အပိုင်း ( ၄၆ )

6K 318 60
                                    





သုံးနှစ်ခန့်ကြာလေသော်

မကွေးတိုင်း၊ အောင်ရွှေပင်မြို့မှ အရှိန်ဖြင့် မောင်းနှင်လာသော အနက်ရောင် ကားလေးတစ်စီးသည် အောင်ရွှေပင်မြို့မှ အဝေးပြေးကားလမ်းအတိုင်း မြို့အပြင်သို့ မောင်းလာပြီး မြို့အပြင်ဘက် ရောက်သည်နှင့် ယာခင်းတွေ ခြံရံနေသော လမ်းဖြူးဖြူးလေးအတိုင်း မောင်းလာခဲ့သည်။ ယခု ‌ကား‌မောင်းနေသည့် လမ်းဘေး၌ ယာခင်းစိမ်းစိမ်းကြီးများကို မြင်နေရ၍ ရင်ထဲ၌ ဝမ်းနည်းသလိုလိူ ဝမ်းသာသလိုလို ခံစားလာရသည်။ မကြာခင် အရမ်းလွမ်းရသည့် မန်ကျီးတန်းရွာကလေးသို့ ရောက်တော့မည်။ ယခုအချိန်၌ စိတ်နှလုံးကို ထိန်းချုပ်၍ မရ။ ရင်တွေ အရမ်း တလှပ်လှပ် ခုန်ပေါက်နေကာ ကတုန်ကရီ ဖြစ်နေတော့၏။

" စံလေး လမ်းတွေ ကောင်းသွားပြီ မြင်လား။ ကိုယ်တို့ ရွာမရောက်တဲ့ အချိန် ( ၃ ) နှစ်အတွင်း တော်တော်ပြောင်းလဲသွားခဲ့ပြီ။ "

ကားမောင်းနေရင်း ပြောလာသည့် ခင်ပွန်းဖြစ်သူ၏ စကားကို ခေါင်းညိမ့်ရုံပဲ တုံ့ပြန်နိုင်ခဲ့ပါသည်။ ထိုသူပြောသည့်အတိုင်းပင် လွန်ခဲ့သည့် သုံးနှစ်လောက်က မြေနီလမ်းဖြူးဖြူးကလေး ဖြစ်ခဲ့ဖူးသော သည်လမ်းကလေးသည် ယခုဆို ကျောက်ခင်းလမ်းမကြီး ဖြစ်နေပါပြီ။ အဝေးပြေးလမ်း‌မတွေလိုမျိုး ညီညီညာညာ၊ ပြန့်ပြန့်ပြူပြူး ဖြစ်မနေသော်ငြား ကားမောင်းရတာ သက်သောင့်သက်သာနှင့် ချောချောမွေ့မွေ့ ရှိလှပါ၏။ ဘေးနားက စံစံ၏ ချစ်ရသူ၊ ခင်ပွန်း နေဘုန်းမြင့်ကတော့ လမ်းတည့်တည့်ကို ကြည့်ကာ ကားမောင်းနေသည်။ နေဘုန်းမြင့်က လွန်ခဲ့သည့် သုံးနှစ်ကအတိုင်း ချောမောနေဆဲ၊ ခန့်ညားနေဆဲပင်။

ချစ်ရသူကို ကြည့်ပြီးနောက် ရင်ခွင်ထဲ ကြည့်မိတော့ မိမိအား အတင်းဖက်ကာ အသက်ရှူသံ မှန်မှန်ဖြင့် အိပ်ပျော်နေသော မြတ်နိုးရလွန်းသည့် ကလေးလေးကို မြင်ရလေသည်။ ထိုကလေးလေးက အသက်နှစ်နှစ်လောက်ရှိကာ အသားဖြူဖြူ ပါးဖောင်းဖောင်းနှင့် ချစ်စရာကောင်းလှပါသည်။ မွေးကတည်းက ချစ်မွှေးပါလာသည်မလို့ မြင်သူတကာ၏ ချစ်ခင်မှုကို ခံရလေသည်။

အချစ်ရှိရာ [Completed]Where stories live. Discover now