အပိုင်း ၂၈

1.3K 168 12
                                    

Uni

ဒါဆို သူမလှေနံနှစ်ဖက်နင်းနေတာမဟုတ်ဘူးပေါ့?

ည ၁၁း၀၀ နာရီတွင် Starlight Plaza က မီးရောင်တွေ တောက်ပနေသေး၏။  ပလာဇာတွင် ခရစ္စမတ်ပွဲကျင်းပနေသည့် လူအုပ်ကြီးက အားတက်သရောဖြင့် အော်ဟစ်နေကြဆဲဖြစ်ပြီး တာဝန်ကျ လုံခြုံရေးအစောင့်များနှင့် ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေး အရာရှိများက မျက်ခုံးတွေပင့်နေကြသည်။

သူ့အနားမှာလမ်းလျှောက်ရင်း ကျိန်းယန်က သူမရဲ့ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး ဟယ်ရှို့ကိုမေကးလိုက်တယ်။ “ဒါရိုက်တာဟယ် ကျွန်မကိုဘာပြောစရာရှိလို့လဲ?”

သူမရဲ့စကားကိုကြားတော့ ဟယ်ရှို့ ပြုံးလာ၏။  သူတစ်ချိန်လုံးသယ်လာတဲ့ စက္ကူအိတ်ကို လွှဲပေးရင်း  “Merry Christmasပါ ” လို့ပြောလိုက်တယ်။

ကျိန်းယန်က ကမ်းလာသော စက္ကူအိတ်ကို မဝံ့မရဲ ကိုင်ကာ အထဲသို့ ကြည့်လိုက်သည်။   “ဒါက အချိုပွဲဆိုင်က Red velvet cake ပဲ!”

“အွန်း ပြီးခဲ့တုန်းက မင်း ယုကျီ ရဲ့ကိတ်မုန့်စားချင်တယ်လို့ မပြောခဲ့ဘူးလား?”

“ ပြောခဲ့တယ်လေ!”ကျိန်းယန် ကိတ်မုန့်ကို ဂရုတစိုက်ကိုင်ရင်း မျက်လုံးတွေက ဘလင်းဘလင်းဖြစ်နေတယ်။ “အရမ်းလှတာပဲ။ ဒါက UK စတိုးကနေ ကန့်သတ်ထုတ်ထားတဲ့ ခရစ္စမတ်Red velvet cakeလေ ဒါကို ရဖို့ အရမ်းခက်တယ်လို့ကျွန်မ ကြားထားတာ ”

ဟယ်ရှို့ က “ ကျွန်တော့်မှာ သူတို့ရဲ့ မုန့်ဖုတ်တဲ့စားဖိုမှူးတစ်ယောက် ရှိတယ် သူကကျွန်တော့်ကိုကူညီပြီး ချန်ထားပေးတာ အဲ့လိုနဲ့ကျွန်တော်ရလာတာပေါ့”

“ကျေးဇူးတင်ပါတယ် ဒါရိုက်တာဟယ် ” ကျိန်းယန် အလွန်စိတ်လှုပ်ရှားနေသော်လည်း စျေးနှုန်းမေးဖို့ မမေ့ခဲ့ဘူး။ “ဒီကိတ်မုန့်က စျေးမချိုဘူး မဟုတ်လား? ကျွန်မပြန်ပေးမယ်လေ ”

ဟယ်ရှို့ မနေနိုင်တော့ဘဲ တခစ်ခစ်ရယ်လိုက်၏။  “ဒါက မင်းအတွက် ကျွန်တော့်ရဲ့ ခရစ်စမတ်လက်ဆောင်ပါ။ မင်းဘာလို့ ပြန်ဆပ်ရမှာလဲ? ”

ကျိန်းယန်လည်း ချက်ချင်းပင် ရှက်သွား၏။  “ဒါပေမယ့် ရှင့်အတွက် ကျွန်မ ခရစ္စမတ်လက်ဆောင် မပြင်ထား .......”

ငါ့ရဲ့ကမ္ဘာကြီးက အချစ်မြစ်ထဲကိုကျနေပြီ။(Mm. Trans)(Completed) Where stories live. Discover now