ဘယ်သူမှသတိမထားမိတဲ့ကမ္ဘာမြေရဲ့တစ်နေရာမှာ
နီလော လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းရှိခဲ့ဖူးတယ်။အဲ့ကျွန်းမှာနေထိုင်တဲ့သူတွေအားလုံးမှာအယူတစ်ခုရှိကြတယ်။ဒါကတော့အသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့အခါလက်တွဲဖော်ရွေးချယ်ရမယ်။လက်တွဲဖော်မရှိတဲ့သူဟာပင်လယ်နဂါးဆီသို့ဆက်သခြင်းခံရမှာဖြစ်လေတယ်။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျွန်းပေါ်မှာရှိကျိန်စာတစ်ခုဖြစ်တယ်လို့ကျွန်းမှာရှိတဲ့သူတိုင်းကလက်ခံထားကြတာဖြစ်တယ်။ဒါပေမယ့် ဒီလိုဆက်သခံရတဲ့သူမရှိတာကြာပြီဖြစ်လေတယ်။အကြောင်းအရင်းကတော့၁၈နှစ်ပြည့်ပြီဆိုတာနဲ့လက်တွဲဖော်ရွေးချယ်ပြီးချက်ချင်းလက်ထပ်ကြလို့ပဲဖြစ်လေတယ်။လီရှန်ဆိုတဲ့ကောင်မလေးမပေါ်လာခင်အထိပေါ့။လီရှန်ကသွက်လက်တက်ကြွပြီးအရမ်းကိုပျော်တတ်တဲ့ကောင်မလေးဖြစ်လေတယ်။ဒါပေမယ့်လီရှန်ကနီလောကျွန်းအုပ်ချုပ်သူအကြီးအကဲရဲ့တရားမဝင်သမီးတစ်ယောက်သက်သက်ပါပဲ။ဒါပေမယ့်လီရှန်ကဘယ်အရာကိုမှစိတ်ထဲထားတတ်သူမဟုတ်ဘဲပျော်ပျော်နေတတ်တဲ့အတွက်လူချစ်လူခင် ပေါများတယ်။လီရှန်အသက် 16 နှစ်ပြည့်တဲ့မွေးနေ့မှာအချစ်ဆိုတဲ့အရာကိုလက်တွေ့သိလာရတော့တယ်။အကြောင်းကတော့ နီလောကျွန်းရဲ့အဓိကအကြီးအကဲဖြစ်တဲ့အကြံပေးအမတ်ကြီးရဲ့သားကပင်လယ်ထဲရွက်လွှင့်ခရီးထွက်ရမှပြန်ရောက်လာတာကနေစတင်တော့လေတယ်။"လီရှန်ရေ!လီရှန်!"
"ဟမ်လာပြီလေ နော်ဇာ။ဘာလို့အထဲမဝင်ပဲအော်ခေါ်နေတာလဲ။"
"ဒီနေ့တစ်မြို့လုံးစည်ကားနေမှာဟ။အမြန်လာ။"လီရှန်ဟာအူကြောင်ကြားဖြစ်နေလေတယ်။သူ့ဘဝတစ်လျှောက်လုံးသူ့အနာဂတ်ကိုပဲအလေးထားပြီးတခြားကိစ္စတွေကိုသိပ်အာရုံမရောက်တာကြောင့်ဖြစ်တယ်။လီရှန်ဟာပျော်ပျော်နေတတ်သူဆိုပေမယ့်ပေါ့ပေါ့ပျက်ပျက်နေသူမဟုတ်ပေ။သူဟာတရားဝင်သမီးတစ်ယောက်မဟုတ်တဲ့အတွက်မိသားစုမှာနေရာရဖို့အတွက်လုံးပန်းနေရသူလည်းဖြစ်တယ်။ဒါကြောင့်နာမည်ကြီးနေတဲ့အကြံပေးအမတ်ကြီးရဲ့သား ချူနယာ ပြန်ရောက်မယ်ဆိုတာကိုစိတ်ထဲမထားမိပေ။ဒါပေမယ့်တစ်ဦးတည်းသောသူငယ်ချင်းနော်ဇာကလာခေါ်သည်လေ။သူလည်းပျော်ပွဲရွှင်ပွဲကြိုက်သူကိုး။သွားကြမယ်။
