Unicode
Our Love Story
လွန်ခဲ့သော ငါးနှစ်မှ စ၍ တရုတ်နိုင်ငံ၏ မြို့စွန်ငယ်၊ အေးချမ်းနေသော မြို့ငယ်လေးတစ်မြို့တွင် အသက်၂၇အရွယ် အငြိမ်းစား Companyဝန်ထမ်း ကျန်းကျယ်ဟန်တစ်ယောက် အခြေချဖို့ ဆုံးဖြတ်လိုက်သည်။ ပိုင်ရှင်တစ်ယောက်က ရှန်ဟိုင်းမြို့တော်သို့ ပြောင်းချင်နေ၍ စျေးပေါပေါနှင့် ရောင်းချခဲ့သော အောက်ထပ်က ဆိုင်၊ အပေါ်ထပ်က လူနေရန်အိမ် တစ်ဆက်တည်းပါသည့် ဆိုင်အိမ်လေးကိုလည်း ဝယ်ယူခဲ့သည်။
ဆိုင်အိမ်ကလေးနှင့် တစ်ခါတည်း ထပ်ဖြည့်ရမည့် ပရိဘောကများ၊ ပန်းကန်ခွက်ယောက်များ စသည်တို့ကို ဝယ်ယူလိုက်သောအခါ ဘဏ်ထဲမှ သူ့စုငွေများ ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် ကော်ဖီဆိုင်ကလေး ဖွင့်သောအခါ ရွာထဲမှာ လူငယ် လူရွယ်များသာမက ရွာခံလူကြီးများက လာရောက်သောအခါ ဖွင့်ပွဲနေ့ကလေး လူစည်ကားခဲ့သည်။ ရုပ်ရည်ချောမောရုံသာမက စကားပြောရည်မွန်၍ ကူညီတတ်သော ကျန်းကျယ်ဟန်သည် ရွာထဲတွင် လူချစ်လူခင်ပေါများပြီး လူတကာ၏ ပါးစပ်ဖျားတွင် တစ်ဖွဖွ ချစ်မဝနိုင်အောင် ပြောနေကြသည့် ရွာ၏ အထူးပုဂ္ဂိုလ်လေးသဖွယ် ဖြစ်လာရသည်။
ထိုသူကလေးကို မိန်းကလေး၊ ယောကျာ်းလေးများက သဘောကျပြီး လာရောက်ရေလာမြောင်းပေး၊ ကမ်းလှမ်းကြပါသော်လည်း သိမ်မွေ့နူးညံ့ ညင်သာသော အပြုံးနှင့် အေးခြမ်းတည်ငြိမ်စွာ ငြင်းပယ်မြဲပင်။
"အချစ်ဟာ ကျွန်တော့်အတွက် မဟုတ်ပါဘူးဗျာ။ ကျွန်တော် ချစ်ဖူးပါတယ်။ ပူလောင်ပြီး ရူးမတတ်ပါပဲ။ ကျွန်တော် မီးပုံထဲ ထပ်မတိုးရဲပါဘူး။"
လာဖွင့်ပြောကြသော လူတွေကိုပင် ကော်ဖီနှင့်မုန့် ပြန်လည်တိုက်ကျွေးကာ အမြဲလာလေ့ရှိသော ဧည့်သည်များနှင့်ပင် အချင်းချင်းပြန်လည်မိတ်ဆက်ပေးရင်း အတွဲတွေ ဖြစ်သွားစေသည့်အတွက် မိတ်မပျက်ပဲ loyal customerတွေသာ တိုးတိုးလာသည်။
ယခုဆို သူ့ဆိုင်လေးတွင် ဆိုင်အကူကောင်လေးနှစ်ယောက်ပါ ငှားထားနိုင်ပြီဖြစ်၍ အလုပ်ရှုပ်အတော် သက်သာသွားကာ ကိုယ်ပိုင်အချိန်များ ပိုလာပြီဖြစ်သည့်အတွက် နားနားနေနေနေနိုင်ပြီဖြစ်သည်။
![](https://img.wattpad.com/cover/302949570-288-k842470.jpg)
YOU ARE READING
Our Love Story