအယူလုပ်ပြီး Host ကိုအသက်ပြန်ရှင်စေချင်တာပါ။ တကယ်လို့ Host သာငြင်းမယ်ဆိုရင်တော့ Host လည်းသေမှာဖြစ်သလို အဲ့ဒီလူလည်း ကျွန်တော့်လို System  ဘဝနဲ့ပဲ ထာဝရနေသွားရမှာပါ လူပြန်ဖြစ်ခွင့်မရှိတော့ပါဘူး"
"အင်း.. အဲ့တာဆိုငါဘာတွေလုပ်ရမလဲပြောပြ"
"ဟုတ် Host.. ဒါနဲ့ အဲ့ဒီလူကဘယ်သူလဲဆိုတာ Host မသိချင်ဘူးလား?"
"ငါ့ကမ္ဘာအစစ်ကိုပြန်သွားရင်သိရမှာပဲလေ မင်းကိုမေးလည်း ပြောပြမှာမို့လို့လား! ဟမ့်"
System ခမျာ အပြောင်းအလဲမြန်တဲ့ Host ကြောင့်နောက်တခေါက်နင်သွားရရှာတယ်။
*စကားအကောင်းပြောနေတုန်းထဖောက်ပြန်ပြီ ငါ့ Host ကစိတ်မမှန်ရှာဘူး*
"အမလေး ဟုတ်ပါပြီHostရဲ့ .. ဒါဆို ကျွန်တော်Hostအတွက်ရွေးချယ်ထားတဲ့ ဝတ္ထုနာမည်ကိုပြောပြပါမယ် ဝတ္ထုနာမည်က နန်းထက်ကတော်ဝင်နှင်းဆီပါခင်ဗျ"
"အော်.. အင်း.. ဘာ~ဘာ!! နန်းထက်ကတော်ဝင်နှင်းဆီ.. သောက် System စုတ်မင်းသေဖို့သာပြင်ထားတော့"
System မှာလည်း သူ့Hostကိုလုပ်ရမယ့်တာဝန်တွေပြောမလို့ပဲရှိသေး ဒေါသတကြီးတုံ့ပြန်လာတဲ့ ကျေးဇူးရှင် Host ကြောင့်
"ပို့ဆောင်မှုစတင်နေပါပြီ 1 2 3 4...100"
*ဟူးး တော်သေးတာပေါ့ ခုနနေသူသတိရလာမှအကြောင်းစုံရှင်းပြတာပေါ့၊ ဟမ်.. နေပါအုံး..ငါ့ကိုဆက်သွယ်ချင်ရင်စိတ်ထဲကနေပဲဆက်သွယ်လို့ရတာ်ဆိုတာ Host ကိုမပြောလိုက်ရဘူး လခွမ်း!*

13.3.22(Sun)

By/Xiao Tian(小甜)
Words_749

At the time of Gardenia blossoms [栀子花盛开的时候]Where stories live. Discover now