Chapter 4

167 25 32
                                    

Uni

Cause I got you in ma' ma' ma' ma' ma' mind
ဘာလို့ဆို ကိုယ် မင်းကိုချစ်မိနေလို့ပေါ့

Babe, I want you to let me get you dance all night
မင်းနဲ့ တစ်ညလုံးတွဲကချင်လို့ ကိုယ့်ကို အခွင့်ပေးနိုင်မလား ကလေး

And I will never gonna make you cry
ကိုယ်မင်းကို မျက်ရည်ကျအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး

You know I will gonna be the by your side
မင်းအနားမှာပဲ အမြဲတွယ်ကပ်နေမှာဆိုတာ မင်းသိပါတယ်

Cause I got you in ma' ma' ma' ma' ma' mind
ဘာလို့ဆို ကိုယ်မင်းကို ချစ်မိနေလို့ပေါ့

..............................................................................

"ဒီနေ့ Hyung ဘယ်ကိုသွားလည်မလဲ"

ချမ်းချမ်းစီးစီးရှိသည်မို့ Jung-Kook က Hoodie အထူကြီးကို သုံးထပ်လောက်ထပ်ဝတ်နေရင်း လှမ်းမေးလာသည်။ ဆော့ဂျင်က ပန်းကန်ဆေးနေရင်းက တစ်ချက်ပဲလှမ်းကြည့်ပြီး ဘာမှပြန်မဖြေဖြစ်။ လက်အိတ်နဲ့ဆေးနေတာမို့ ရေရဲ့အအေးဒဏ်ကိုတော့ မခံစားရ။ သို့သော် သူ့အတွေးတွေ ပျံ့နေသည်။ Jung-Kook ကသာ ဘာမှမဖြစ်သလို နေနိုင်ပေမဲ့ သူ့မှာ ညက မုန့်လာပို့သည့်ကိစ္စကို ခုထိတွေးမရရှိနေတုန်း။

"ဒီအိမ်ရာနဲ့ နည်းနည်းပဲ ဝေးတဲ့နေရာတစ်ခုရှိတယ်။ နေကြာတွေရဲ့ မြို့တော်လို့ ခေါ်တယ်။ ဒီလိုအချိန်ဆို နှင်းတွေကျနေတာပေမဲ့ အကုန်လုံး ညှိုးခြောက်သွားတဲ့အချိန်တော့ မရောက်သေးတာမို့ သွားလို့ရတယ်။ နောက်ပြီး အဲ့နေရာက လူလည်း အဲ့လောက်မများတော့ အေးအေးဆေးဆေးပဲ သိလား။ တချို့ ပန်းချီဆရာတွေ ဘာတွေတော့ လာတယ်။ ဒါပေမဲ့ အရမ်းတိတ်တိတ်ဆိတ်ဆိတ်နဲ့ကို သဘာဝဆန်တယ်။ တစ်ခါတလေ သမ္မတကတောင် အဲ့ဘက်ကို စက်ဘီးနဲ့ပတ်တတ်သေးတာ"

Jung-Kook က စိတ်ထက်ထက်သန်သန်နဲ့ ရှင်းပြနေသလောက် ဆော့ဂျင်က မကြားသလိုပင်။ သူက ပန်းကန်တွေကိုကိုင်ရင်း တောင့်တောင့်ကြီးရပ်နေတာဖြစ်သည်။

"Hyung"

"အမေ့"

"ဘာတွေ ဒီလောက်တောင် တွေးနေရတာလဲ။ နေကြာမြို့တော်ကို သွားမလားလို့ မေးနေတာကို"

"ဟင် ဘာလဲ။ နေကြာမြို့တော်လား"

"အွန်း ဒီအချိန် လှသေးတယ် သွားလို့ရတယ်။ နေထွက်ရင် အဲ့ကမြင်ကွင်းက တကယ့်အံ့ဩစရာပဲ"

Let's Dance With Me (Completed)Where stories live. Discover now