Chapter 15

125 19 14
                                    

Unicode

အချစ်အကြောင်းကို ဘယ်တော့မှ ထုတ်ပြောပြလေ့ မရှိသည့် C-ent၏ Dark Princeကုန်းကျွင်း၏ ချစ်သူများနေ့အခါ၌ ဘယ်နေရာရောက်၍ ဘယ်လိုကုန်ဆုံးမည်ကို လူအများက သိလိုကြသည်။

ကုန်းကျွင်းမှ variety showပွဲရိုက်ရန် နယ်မြို့လေးတစ်မြို့စီသို့ သွားရောက်ကုန်ဆုံးမည်ဟု ကြော်ငြာသောအခါ ဝမ်းသာဝမ်းနည်းဖြစ်ကုန်ကြသည်။

"xxxဇာတ်လမ်းတွဲကြီးကို ရိုက်ကူးပြီးသွားတဲ့အတွက် ဂုဏ်ယူပါတယ်။ နောက်ထပ်လည်း ဘာအစီအစဥ်တွေ ရှိမလဲ မသိဘူး။"

Interviewerမမက မေးလိုက်သောအခါ မေးခွန်းများက အရင်တိုက်ပြီးသား ဖြစ်၍ သူ့ခေါင်းထဲမှာ အဖြေက စဥ်းစားပြီးသား။

ညက အိပ်မပျော်ခဲ့၍ တဆစ်ဆစ်ကိုက်ခဲနေသော ခေါင်းကို လျှစ်လျူရှုရင်းနှင့်ပေါ့။

"ကျွန်တော် xxxဇာတ်လမ်းတွဲကြီးမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ပရိသတ်တွေကိုလည်း ဇာတ်လမ်းထွက် ထုတ်လွှင့်တဲ့ အချိန်ကြရင် ကြိုးစားသမျှတွေ ချပြဖို့ စိတ်အားထက်သန်နေပါပြီ။ နောက်ပိုင်းတော့ ကျွန်တော့်ရဲ့ vareity showနည်းနည်း ရိုက်ကူးဖို့ ရှိပါမယ်။"

"ဒီနှစ် ချစ်သူများနေ့ကရော?"

ထိုမေးခွန်းသည် ကြိုတင်ပြထားသော မေးခွန်းများတွင် မပါ။ Interviewerမမ (သို့) သူ၏ အထက်လူကြီးက viewerတက်အောင် interviewအဆုံးနားတွင် ထည့်လိုက်ခြင်း ဖြစ်လိမ့်မည်။

ကိုယ်ရေးကိုယ်တာ အချစ်အကြောင်းတွေ မေးမြန်းခွင့်မပြုကြောင်း Interviewလက်ခံစဥ်က ကြိုတင် သတိပေးထားပါလျှက်နှင့်ပေါ့။

"အဟင်း။ ကျွန်တော် Vareity showလုပ်မဲ့ နေရာမှာ ရှိပါမယ်။ အလုပ်တွေ ကြိုးစားနေရင်းနဲ့ပေါ့။"

"မင်းသားရဲ့ အချစ်ရေးအကြောင်းကရော? အခုတလော Traffic starမင်းသမီးတစ်ယောက်နဲ့ သတင်းတွေ ကြားပါတယ်။"

ကုန်းကျွင်းမျက်နှာမှာ စက္ကန့်ပိုင်းလောက် မဲခနဲ့ ဖြစ်သွားသည်ကို ဘယ်သူမှ မမြင်မိကြ။

"ဒါက သတင်းသမားတွေ အကျယ်ဖြန့်တာ နေမှာပါ။ ဒီလိုမျိုးတွေ မရှိပါဘူး။"

Our Love Story Where stories live. Discover now