Chapter 1.2

70 11 1
                                    

Unicode

Tang Cuo သည် လမ်းပေါ်တွင် ရုတ်တရက် သေခဲ့သည်။ ထို့ကြောင့် သူ ကစားပွဲကို အောင်ရန် ကျရှုံးခဲ့သည်။ သူရဲ့ ၂၄နှစ်တာ ဘဝက ရှင်သန်ခြင်း ကစားပွဲတစ်ခုလား? သူတစ်ဦးတည်း အတွက်လား ဒါမှမဟုတ် လူတိုင်းအတွက်လား?

ဤနာရီဝက်၏ အတွေ့အကြုံမှာ အလွန် မယုံကြည်နိုင်ဖွယ် ကောင်းပြီး Tang Cuo ကိုယ်တိုင်တောင် မည်သည့် သုံးသပ်ချက်တစ်ခုမှ မလုပ်နိုင်ခဲ့ပေ။ ဤအချိန်တွင် သူ့အနောက်က လူသစ်ဆိုသည့် ကြောက်ရွံ့မှုနှင့် ဖိအားရှိနေသည့် Chi Yan က မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးမလေးကို ချော့နေခဲ့သည်။

"ဟုတ်ပြီ!"

ရုတ်တရက် သူ ကောင်းမွန်သော အကြံတစ်ခု ရခဲ့သည်။ သူ၏ ညအိပ်ဝတ်စုံ ခေါင်းစွပ်ကို လက်လှမ်းလိုက်ကာ ၎င်းကို ဖြဲလိုက်သည်။ "ဝှီး" ဆိုသည့် အသံနှင့်အတူ သူ့အကင်္ျီ၏ အနောက်ဘက်တွင် ပွင့်နေသည့် နေရာအကြီးကြီး ပေါ်လာခဲ့သည်။

အနားရှိ လူများသည် သူ့ဆီသို့ ထူးဆန်းသည့် အကြည့်များ ပစ်လွှတ်ခဲ့သည်။ သူ ကြောက်လန့်ကာ ရူးသွပ်သွားပြီး သူ့ခေါင်းမှာ တစ်ခုခု ဖြစ်သွားသည်ဟု တွေးနေကြသည်။ တစ်ဖက်က ကောင်လေးမှာတော့ ပျော်ရွှင်စွာဖြင့် ကလေးမလေး၏ ခေါင်းပေါ်သို့ အစိမ်းရောင် ဒိုင်နိုဆောဦးထုပ်လေးကို စွပ်ပေးလိုက်သည်။

"ရှူးးးး ငါမင်းကို ဒါပေးဝတ်ထားမယ် ၊ ညဘက်မှာ တော်တော်အေးတယ်လေ"

ကလေးမလေးမှာ ကြောင်ကာ အေးခဲသွားခဲ့သည်။ သူမ၏ ပြောင်နေသော ခေါင်းလေးကို ဆုပ်ကိုင်ထားပြီး ပြန်ဖြေရန် အပြည့်အဝ မေ့နေခဲ့သည်။ အခြားသူများတွင်လည်း တူညီသော တုံ့ပြန်မှု​တစ်ခု ရှှိနေခဲ့သည်။ သူတို့မှာ အံ့ဩမှုနှင့် ကြည့်နေခဲ့ပြီး မည်သည်ကိုမှ မပြောဘဲ တစ်ဖက်သို့ လှည့်လိုက်ကြသည်။ လူအချို့မှာ စိတ်ရှုပ်ထွေးပြီး စိတ်ပျက်နေကြသည် ၊ အချို့မှာ တုံ့ဆိုင်းနေပြီး အချို့မှာ စိတ်ပျက်အားလျော့နေကာ အချို့မှာ Chi Yan ၏ လုပ်ရပ်မှ နှစ်သိမ့်မှုလေးတစ်ခု ရသွားပုံ ပေါ်ကြသည်။

ကြင်နာမှု အပြုအမူလေးတစ်ခုက အမှောင်ထဲရှိ ပိုးစုန်းကြူးလေးများကဲ့သို့ လူများအား အနည်းငယ် ခံစားရ ပိုကောင်းအောင် အကူအညီ ပေးခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Aug 28, 2022 ⏰

Add this story to your Library to get notified about new parts!

ရှင်သန်ခြင်း၏ စမ်းသပ်ကစားပွဲWhere stories live. Discover now