~real love~part-2

108 16 5
                                    

"အားလုံးပဲ... သူကကျောင်းသားသစ် မိတ်ဆက်လိုက်ပါဦးသား"

"ငါ့နာမည် ပတ်ဂျုံဆောင်း အားလုံးနဲ့ခင်မင်ရင်းနှီးစွာနေချင်ပါတယ် "

"ကဲ မင်းတို့အားလုံး သူမသိတာရှိရင် ဝိုင်းကူပေးလိုက်ကြပါဦး"

"ဂျုံဆောင်း လေးခုံမြောက်ထောင့်စားပွဲ ဟိုမင် နားမှာထိုင်လိုက်နော်"

ဆရာမညွှန်ပြတဲ့ခုံနားရောက်တော့

"တွေ့ရတာဝမ်းသာပါတယ် ငါ့နာမည်က အင်ဟိုမင်ပါ"

"ငါ့နာမည်က ပတ်ဂျုံဆောင်း".

"မင်း ပြတင်းပေါက်နားထိုင်မလား ငါရွှေ့ပေးမယ်
"

"အင်းကျေးဇူးပဲ ဟိုမင်"

ဂျုံဆောင်းနေရာတကျဖြစ်ဝောာ့အတန်းပိုင်ဆရာမဆီမှ.....

"ကဲ အားလုံးပဲ Grammar bookထုတ်ကြပါ"

..........................

နေ့လည်ထမင်းစားချိန်ရောက်တော့မှအခန်းထဲကသူတွေကိုသေချာလိုက်ကြည့်မိသည်။
အခုမှသတိထားမိတယ် မနက်က‌ဝင်တိုက်တဲ့တစ်ယောက်ကိုလည်းအတန်းထဲမှာ‌မတွေ့ပါလား
အတန်းပိုင်ဆရာမဆီကိုတောင်လာသွားသေးတာပဲ သေချာပေါက်အခန်းတူရတော့မှာမဟုတ်လား
ဆရာမပြန်ထွက်သွားတာမကြာသေးတာကြောင့်အခန်းထဲ၌လူစုံရှိနေသေးသည်။မည်သူမျှကန်တင်းမသွားကြသေး။တစ်ယောက်ချင်းစီသေချာလိုက်ကြည့်သော်လည်းမနက်ကတစ်ယောက်ကိုမတွေ့။သိချင်စိတ်ပြင်းပြလာတာကြောင့်

"အင်ဟိုမင်!"

"အေး ပြော"

"ငါမေးစရာရှိလို့"

"မေးလေ ဘာမေးမှာလဲ"

ဟိုမင်ကဖော်ရွေလွန်းသည်ကြောင့်ပဲလားတော့မသိ မနက်တစ်ပိုင်းထဲနှင့်ပင်အတော်လေးရင်းနှီးနေပြီဖြစ်သည်။သူနဲ့စကားပြောရတာကလည်းသက်သောင့်သက်သာဖြစ်သည် စိမ်းကားမနေ။

"ငါတို့အတန်းပိုင်ဆရာမက တခြားအခန်းတွေကိုလည်းအတန်းပိုင်လုပ်သေးတာလား"

"မဟုတ်ပါဘူး ငါတို့တစ်ခန်းပဲလေ ဒါပေမဲ့ တီချယ်က  အထက်တန်းသုံးတန်းလုံးရဲ့အတန်းမှူး"

♡Real Love♡Where stories live. Discover now