Chapter 13

123 20 4
                                    

Chapter 14

Unicode

"ကိုကို၊ ထမင်းကျက်နေပြီ။"

ဧည့်ခန်းထဲတွင် ကုန်းကျွင်းတစ်ယောက် စားပွဲခုံပုလေးကို ခင်းရင်း ဘေးနားမှ TVနှင့် မျက်လုံးမခွာနိုင်သူကို အသိပေးလိုက်သည်။

ကျယ်ဟန်ကတော့ အသစ်လာနေသော Reality TV Game Showကို ကြည့်ရင်း တစ်ခွိခွိ ရယ်မောနေခဲ့သည်။ ကလေးဆန်စွာ ချစ်စရာကောင်းလှသော သူ၏ ကိုကို့ကို ကြည့်ရင်း ကုန်းကျွင်းတစ်ယောက် ခေါင်းခါရမ်းရင်း ပြုံးနေလိုက်သည်။

"ကျွင်းကျွင်းလည်း နောက်ဒီGame Showတွေ လာခေါ်ရင် ရိုက်ပါလား။"

"ဟာ ရှက်စရာကြီး၊ ကိုကိုကလည်း။ ကျွန်တော်အရမ်းရှက်တတ်တာ။ မလုပ်ပါနဲ့။"

"ပြီးတော့ လက်ရှိအလုပ်တွေ ဖြတ်လိုက်ပြီးတာနဲ့ ကိုကိုနဲ့ ကျွန်တော် Entertainment industryကနေ ထွက်မယ်လို့ ပြောထားတယ်လေ။"

ဟုတ်သားပဲ။ သူ ခွေးပေါက်လေး အောင်မြင်သည်ကို မြင်ချင်သော်လည်း ချောင်းရိုက်ခံရခြင်း၊ ဆေးခပ်ခံရခြင်းများ ကြံတွေ့ခဲ့ရသည်ကြောင့် သူစိတ်မချနိုင်တော့ပါ။

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ၊ကျွင်းကျွင်းရယ်။ ဒီနေ့ ဘာဟင်းချက်လဲ။"

"အမဲသား ဟင်းရည်၊ မာပိုတို့ဟူးနဲ့ ဟင်းရွက်စုံကြော်။ Calciumဓာတ်နဲ့ အဟာရဓာတ်တွေ များများစားပေးမှ ကိုကို့ခြေထောက်တွေ မြန်မြန်ပြန်ကောင်းလာမှာ။"

အရမ်းကို စဥ်းစားပေးသော ခွေးပေါက်လေးကြောင့် ကျယ်ဟန့်ရင်ထဲ နွေးထွေးသွားရသည်။ ကုန်းကျွင်းချက်ပေးသော အင်မတန်မှ အရသာရှိသည့် ထမင်းဟင်းများကို စားသောက်ပြီးနောက် ပန်းကန်ခွက်ယောက်များ ဆေးကြောချိန်တွင်လည်း ကုန်းကျွင်းက အတင်းတွန်းလွှတ်ကာ ကျယ်ဟန့်ကို နားစေသည်။

ထိုအခါ ကျယ်ဟန်လည်း ဘေစင်အနားက Kitchen countertopကျောက်ပြားပေါ်တွင် တက်ထိုင်ကာ အလုပ်ကြိုးစားစွာ ပန်းကန်တွေ ဆေးနေသော ကုန်းကျွင်းကို ထိုင်ကြည့်နေလိုက်သည်။ ထိုအခါတွင်တော့ သဘောကျသွားသည့်အလား ရယ်မောရင်း သွားအဖြီးသားနှင့် ပန်းကန်တွေ ဆေးနေလေရဲ့။

Our Love Story Where stories live. Discover now