ချူနယာသည်နီလောကျွန်း၏အကြီးအကဲအဖြစ်လျာထားခြင်းခံရပြီးအလွန်ရေပန်းစားတဲ့လူဖြစ်လေတယ်။ယခုလည်းပင်လယ်ခရီးကိုရွက်လွှင့်ပြီးနီလောကျွန်းတိုးတက်ရေးအတွက်စာပေ၊အစားအသောက်၊နည်းပညာတွေလေ့လာဆည်းပူးလာတာဖြစ်တယ်။ချူနယာရဲ့ဘေးမှာတော့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်။
"ချူနယာကသိပ်ခန့်ညားတာပဲ။"
"ဘေးကချူနယာ့သူငယ်ချင်းတဲ့။"
"ဟယ်ချောလိုက်တာ။"
"မျက်နှာကလည်းတည်လိုက်တော့နော်။"
"အေးစက်စက်အယောင်အဝါတွေနဲ့။"
"ဒါပေမယ့်တော်တော်ချောတာပဲ။"
ဘေးမှလူတွေရဲ့ပြောသံပဲဖြစ်လေတယ်။
"လီရှန်ငေးနေတာရပ်တော့နော်။"
လီရှန်လည်းနော်ဇာ့ခေါ်သံကြားတာနဲ့ငေးနေရာမှသူ့လက်ထဲရောက်နေတဲ့ကြိုဆိုပန်းကို ချူနယာ့ဘေးကတည်ကြည်ပြတ်သားတဲ့မျက်နှာနဲ့အေးစက်စက်အယောင်အဝါတွေထုတ်လွှင့်နေတဲ့ ခါလီ ကိုသွားပေးတယ်။
"ကျေးဇူးပါ။"
ခါလီ့အသံကတော်တော်အေးစက်စက်နိုင်ပေမယ့်ဝတ်ကျေတန်းကျေကျေးဇူးတင်စကားတော့ပြောရှာတယ်။
ချူနယာကမိတ်ဆက်ပေးတယ်။ခါလီကငယ်ငယ်ကတည်းကတစ်ကောင်ကြွက်ဖြစ်ပြအခုလည်းကျွန်းမှာအခြေချဖို့လိုက်လာတာဖြစ်လေတယ်။အကုန်လုံးကလည်းချူနယာနောက်ခံကြီးတဲ့အတွက်ခါလီ့ကိုလည်းတန်းတူဆက်ဆံကြပြီးအလေးပေးကြလေးတယ်။လီရှန်ကလည်းပွင့်လင်းတဲ့သူဖြစ်တဲ့အလျောက် ခါလီ့ကို လက်တွဲဖော်အနေနဲ့ရွေးချင်တယ်ဆိုတဲ့စိတ်ဆန္ဒကို ဖုံးကွယ်မထားလေဘူး။ဒါပေမယ့်လီရှန်ကလူချစ်လူခင်ပေါပေမယ့်ချူနယာနဲ့ကျတော့အဆင့်အတန်းသိပ်ကွာလေတယ်။ဆိုတော့ခါလီနဲ့လည်းတူတူပဲပေါ့အဆင့်အတန်းကွာတယ်။ဒါကြောင့်လူတွေကခါလီဟာတစ်ချိန်ကျရင်အဆင့်အတန်းမြင့်မိန်းမပျိုနဲ့ရမှာပဲဆိုပြီးလီရှန်ရဲ့ခါလီ့ပေါ်ထားတဲ့အချစ်ကိုသိပ်ပြီးအလေးအနက်တွေးမနေကြဘူး။ဒါပေမယ့်ခါလီ့နားမှာလီရှန်ဆိုတဲ့ပုံရိပ်လေးအမြဲရှိနေတာကိုငြင်းမရခဲ့ဘူး။
"ခါလီ၊ဒီနေ့ဘယ်သွားချင်လဲ။"
ခါလီဟာစကားသိပ်နည်းတယ်။တစ်ခွန်းစနှစ်ခွန်းစပဲပြန်ပြောလေ့ရှိတယ်။
"တစ်နေရာရာ။"
ခါလီမကြာခင်နွေဦးရောက်တော့မှာ။အဲ့နေရာမှာ
ဂါဦး ဆိုတဲ့ပန်းတွေပွင့်ရင် အရမ်းလှတယ်။ခါလီကလီရှန့်ကိုမောင်းမထုတ်သလိုလက်ခံကြောင်းလဲမပြခဲ့ပါဘူး။ခါလီတို့ချူနယာတိုအပြင်ထွက်တိုင်း သူငယ်ချင်းတွေကစနောက်လေ့ရှိတယ်။
