{Unicode } (8.1)
" ဘယ်လို လိင်စိတ် ခံယူ မှုမျိုးလဲ? "
ရှုယုချင်က သူမမောင်လေးဟာ ဂေး ( လိင်တူ နှစ်သက်သူ) တစ်ယောက် ဖြစ်တယ် ဆိုတာ မသိရသေးတာကြောင့် ရုတ်တရက် ပဲ မျက်လုံး ပြူးသွားပါတော့တယ်။
" မင်းက အမျိုးသား တွေကို ကြိုက်တာလား? "
"ဟုတ်တယ်! "
သူ့အမက နိုင်ငံ တကာ စံနှုန်းနဲ့ လိုက်လျော ညီထွေစွာ နေထိုင်တက်တဲ့ သူဖြစ်တာ ကြောင့် သူ့အမကို ပြောပြ လိုက်တယ်။
" အမက အံ့ဩ သွားတာလား ?''
လိင်တူ နှစ်သက်သူ တစ်ဦး ဖြစ်တာက အံ့သြ စရာ မဟုတ်ပါဘူး ။ အမျိုးသား မော်ဒယ်တွေ ကြားမှာ လိင်တူ နှစ်သက်တွေ အများအပြား ရှိတယ် ဆိုတာ သူမသိတယ်။ ဒါပေမယ့် သူမမောင်လေး ရှုပေါ်စု က ဂေးတစ်ယောက် ဖြစ်တယ် ဆိုရင်တော့ အရမ်း အံ့သြ သွားတယ်!
" မင်းက အဖုံးတော် တာပဲကွ ''
ရှုယုချင်ရဲ့ မျက်လုံးထဲမှာတော့ သူမ မောင်လေးက ငြင်သာ သိမ်မွေ့ပြီးတော့ လူမှုဆက်ဆံရေး ကောင်းလေးလေတယ်။ ဘယ်နေရာကနေ အပြစ်ရှာရှာ ရှာလို့မတွေ့ နိုင်တဲ့သူ။ ပြီးတော့ အမျိုးသမီး တိုင်းရဲ့ မျက်လုံးထဲမှာတော့ အကောင်းဆုံး အမျိုးသား ချစ်သူပဲ!
ဒါတောင်မှ သူက ကောင်လေးတွေကို ကြိုက်တယ်တဲ့!
ရုတ်တရက် သူမ မောင်လေးရဲ့ ဖက်ရှင်စတိုင် အသုံးကျမှုဟာ အရောင်လွင့်ပျယ်သွားပြီးတော့ ချက်ချင်း နှစ်လိုမှုကိုပါ ပေါင်းထည့်လိုက်ရတယ်။
ရှုယုချင်က သူမ မိဘတွေ ကိုယ်စား သူမမောင်လေးကို မသေမချင်း ရိုက်ပစ်ရမယ်လို့ တွေးမိတယ် ။ ဘာလို့လဲ ဆိုတော့ သူမမောင်လေးက သူတို့မျိုးရိုး ကိုပျက်အောင် လုပ်နေတာ မလို့ပဲ။
ဒါပေမယ့် လည်း အမတစ်ယောက် ဖြစ်တာကြောင့် သူမ မောင်လေး ရဲ့ ခံယူချက်ကို လေးစားပြီး ထောက်ပံ့ပေး ရမှာပဲလေ။ ရင်ထဲက သိပ်ပြီး အဆင်မပြေပေမယ့် လည်းပေါ့။
" ကျွန်တော်လည်း တွေးမိပါတယ် ''
ရှုပေါ်စုက ပြုံးလိုက်တယ်။ ဒါကို သူ့တစ်ဘဝ လုံး ဖုံးကွယ်ထား ဖို့မ ရည်ရွယ် ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဖုံးထားလို့ မရတော့ဘူးလေ။
VOUS LISEZ
[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)
Roman d'amour'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO - 42 chapters+ 2 Extra ဒီဟာလေးကတော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ရှို့(shou) လေးဟာ သူ့ရဲ့ မကောင်းတဲ့ ex...