လီရှန့်ကိုရှာမတွေ့ဘူး။ခါလီရော။ခါလီ့ကိုပြောပေးပါအုံး။ငါတို့အတူဝိုင်းရှာရမယ်။"
ခါလီအုပ်ချုပ်သူကိုလူအင်အားလွှတ်ပေးဖို့သွားတောင်းဆိုတယ်။
အုပ်ချုပ်သူကခါလီ့ကိုသူ့တရားဝင်သမီးလီဖန်နဲ့လက်ထပ်ဖို့အကြပ်ကိုင်လေတယ်။
ခါလီကတောက်လျှောက်ငြင်းလာတာဖြစ်လေတယ်။သူ့နှလုံးသားတဲ့မှာလီရှန်ဆိုတဲ့အမျိုးသမီးလေးရှိနှင့်နေပြီ။သူမ၁၈နှစ်ပြည့်တာနဲ့ဂါဦးပန်းတွေပွင့်တဲ့နေရာမှာလက်ထပ်ကြမယ်။
ဒါပေမယ့် ပိုင်ဖန်နဲ့လက်မထပ်ရင် လီရှန်နဲ့တစ်သက်လုံးမတွေ့ရတော့ဘူးလိုခြိမ်းခြောက်လာခဲ့တယ်။
ကတိပေးတယ်!
ကျွန်းရေတက်တာအန္တရာယ်များလွန်းတယ်။သူမကိုအမြန်ရှာမှရမယ်။
ကတိပေးလိုက်တာနဲ့တပြိုင်နက်လူအင်အားလွှတ်ပေးပြီးလိုက်ရှာကြတယ်။ကျွန်းပေါ်မှာရှိတဲ့တံတားသေးသေးလေးပေါ်ကလီရှန်ကိုခါလီကအရင်ဆုံးရှာတွေ့ခဲ့လေတယ်။
အခုတော့စိတ်ချရလေပြီ။သူအော်ခေါ်မိတယ်
"လီရှန်!!!!"
လီရှန်ကငုတ်တုတ်လေးထိုင်နေတာဖြစ်တယ်။သူခါလီကိုမေးမှဖြစ်မယ်။ဒါ့အခွင့်အရေးပဲ။ခါလီသာသူ့ကိုချစ်တယ်ဆိုလီရှန်ဘယ်လောက်ပဲခက်ခဲပါစေ။ဂရုမစိုက်ဘူး။
"ခါလီ၊ရှန်လေးကိုချစ်လားဟင်။"
"ဟင့်အင်း။"
လီရှန့်ကိုယ်လေးတောင့်တင်းသွားလေ၏။
"ဪဟုတ်တာပေါ့။ရှန်လေးတို့တွေ့တာမကြာသေးတော့လေမချစ်သေးတာဖြစ်နိုင်ပါတယ်။ရှန်လေးမေးခွန်းပြောင်းမေးမယ်နော်။ရှန်လေးကိုသဘောကျလား။ဟင်"
"အဓိပ္ပါယ်မရှိတာတွေလျှောပြောမနေနဲ့။ပြန်မယ်"
"နားလည်ပါပြီ။"
"ဒါဆိုပြန်မယ်။မနက်ဖြန်မင်းရဲ့လက်တွဲဖော်ရွေးပွဲရှိတယ်လေ။ဘာလို့ဒီလောက်တောင်မသိတတ်ရတာလဲ။"
လီရှန်တစ်ချက်ရယ်မိလိုက်၏။ပြီးတော့
"တောင်းပန်ပါတယ်။"ဟုပြောလိုက်သည်။
အသံကတော့ခပ်တိုးတိုး။
ဒီနေ့သည်လီရှန့်ဆယ်ရှစ့်နှစ်ပြည့်ပါတနာရေးပွဲသို့မဟုတ် ပင်လယ်နဂါးဆီသို့ဆက်သခံရမယ့်နေ့။လီရှန်သည်သိပ်မလှဘူးဟုထင်ရသော်လည်းပွဲတက်ဝတ်စုံလေးနှင့်သိပ်ကိုလိုက်ဖက်ပါ၏။ချူနယာနှင့်သူငယ်ချင်းတွေကတော့စနောက်ကြ၏။
"ခါလီ မင်းတော့စိတ်ရှုပ်ရအုံးမယ်။"
ဟုတ်သည်လေ။ခါလီကိုလီဖန်နှင့်အုပ်ချုပ်သူကသဘောတူထားသော်လည်း လီရှန်ကသာ ၁၈ နှစ်အရင်ပြည့်မှာဖြစ်သည့်အတွက် မနက်ဖြန် လက်တွဲဖော်ရွေးပွဲ သို့မဟုတ် ပင်လယ်နဂါးဆီသို့ဆက်သခံရခြင်း ပွဲမှာ လီရှန်က ခါလီကိုရွေးချယ်ပိုင်ခွင့်အပြည့်ရှိသည်။ခါလီ့ဘက်မှငြင်းဆိုပိုင်ခွင့်ရှ်ိသော်ငြားဒါဟာအတော်စနိုးစနောင့်ဖြစ်စရာပင်။ခါလီသည်ဘာမှပြန်မပြောပေ။အေးတိအေးစက်နှင့်သာ။ခါလီသည်လီရှန်သူ့ကိုရွေးချယ်ပါကယူမည်။တခြားတစ် ယောက်ကိုရွေးချယ်လိုက်လျှင်လည်းလီရှန့်ကိုခိုးပြေးပြီးဇာတိမြေကိုပြန်မည်။
"လီရှန်ကုန်းမြေပေါ်သို့တက်ပေးပါ။"
ဒါဟာပွဲကျင်းပပေးနေကြအကြီးအကဲပင်ဖြစ်သည်။အကြီးအကဲသည်မေးခွန်းသုံးခုမေးရမှာဖြစ်ပေတယ်။
၁။မိန်းကလေးတွင်လက်တွဲဖော်ရှိပါသလား။
လက်တွဲဖော်မရှိလျှင်