"လီရှန်ကတော့ခါလီ့အမြီးလေးကြနေတာပဲဟေ့။"
"ခါလီတို့များရုပ်ချောတော့နော်လက်တွဲဖော်တောင်တကူးတကရှာစရာလိုဘူး။"
"တော်ကြာတကယ်လဲလက်ထပ်လိုက်ရအုံးမယ်နော်။ခါလီရေ။ကြည့်လုပ်။"
လီရှန်သိလည်းဒါမျိုးတွေကိုစိတ်ထဲထားတတ်တဲ့လူမဟုတ်တဲ့အတွက် အချိန်တွေကြာသွားလည်း လီရှန့်ပုံရိပ်လေးဟာ ခါလီနားမှာ တတွဲတွဲပါပဲ။
" ခါလီသိလား။ရှန်လေးလေနောက်လဆို၁၈ပြည့်ပြီ။"
"ဝိုး....ခါလီတော့အတည်ယူရတော့မယ်ကွာ။ "
လီရှန်ရောခါလီရောအပြင်လူတွေစကားကိုစိတ်ထဲမထား။
"ဆက်ပြော"
"ခါလီ ရှန်လေးဆယ့်ရှစ်နှစ်ပြည့်ရင်ခါလီနဲ့လက်ထပ်ချင်တယ်။"
"မင်းကိုဘာတွေကဒီလောက်ယုံကြည်ချက်ရှိစေတာလဲ။"
"ခါလီ့နှလုံးသားရဲ့အသံကိုရှန်လေးကြားရလို့ပေါ့။ဟီးဟီး။"
စကားတွေဟာအဆက်အစပ်မရှိပေမယ့်ခါလီရဲ့အခွင့်ထူးခံလူတန်းစားဟာလီရှန်ဖြစ်မှန်းရိပ်မိကြလေတယ်။ ခါလီထမင်းအတူစားသောတစ်ဦးတည်းသောသူဟာလီရှန်ပဲ။ခါလီစိတ်ရှည်ရှည်နဲ့စကားပြန်ပေးပေးတာလဲလီရှန်ပဲ။ခါလီနဲ့အချိန်အများဆုံးကုန်ဆုံးခွင့်ရတာလည်းလီရှန်ပဲဖြစ်လေတယ်။အကုန်လုံးကတော့မနာလိုကြဘူးပေါ့။ခါလီကလက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံတဲ့အပြင်ချုနယာကခါလီ့ကိုနီလောကျွန်းရဲ့အဆင့်အတန်းမြင့်ဘွဲ့ပေးထားတာဖြစ်လေတယ်။ဒါကြောင့်အကုန်လုံးကခါလီ့ရဲ့လက်တွဲဖော်ဖြစ်လိုကြတာပေါ့။ဒါပေမယ့်တစ်နေ့မှာခါလီနဲ့လီဖန်ရဲ့လက်ထပ်ပွဲသတင်းကိုအုပ်ချုပ်သူကတရားဝင်ကြေညာလိုက်တယ်။လီဖန်ကတော့လီရှန်ရဲ့ဖအေတူမအေကွဲညီမဖြစ်လေတယ်။တရားဝင်သမီးတစ်ဦးပေါ့။လူတွေကအံ့အားသင့်သွားကြပေမယ့်ဘာမှထွေထူးလုပ်မနေဘူး။ဒါဟာဖြစ်သင့်တာပဲလေ။ထိုနေ့ကအချိန်မဟုတ်အခါမဟုတ်မိုးသည်းထန်စွာရွာတာလဲပါတယ်။မိုးအရမ်းရွာတော့ကျွန်းရဲ့ သုံးပုံတစ်ပုံလောက်ကိုရေလွှမ်းတဲ့အတွက်ကုန်းမြင့်ပိုင်းအိမ်တွေဆီပြောင်းရွှေ့ပြီး
အပြင်မထွက်ရလေဘူး။ဒါပေမယ့် အဲ့နေ့မှာပဲ လီရှန်ပျောက်သွားတယ်။
1298 words
YOU ARE READING
နီလောမှာကိုယ်မင်းကိုရှာနေပါတယ်။(Completed)
Mistério / Suspenseshort story (own creation)