[Unicode] (37.1)
" ဒါက မင်းရဲ့အိမ်လား ''
" ဟုတ်တယ် လေ''
သူတို့ ၂ ဦးလုံးက စကားဝိုင်းကို အဆုံးသတ်ပြီး တဲ့နောက်မှာတော့ တစ်ယောက် ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့တွေရဲ့ စိတ်ထဲမှာတော့ အတော်လေး ရှုပ်ထွေးနေကြပေမယ့် မျက်နှာမှာတော့ မဖော်ပြခဲ့ကြပါဘူး။ အခုအခြေအနေမှာ တော့ ၂ ဖက်စလုံးက အရှက်ရဖွယ်လေထုထဲမှာ နစ်မြုပ်လို့နေပါတယ်။ နောက်ဆုံးမှာ တော့ ကျန်းရှုက စတင်ပြီးတော့ ပြောလိုက်တယ်။
" အမက ဘယ်သူ့ကို ရှာနေသလဲ ဆိုတာကို ကျွန်တော် ကိုပြောပြလို့ရမလား?''
မစ္စရှုက စိတ်ထဲက နေ ဘုရားသခင်ကို တလိုက်မိကာ သူမအရှေ့က မောင်ငယ်လေးကို ကြည့်လိုက်ပြီးမှ မျက်လွှာချကာ ပြောလိုက်တယ် ။
" မျိုးရိုး ရှု ၊ နာမည်က ရှုပေါ်စု ။ မင်းသူ့ကိုသိသလား?''
ရှုပေါ်စုကို ရှာနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့ ကျန်းရှုရဲ့ စိတ်ထဲမှာ မီးတောင်တွေ အဆင့်ဆင့်ပေါက်ကွဲလို့ သွားရှာပါပြီ။
ငါက သူ့ကို သိတာပေါ့.....။
သိတာထက်ကို ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့....။
" သူက ဒီနေရာမှာ နေတာလေ''
ကျန်းရှုဟာ သူ့အရှေ့က အမျိုးသမီး ရဲ့ ကိုယ်ရေးအချက်အလက်ကို အနည်းငယ် တော့ခန့်မှန်းမိခဲ့ပါတယ်။
" ရှုပေါ်စု နဲ့ အမတို့က ဘာတော် ကြတာလဲဟင်?''
" ငါက သူ့အမေလေ''
သူမသားက ထိုအိမ်မှာနေတယ် ဆိုတဲ့ အတည်ပြု ချက်ကို ရပြီးတဲ့နောက်မှာ မစ္စရှု အနေနဲ့ အရှေ့က ကောင်လေးက သိပ်ပြီးတော့ မလွယ်ကူဘူးလို့ ခံစားမိတယ် ။ သူမ အရမ်းကို စိတ်မသက်မသာ ဖြစ်နေမိတယ်။
" ဒီအိမ်က မင်းရဲ့ အိမ်လို့ပြောတယ်နော် ။ ဒီတော့ မင်းတို့က အတူနေကြတာလား?''
ထိုမေးခွန်း ကြောင့် ကျန်းရှုစိတ်ထဲ ရှုပ်ထွေးသွားတယ်။ ရှုပေါ်စု အမေက အခုသူ့ရှေ့ကို လျောက်လာပြီးတော့ မေနေပြီ။ သူ့မှာငြင်းဆန်စရာ နည်းလမ်းပေါင်း ထောင်ကျော်ရှိနေပေမယ့်လည်း သူလုံးဝကို မငြင်းဆန်ချင်တော့ဘူး။
VOCÊ ESTÁ LENDO
[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)
Romance'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO - 42 chapters+ 2 Extra ဒီဟာလေးကတော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ရှို့(shou) လေးဟာ သူ့ရဲ့ မကောင်းတဲ့ ex...