၂။ဤမိန်းကလေးကိုသဘောကျနေသောသူရှိပါသလား။ရှိလျှင် မိမိအားသဘောကျသူများထဲမှာကိုယ်နှစ်သက်သောသူကိုရွေးချယ်ခွင့်ရှိသည်။ပုံမှန်ပွဲများကဤမျှနှင့်အဆုံးသတ်နေကြသာ။ရွေးချယ်စရာသူမရှိမှသာလျှင်လက်တွဲဖော်ရွေးချယ်သည့်ပွဲမှပင်လယ်နဂါးဆက်သခြင်းပွဲသို့ပြောင်းလဲသွားမှာဖြစ်သည်။သို့သော်နော်လီကျွန်းပေါ်မှလူတစ်ဦးကိုမျှအပါမခံနိုင်သဖြင့်ရွေးချယ်စရာတော့ရှိကျစမြဲပင်။
"လီရှန်၊လက်တွဲဖော်ရှိပါသလား။"
လူအများစုသိခါလီကိုမသိမသာကြည့်မိကြသည်။
လီရှန်ရဲ့အကြည့်ကလည်းခါလီ့ဆီမှာသာ။
"မရှိပါဘူး။"
"ဟာ...။"လူအများအံ့ဩကြကုန်သည်။ခါလီ့မျက်ဝန်းမှာလည်းတစ်ချက်လှုပ်သွားလေသည်။
ဒါဆိုလီရှန့်ကိုသဘောကျသည့်သူများရှိပါသလား။
လီရှန်သည်အသင့်အတင့်ချောမောသည့်အပြင်ဆက်ဆံရေးပြေပြစ်သဖြင့်သဘောကျသည့်လူများရှိပါ၏။
"လီရှန်ရွေးချယ်လို့ရပါပြီ။"
"ရွေးချယ်စရာသူမရှိပါဘူး။"လီရှန်၏ပြောစကားကြောင့်လေထုမှာအလွန်ထိတ်လန့်အံ့ဩဖွယ်ကောင်းသွားရသည်။
"မိန်းကလေးလီရှန်စကားပြောများမှားသလား။" "တစ်သက်လုံးချစ်မြတ်နိုးမည့်လက်တွဲဖော်ကိုရွေးချယ်လို့ရပါပြီ။"
"မရှိပါဘူး။"
အကြီးအကဲမှာတုန်လှုပ်လျက်။ဒါဆိုပင်လယ်ဆီသို့ဆက်သခြင်းခံယူမည်လား။
"ခံယူပါမည်။"
"လီရှန်!"
နော်ဇာ့အော်သံဟာအတိုင်းသား။စိတ်ပူနေသည်အသံလဲစွက်သေး၏။
ပြန်ငြိမ်သက်သွားသောမိုးမှာတဖွဲဖွဲပြန်ကြလာ၏။
လီရှန်သည်လှေပေါ်သို့တက်သွားလေ၏။လူအများစုမှာလည်းတားချင်ပေမယ့်မတားရဲတော့ပေ။ကျိန်စာကိုလည်းကြောက်ရသေး၏။ထိုစဉ်တစ်လျှောက်လုံးငြိမ်နေသောခါလီမှာလှေဆီသို့လျှောက်သွားသည်။တားချိန်မရလိုက်။
"လီရှန်"
ခါလီလက်လှမ်းပေးသဖြင့်လီရှန်ကြောင်သွားသည်။
"ကိုယ့်ရဲ့ကြင်ယာတော်လေး။"
"ကိုယ်မင်းကိုချစ်တာမဟုတ်ပါဘူး။အသက်ထက်ကိုပိုပြီးမြတ်နိုးရတာပါ။"ဟုပြောပြီးသည်နှင့် နဂါးကိုယ်ထည်သို့ပြောင်းကာလီရှန့်ကိုခေါ်ယူသွားလေတော့သည်။နော်လီကျွန်းမှလူများမှာလည်းအံ့ဩတကြီးအမြင်များမှားလေရော့သလား ဟုထင်ချိန်တွင်
နော်လီကျွန်းကျိန်စာပျက်ပြယ်သွားပြီ။
ငါကိုယ်တော်ရဲ့တစ်ဦးတည်းသောကြင်ယာတော်လေးကိုရှာတွေ့ပြီဟူသောခါလီ့အသံကိုနဂါးဟိန်းသံနဲ့အတူကြားလိုက်ရလေတော့သည်။
ရှင်ကျွန်မကိုဘာလို့ငြင်းခဲ့တာလဲ။
"ကိုယ့်ကြင်ယာတော်ကနဂါးကြင်ယာတော်ဖြစ်အတိအလင်းခံယူပြီးမှကိုယ်ကချစ်ခွင့်ပန်ခွင့်ရှိတာ။"
"ဒါဆိုကျွန်မအခုငြင်းမှာကောမကြောက်ဘူးလား။"
"မင်းကကိုယ့်ကိုငြင်းမို့လား။ငြင်းခွင့်မရှိဘူး။ကိုယ့်မှာမင်းကိုရှာနေတာကြာလှနေပြီ။"
လီရှန့်ရယ်သံတိုးတိုးလေးထွက်လာ၏။
''ကျွန်မလည်းရှင့်ကိုအသက်ထက်ပိုပြီးမြတ်နိုးရပါတယ်"
Season-1end
UM
YOU ARE READING
နီလောမှာကိုယ်မင်းကိုရှာနေပါတယ်။(Completed)
Misterio / Suspensoshort story (own creation)