Uni
Cause I got you in ma' ma' ma' ma' ma' mind
ဘာလို့ဆို ကိုယ် မင်းကိုချစ်မိနေလို့ပေါ့Babe, I want you to let me get you dance all night
မင်းနဲ့ တစ်ညလုံးတွဲကချင်လို့ ကိုယ့်ကို အခွင့်ပေးနိုင်မလား ကလေးAnd I will never gonna make you cry
ကိုယ်မင်းကို မျက်ရည်ကျအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးYou know I will gonna be the by your side
မင်းအနားမှာပဲ အမြဲတွယ်ကပ်နေမှာဆိုတာ မင်းသိပါတယ်Cause I got you in ma' ma' ma' ma' ma' mind
ဘာလို့ဆို ကိုယ်မင်းကို ချစ်မိနေလို့ပေါ့..............................................................................
Dance With Me
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့ ညခင်းတစ်ခု။ လမ်းမကြီး၏ အထက်မှာ ရောင်စုံမီးနဲ့ကားတွေ ဥဒဟို ဖြတ်သန်းသွားလာနေကြသည်။ တိုက်ကြီးပျကြီးများဆီမှ ရောင်စုံမီးများက တဖျတ်ဖျတ်ခတ်နေသလို ဘေးဘီဝဲယာရှိ အိမ်များ ဆိုင်များအတွင်းမှာလည်း မီးရောင်စုံဖြင့် တက်ကြွနေကြဆဲ။
ဒီည နှင်းဟူ၍ မမြင်ရဘဲ သိပ်အေးသည်လည်းမရှိ။ နှစ်သစ်ကူးညတစ်ညက နေလို့ကောင်းလှသည်။ တီဗွီအစီအစဉ်များတွင် သတင်းများနှင့်တကွ ဖျော်ဖြေရေးအစီအစဉ်များကိုပါ ပူးတွဲထုတ်လွှင့်ပေးလျက်ရှိနေသည်။ တချို့ကလည်း သီချင်းများ၊ တချို့ကလည်း ဇာတ်ကားများ၊ တချို့ကလည်း ချစ်တဲ့သူများဖြင့် နှစ်သစ်ကို မတူကွဲပြားစွာ ဖြတ်သန်းနေကြသည်။
“ဒီနှစ်ရဲ့ နှစ်သစ်ကူးပွဲတော် ညစာစားပွဲကို အိမ်ပြာတော်မှာ သမ္မတကြီးနဲ့အတူ လွှတ်တော်အမတ်များ၊ လုပ်ငန်းရှင်များနဲ့ သိုက်သိုက်ဝန်းဝန်းကျင်းပနေခြင်းဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ Arkive Nationရဲ့ သမ္မတ Kim Nam Joon တောင်ကိုရီးယားကို အလည်အပတ်ရောက်ရှိနေတာဖြစ်တာမို့ အဆိုပါ သမ္မတ Kim Nam Joonဟာ အိမ်ပြာတော် ညစာစားပွဲမှာ ဧည့်သည်တော်အနေနဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။
Arkive Nationဟာ အနုပညာရှင်တွေ အကြိုက် လက်ရာကောင်းတွေ စုပုံရာနေရာဖြစ်တဲ့အပြင် လှပတဲ့ရေမြေတောတောင် သဘာဝရှိတာမို့ သဘာဝက ဖန်တီးထားတဲ့ အနုပညာလို့ ဆိုရမဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ တိတ်ဆိတ်ပြီး လေထုညစ်ညမ်းခြင်းကင်းစင်တဲ့ နိုင်ငံမို့ ပန်းချီအကျော်အမော်တွေလို အနုပညာရှင်ကြီးတွေက သွားရောက်နေထိုင်ဖို့ စိတ်ဝင်စားကြပြီး နိုင်ငံသားအဖြစ်လျှောက်ထားသူ ဒီနှစ်မှာ...”
YOU ARE READING
Let's Dance With Me (Completed)