အပိုင်း ( ၉ )

8.3K 610 94
                                    

ယခု ပထမဆုံးအကြိမ်အဖြစ် နေဘုန်းမြင့်၏ အိမ်ထဲသို့ ရောက်ဖူးပါပြီ။ မနေ့က လူတွေ ရှုပ်နေ၍ အိမ်ထဲသို့ မဝင်ဖြစ်ခဲ့။ သည်အိမ်ကြီးက သက်ထားခင်တို့ အိမ်ထက် ပိုကြီး၊ ပိုကျယ်ကာ အထပ်နှစ်ထပ်ရှိသည်။ အိမ်အောက်ထပ်ကတော့ မြေပြင်နှင့် တစ်တန်းထဲ သက်ထားခင်တို့ အိမ်လို သမံသလင်းခင်းမထားပဲ ကြွေပြားအဖြူရောင်တွေ အပြည့်ခင်းထားသည်။ အိမ်အပေါ်ထပ်က ကျွန်းသားသက်သက်ဆောက်ထားပြီး အိမ်အောက်ထပ်မှာ အုတ်တွေဖြင့် ကာရံထားသည်။ ကျန်တာတွေကတော့ သက်ထားခင်တို့ အိမ်အတိုင်း လက်ရာမြောက်စွာ ဆောက်ထားသည်။

နေဘုန်းမြင့်နှင့် စံစံတို့သည် အိမ်ပေါ်သို့ ရောက်ရန် အိမ်အောက်ထပ်ကနေ ကျွန်းလှေကားကြီးအတိုင်းတက်ရပါသည်။‌ နေ့အချိန် ဖြစ်ပေမယ့်လည်း အိမ်အပေါ်ထပ်မှာ လူ သိပ်မနေတာကြောင့် ပြတင်းပေါက်တွေ အကုန် ပိတ်ထားကာ မှောင်မဲနေသည်။ နေဘုန်းမြင့် အိပ်သည့် အခန်းထဲမှာတော့ ပြတင်းပေါက်တွေ ဖွင့်ထားတာကြောင့် လင်းထိန်နေပါ၏။ နေဘုန်းမြင့်က ယောက်ျားလေးဆိုပေမယ့် သူ့အိပ်ခန်းက သပ်သပ်ရပ်ရပ်။ စောင်တွေ ခေါင်းအုံးတွေကလည်း ရှုပ်ဖွမနေပဲ သေသေချာချာ အထပ်လိုက် ခေါက်တင်ထားပုံကို ကြည့်ခြင်းအားဖြင့် နေဘုန်းမြင့်၏ အကျင့်စရိုက်ကို ခန့်မှန်းလို့ရ၏။

" ယောက်ဖ မနက်စာ အိမ်မှာ ဘာစားလာသေးလဲ ... "

နေဘုန်းမြင့်က အိပ်ယာကုတင်ဘေး ကြမ်းပြင်ပေါ်မှာ တင်ပျဥ်ခွေထိုင်ကာ သနပ်ခါးသွေးနေရင်း သူဘေးနားမှာ ဆောင့်ကြောင့်လေးထိုင်လျက် သနပ်‌ခါးသွေးတာကို ‌ငုံ့ကြည့်နေသည့် စံစံကို မေးလိုက်ခြင်းဖြစ်၏။ နေဘုန်းမြင့်က သူကိုယ်တိုင် သနပ်ခါးမကြိုက်ပေမယ့် သနပ်ခါးလိမ်းသည့် လူတိုင်းကို သဘောကျသည်၊ နှစ်သက်သည်။ ယခု သနပ်ခါးသွေးနေသည့် ကျောက်ပြင်ကလည်း ခုနကမှ အိမ်အောက်ထပ်က အမေ့ဆီသွားယူထားခြင်းပင် ဖြစ်၏။

" ဟုတ် အိမ်မှာ မုန့်ဟင်းခါး စားလာတာ ... "

‌စံစံလည်း သနပ်ခါးသွေးနေသည့် နေဘုန်းမြင့်ကို ငေးကြည့်ရင်း ပြန်ဖြေလေသည်။ သနပ်ခါးသွေးနေသည့် နေဘုန်းမြင့်က ယခုထိ အင်္ကျီမဝတ်ရသေး။ ရေလဲပုဆိုးဝတ်လျက်ဖြင့်သာ။ သနပ်ခါးသွေးလိုက်တိုင်း ဖုထစ်လာသည့် သွေးကြောစိမ်းစိမ်းတွေနှင့် လက်မောင်းကြွက်သားများက အထင်းသား။

အချစ်ရှိရာ [Completed]Onde histórias criam vida. Descubra agora