Uni
အိမ်ရာ၏ အရှေ့ဘက်အရောက် စက်ဘီးလေးက အရှိန်သတ်သွားသည်။ နေက တဖြည်းဖြည်းမြင့်တက်လာနေပြီး အအေးဓာတ်တွေ လျော့သွားပေမဲ့ ဆော့ဂျင် နှမြောနေမိသည်။ နွေးထွေးပြီး အသားကျနေသည့် လေထုကနေ သူ ခွဲထွက်ရတော့မည်လေ။
ကုတ်အင်္ကျီထဲရောက်နေတဲ့ လက်တွေကို ထုတ်လိုက်ချိန် တစ်ခုခုကို ဆုံးရှုံးသွားသလို သူ ခံစားလိုက်ရသည်။ ဆော့ဂျင်က စက်ဘီးပေါ်မှ ဆင်းကာ အထဲကို တန်းဝင်ဖို့လုပ်လိုက်ပေမဲ့ သူ့အင်္ကျီစကို တစ်စုံတစ်ယောက်က အသာအယာလေး ဆွဲထားခဲ့သည်။
သူပြန်လှည့်ကြည့်တော့ အဲ့ဒီကောင်လေးက သူ့ကိုစူးရဲစွာကြည့်နေသည်။ အမြဲပြုံးရိပ်ထင်သည့် မျက်ဝန်းလေးနှင့်ပဲ တွေ့ခဲ့ရတော့ သူ ဒီကောင်လေးကို နူးနူးညံ့ညံ့နှင့် ရိုးသားသည်ဟု ထင်ခဲ့မိသည်။ သို့သော် ဒီမျက်ဝန်းတွေက စူးစူးရဲရဲကြည့်လာပြန်တော့လည်း ဆော့ဂျင်ကို လွှမ်းမိုးနိုင်သည်ပဲ။ ထိုအကြည့်နှင့်ကောင်လေးက ခန္ဓာကိုယ်လည်း ထွားထွားကျိုင်းကျိုင်းရှိလှသည်မို့ သူ့ထက်ပိုပြီး အင်အားကြီးနေသလို ခံစားရစေသည်။ ဆော့ဂျင် တံတွေးမျိုချလိုက်သည်။
"ဘာလဲ"
"ကျွန်တော် သေချာစဉ်းစားပြီးသွားပြီ။ အခုမှ ခင်ဗျားကို ဒီစကားမပြောရင် မဖြစ်တော့ဘူးလို့ ခံစားရလို့ပါ"
"ဘာလဲ"
ဆော့ဂျင်က နည်းနည်းတော့ လန့်သွားသည်။ ချစ်တယ်ဆိုတာလည်း ပြောပြီးပြီမို့လို့ သူ ထပ်မကြားချင်တော့။ စက်ဘီးပေါ်မှာတုန်းက မျက်နှာချင်းဆိုင်ပြောခဲ့တာမှမဟုတ်ဘဲ။ အခုကျတော့ နည်းနည်း မျက်နှာပူစရာကောင်းနေသည်။ သို့သော် ကောင်လေးက ထိုစကားကို ပြောဖို့ပြင်ဆင်နေတာ ဟုတ်ပုံမရ။
ထိုကောင်လေးက ခပ်တောင့်တောင့်ရပ်နေရာက သူ့လက်တစ်ဖက်ကို ဖြည်းဖြည်းချင်းဆုပ်ကိုင်လာသည်။ ထို့နောက် သူ့လက်ကို ရင်အုပ်တောင့်တောင့်ဆီ ဆွဲယူကပ်သွားသည်မို့ ဆော့ဂျင်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထို့နောက် ထွက်လာသည့်စကားကြောင့် သူ့မှာ ရယ်ရမလို ငိုရမလို။
YOU ARE READING
Let's Dance With Me (Completed)