အပိုင်း ၆၇(End)

4K 183 24
                                    

Uni


လင်းကျန့် ၏မိခင် မီးဖိုချောင်ထဲသို့ ဝင်သွားပြီးနောက် ဧည့်ခန်းရှိ လေထုက အနည်းငယ် အဆင်မပြေဖြစ်လာသည်။လင်းကျန့် ချောင်းဆိုးလိုက်ပြီး ထန်ကျန်း ကို တိုးတိုးလေးပြောလိုက်၏ "အဲဒီပစ္စည်းတွေအတွက် ရှင်ဘယ်လောက်သုံးခဲ့လဲ၊ ကျွန်မနောက်ကျပြန်ပေးမယ်"


ထန်ကျန်း ကပြန်ပြောလိုက်သည် "အဲဒါကို ရည်ရွယ်ချက်ကောင်းနဲ့ အန်တီ့ကို လက်ဆောင်ပေးတာ သဘာဝအတိုင်းပဲ၊ နောက်ပြီး ကျွန်တော်ကို ပြန်ပေးမယ်ဆိုတဲ့ မင်းရဲ့ အကြောင်းပြချက်က ကျွန်တော့်ကို အထင်သေးတာလား။"

လင်းကျန့် : "..."

 
ကောင်းပြီ။

စားပွဲတွင် လူ သုံးယောက်သာရှိသော်လည်း လင်းကျန့် ၏အမေက စားပွဲတစ်ခုလုံးကို ဟင်းလျာများဖြင့် ပြည့်စေခဲ့သည်။  ယမန်နေ့က လင်းကျန့် အတွက် ဝက်အူချောင်းများနှင့် ဘေကွန်များအပြင် ချက်ပြုတ်ထားသော ဟင်းပွဲအနည်းငယ်ကိုလည်း ယူဆောင်လာခဲ့သည်။  ထို့ကြောင့် သူမသည် ထန်ကျန်းကို ကျွေးရန် သူတို့၏ မွေးရပ်မြေ အရသာများကို ဖန်တီးခဲ့သည်။  ထမင်းစားနေစဉ်အတွင်း ထန်ကျန်း ၏အသက်၊ အလုပ်၊ လစဉ်ဝင်ငွေနှင့် မိသားစုအခြေအနေများကို ရှင်းရှင်းလင်းလင်းနားလည်ရန် စုံစမ်းမေးမြန်းခဲ့သည်။  လင်းကျန့် နားထောင်နေစဉ် မျက်နှာပျက်သွားသလို ခံစားလိုက်ရသည်။

သို့သော် ထန်ကျန်း မတက်လာမီတွင် သူ့ကိုယ်သူ ကောင်းစွာပြင်ဆင်ထားပြီးဖြစ်သောကြောင့် ယခုတစ်ကြိမ်တွင် လင်းကျန့်မိခင်၏ အမြန်မေးခွန်းထုတ်မှုက သူ့ကို မကြောက်သွားစေပေ ။ လင်းကျန့်မိခင်၏အပြုံးသည် ပို၍တောက်ပလာသဖြင့် ထန်ကျန်း ၏ ရှုထောင့်တိုင်းသည် အလွန်နှစ်သက်ဖွယ်ကောင်းနေပုံရသည်။


ထမင်းစားပြီးနောက် လင်းကျန့် သည် သူ့အမေကိုကူညီပြီး ပန်းကန်များနှင့် အသုံးအဆောင်များကို ရှင်းပေးသည်။  ထန်ကျန်း တစ်ယောက်တည်း ထိုင်နေရတာက အဆင်မပြေတာကြောင့်မို့ ကူညီပေးချင်ခဲ့သည်။  လင်းကျန့် သည် သူ မတ်တပ်ထရပ်တော့မည်ကို မြင်တဲ့အချိန်မှာ သူမ လက်ထဲတွင် ပန်းကန်လုံးတစ်လုံးကို ကိုင်ထားသည်။  သူမ ခေါင်းကို လှည့်ကာ တစ်ချက်ကြည့်လိုက်ပြီး ပြဿနာမလုပ်မိစေဖို့ သတိပေးလိုက်သည်။  ဒါပေမယ့် သူမ လှည့်လိုက်တဲ့အခါမှာ ထန်ကျန်းက ထလာနေမို့ သူတို့  နှုတ်ခမ်းချင်းဆုံမိသွားကြသည် ။

ငါ့ရဲ့ကမ္ဘာကြီးက အချစ်မြစ်ထဲကိုကျနေပြီ။(Mm. Trans)(Completed) Where stories live. Discover now