Final

209 22 2
                                    

Uni

အိမ်မှာ တစ်ယောက်မှမရှိတော့တာကြောင့် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။ ဆော့ဂျင်သည် ကိုယ်ရေးအရာရှိဂျောင် တင်ထားခဲ့သည့် ဆိုဖာပေါ်မှ နှင်းဆီ ပန်းစည်းကြီးကို စောင်းကြည့်လိုက်မိသည်။ အနီတောက်တောက်နှင်းဆီတွေက သူ့ကို တိတ်တိတ်ကလေး အသနားခံနေသည့်နှယ်ပင်။

အနက်ရောင် စာရွက်လေးနှင့်ပြုလုပ်ထားသော ခပ်ရိုးရိုးစာအိတ်ကလေးအား သူ ချက်ချင်းပင် ဖွင့်ကြည့်လိုက်သည်။ နှင်းဆီရနံ့က သင်းလာသည်။ စာအိတ်ပေါ်မှ သမ္မတ တံဆိပ်တုံးကိုလျစ်လျူရှုကာ အထဲမှစာကို ထုတ်ဖတ်လိုက်သည်။

[ကျွန်တော့်မှာ တွဲကဖော်မရှိတာ ၂၅နှစ်ရှိသွားပြီ။ ခင်ဗျားမှ လက်မခံရင် ကျွန်တော်တော့ ပြဿနာပါပဲ]

စာသည် ထိုနှစ်ကြောင်းပင်ဖြစ်သည်။ ဆော့ဂျင် စိတ်မထိန်းနိုင်ဘဲ ပြုံးမိသွားကာ Rkive president ရဲ့အသက်ကို အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်သည်။ အတိအကျကို ၂၅ နှစ်ပင်။

သနားစရာကောင်းလိုက်တာဟု တွေးရင်း ဆော့ဂျင် မရယ်မိဘဲမနေနိုင်။ သူရှိရာတိုက်ခန်းလေးမှလွဲ၍ အပြင်လောကကြီးတစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။ တဝူးဝူးဖြတ်မောင်းကာ မြို့ရင်ပြင်ဆီသွားကြသော ကားများ၊ ဈေးသည်များ၊ ခဏခဏ လွှတ်တင်တတ်သော မီးရှူးမီးပန်းများ။

သူ အထီးကျန်သလို ခံစားရသည်မို့ ကောင်လေး ပို့ပေးလိုက်သော နှင်းဆီ ပန်းစည်းကိုပိုက်ကာ အိပ်ရာပေါ်တွင် ထိုင်ချလိုက်သည်။ ကောင်းပြီ။ ထိုသနားစရာကောင်းသော သမ္မတလေးကို သူ အခွင့်အရေးပေးသင့်သည်။

သူ့ဘာသာသူ သတ်မှတ်လိုက်သော စည်းမျဉ်းက ရိုးရှင်းသည်။ ဒီနှင်းဆီပန်းစည်းထဲ ပန်းဘယ်လောက်ပါလဲ သူမသိ။ သူက 'ချစ်တယ်' 'မချစ်ဘူး' စသဖြင့် ပန်းတစ်ပွင့်ချင်းစီကို ရေတွက်မည်ဖြစ်ကာ အကယ်၍ ချစ်တယ်လို့ ကျလာခဲ့လျှင် ကောင်လေးနှင့်အတူ တွဲကဖို့ ရင်ပြင်ကို သွားလိုက်မည်။ မချစ်ဘူးလို့ ကျလာခဲ့ရင်တော့ ထိုကောင်လေး ကံဆိုးသည်ပင်။

လက်ချောင်းရှည်သွယ်သွယ်ကလေးများသည် နှင်းဆီပန်းစည်းကို ညင်သာစွာဖြေလိုက်ကာ တစ်ပွင့်ချင်းစီဆွဲထုတ်လိုက်သည်။ ဖြူဆွတ်ကာ နမ်းရှိုက်ချင်စရာကောင်းလှသော လက်ချောင်းရှည်များက အနီရဲရဲ ငွားစွင့်စွင့် နှင်းဆီပန်းများနှင့် အလွန်လိုက်ဖက်လှ၏။

Let's Dance With Me (Completed)Où les histoires vivent. Découvrez maintenant