တနဂ်နွေနေ့ နံနက်ခင်းတစ်ခု၌ဖြစ်သည်~
ကောင်းကင်တစ်ခွင်၍တိမ်စိုင်ဖြူများစွာ သူ့အရပ်ေဒသနှင့်သူဆေးရောင်ခြယ်ထားသကဲ့သို့ လှပစွာတည်ရှိပြီး တခြားသောသူများအတွက်ရာသီဥတုသာယာသော နံနက်ခင်းတစ်ခုဖြစ်သော်ငြား ထိုအထဲတွင်တော့ ပတ်ဂျုံးဆောင်းတစ်ယောက်အတွက်မပါဝင်ခဲ့ပါချေ...
လွန်ခဲ့သောနှစ်ရက်က ဘူဆန်သို့အလုပ်ကိစ္စဖြင့်သွားသော ဒယ်ဒီနှင့်မေမေ ကားမတော်တဆမှူကြောင့်နေရာတွင်ပင် နှစ်ယောက်လုံးအသက်ဆုံးရှုံးခဲ့ရသဖြင့် ယနေ့ကဲ့သို့ရာသီဥတုကြည်လင်နေသည့်တိုင် သူ၏ခံစားချက်များသည်ဝမ်းနည်းကြေကွဲလျက်ရှိသည်။
"ဂျုံဆောင်း သားအဲ့ဒီလိုမျိုးတောင့်ခံမထားဘဲငိုချလိုက်ပါ သားဘေးမှာဦးလေးတစ်ယောက်လုံးရှိနေပါသေးတယ် ဦးလေးကသားကို စောင့်ရှောက်ပေးမှာပါ တစ်ယောက်ထဲကြိတ်ခံစားမနေပါနဲ့ ငါ့တူရယ်"
ဦးလေးဖြစ်သူလည်း သူ့အကိုနှင့်မရီးသေးဆုံးမှုကြောင့်အတော်လေးဝမ်းနည်းနေပုံရသည်။
နာရေးခန်းမ၏ထောင့်တစ်နေရာတွင်ထိုင်နေသောဂျုံဆောင်းအားဦးလေးဖြစ်သူမှနှစ်သိမ့်စကားပြောတော့....
"ဦးလေး ကျနော်...ကျနော် ဒယ်ဒီနဲ့မေမေ ကျနော့်အနားကထွက်သွားတာ မယုံနိုင်သေးဘူး "
ဂျုံဆောင်းပြောတော့ဦးလေးဖြစ်သူပတ်ဂျေအင်းသည်ပခုံး၌မှီစေပြီး ကျောပြင်အားပွတ်ကာ အားပေးလေသည်။
နာရေးသို့လာသောဧည့်သည်များအားအမဝမ်းကွဲဖြစ်သူပတ်ဘိုဂျီမှအကျိုးကြောင်းဧည့်ခံပြောပေးနေသည်။ ဂျုံဆောင်းသည်နာရေးသတင်းလာမေးသောဧည့်သည်များကိုပင်အကျိုးအကြောင်းမပြောနိုင်သည်အထိပင်ပန်းနေပြီဖြစ်သည်။
-----------------------------------------"သခင်လေး အိပ်ရာမှထပါတော့ ကျောင်းသွားဖို့နောက်ကျပါတော့မယ်"
တော်ဝင်နန်းတော်များကဲ့သို့ခမ်းနားကြီးမားလှသောစံအိမ်ကြီးအပေါ်ထပ်ရှိသခင်လေးအခန်းထဲမှနေ့တိုင်းကြားနေရသောအိမ်တော်ထိန်း တစ်နည်း သခင်လေး၏အထိန်းတော်လီ၏အသံပင်ဖြစ်သည်။
YOU ARE READING
♡Real Love♡
Fanfiction"ကိုကိုနဲ့ ငယ့်ကြားကိုဘယ်သူမှ ကြားဝင်ခွင့်မရှိဘူး ဖြစ်ပေါ်လာတဲ့ပြဿနာအရင်းမြစ်ကလည်း ငယ်တို့နှစ်ယောက်ကြောင့်ပဲဖြစ်ရမယ် " Yang Jung Won "တောင်းပန်ပါတယ် ငယ် ကိုယ်မင်းကိုပေးထားတဲ့ဂတိတွေမတည်နိုင်တော့ဘူး" Park JongSeong