စိတ္တဇလူသတ်သမားကို ကယ်တင်ခြင်း
______________________ရမ်ကျူး တုံ့ပြန်နိုင်ချိန်မှာ သူ့နဖူးနဲ့ လက်တွေက နာကျင်မှုအပြင် အတောမသတ်နိုင်တဲ့ ရယ်မောသံများကိုလည်း သူကြားလိုက်ရတယ်။
13 နှစ်ကြာ ထူးချွန်ဆရာတစ်ဦးအဖြစ်နဲ့ 10 နှစ်ကြာ ထိပ်တန်းအတန်းပိုင် ဆရာတစ်ဦးဖြစ်ခဲ့ဖူးတဲ့ သူ့ရဲ့ များပြားတဲ့အတွေ့အကြုံများအရ အခုရယ်သံများရဲ့ ပိုင်ရှင်မှာ ပထမတန်းစား *ဝက်ဝံလိုကလေးတွေဆိုတာ သူသိလိုက်တယ်။ အထက်တန်းလွှာမိသားစုကဆင်းသက်လာလို့ ပထမတန်းစား ဝက်ဝံလိုကလေးတွေလို့ ခေါ်ခြင်းဖြစ်တယ်။ မိသားစုအကြီးအကဲများရဲ့ အလိုလိုက်မှုကြောင့် ငယ်စဉ်ကလေးဘဝတစ်လျှောက်ကို ချောမွေ့စွာ ဖြတ်သန်းနိုင်ကြပြီး သူတို့လိုချင်တာ ရကြကာ သူတို့လုပ်ချင်တာ လုပ်နိုင်ကြတယ်။ ကြီးမားတဲ့ အရှုပ်အထွေးတွေ လုပ်ထားရင်တောင် ဒီအသက် 6 နှစ်မှ 26 နှစ်အရွယ် ဝက်ဝံလိုကလေးများရဲ့ လုပ်ရပ်ကိုတာဝန်ယူပေးမဲ့ ဖေဖေ, မေမေ, ဘိုးဘိုး, ဘွားဘွားတွေ ရှိကြတယ်။
¶ ဝက်ဝံလိုကလေးများ : ရိုင်းစိုင်းသည့်ကလေးများ ¶
အသက် 26 နှစ်က အရွယ်ရောက်နေပြီလို့ မင်းပြောမှာမလား? သူတို့ကို ကလေးလို့ သတ်မှတ်လို့ ရလို့လား? မင်းက ဒီနေရာကို မသိသေးဘူးပဲ။ ဒီလောကမှာ အသက် 26 နှစ်ကို အသက်ကြီးပြီလို့ မပြောနဲ့၊ အချို့လူတွေက 36 နှစ်, 46 နှစ်, 56 နှစ်တိုင်အောင် မှားယွင်းတဲ့အမြင်သုံးမျိုး - တာဝန်ယူမှုမရှိခြင်း၊ စာနာစိတ်မရှိ အရှက်မရှိခြင်း၊ အတ္တဆန်ခြင်း တို့ဖြင့် ဝက်ဝံလိုကလေးတွေ ဖြစ်နေတုန်းပဲ။ အသက် 26 နှစ်အရွယ်ဝက်ဝံလိုကလေး - ဒီစကားက အတော်လေး ပေါ့လျော့ပြီး ပြောထားခြင်းပင်။
ရမ်ကျူး ဒဏ်ရာမရတဲ့ ညာလက်နဲ့ သူ့ပုခုံးများကို နှိပ်ကြည့်ရာ ဖြစ်ပေါ်လာတဲ့နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိတယ်။ သူ့အမြင်ကို အာရုံစိုက်လိုက်တဲ့အခါ ရင်းနှီးတဲ့စင်မြင့်တစ်ခုပေါ်မှာ ရပ်နေမှန်း သူသိလိုက်ရတယ်။ သူ့ရှေ့မှာ 11 နှစ်, 12 နှစ်ခန့်လောက်ရှိတဲ့ ကလေးများ 7 ယောက်, 8 ယောက်လောက် ရှိနေတယ်။ ဒီဆယ်ကျော်သက်လေးများက ဝတုတ်ပြီး အရပ်ရှည်တဲ့ကလေးတစ်ယောက်ကို လခြမ်းပုံသဏ္ဍာန်ဖြင့် ဝန်းရံထားတယ်။ သိသာစွာပဲ သူကခေါင်းဆောင်ဖြစ်တယ်။ ဒီခေါင်းဆောင်ရဲ့ မျက်နှာလေးပေါ်မှာ သူ့အသက်အရွယ်နှင့် မလိုက်ဖက်တဲ့ မောက်မာမှု၊ လှောင်ပြောင်မှုများ ပြည့်နေတယ်။ သူ့ရဲ့ မေးစေ့လုံးလုံးလေးကို မြှောက်ပြီး ပြောလိုက်တယ် "ဆ.ရာ.ရမ် ဒီနေ့ အဖြစ်အပျက်ကို သတိပေးတယ်လို့ သဘောထားလိုက်၊ နောက်တစ်ခါ ခင်ဗျားကြီး ရွံစရာကောင်းတဲ့ ဆင်းရဲသား ကျိုးလိုင် ကိုကူညီပေးနေသေးရင် နောက်ပိုင်းကျ ဘယ်လိုဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာမလဲ မသိဘူးနော်"

YOU ARE READING
အတန်းပိုင်ဆရာစနစ်
RomanceTitle : Class Teacher System Associated Name(s) : 班主任系统 Authors : 打僵尸 | Da Jiangshi Genre(s) : Comedy, Romance, School Life, Shounei Ai Status in COO : 167 Chapters +2 extras [Ongoing] ⚠︎𝑼𝒑𝒅𝒂𝒕𝒆 𝑺𝒄𝒉𝒆𝒅𝒖𝒍𝒆 : 𝑺𝒑𝒐𝒓𝒂𝒅𝒊𝒄⚠︎ ☞︎︎︎𝑮𝒊𝒗�...