prologue.

758 72 15
                                    

ဂျုံဆောင်း။

အဲ့ဒီကောင်လေးက ကျွန်တော့်အတွက်တော့အညိုရောင်။ အဖြူနှင့် အမည်းလို ပြတ်ပြတ်သားသားမဟုတ်ပါပဲ အညိုရောင်လိုဖြစ်တည်မှုမျိုး။ အညိုရောင်မျက်ဝန်းကြီးကြီးတို့သည် black holeတစ်ခုလိုမျိုး ကြည့်မိပါလျှင် ပြန်ရုန်းထွက်ဖို့မလွယ်ကူ။

အနည်းဆုံးတော့။

ကျွန်တော့်အတွက်။

ဂျုံဆောင်းက အကကို နှစ်သက်ပြီး ကျွန်တော်ကတော့ ကနေသည့်ဂျုံဆောင်းကိုနှစ်သက်သည်။ ပြုံးရယ်နေသောဂျုံဆောင်းက ချစ်စရာအကောင်းဆုံးဟုဆိုပါလျှင် ကနေသောဂျုံဆောင်းကတော့ ကျွန်တော့်ရင်ခုန်သံတွေစည်းချက်မညီခြင်း၏ အကြောင်းအရင်းဖြစ်မည်။

ဂျုံဆောင်းက စကားအများကြီးပြောရသည်ကိုနှစ်သက်ပြီး ကျွန်တော်ကတော့ ဂျုံဆောင်းပြောသောအကြောင်းအရာများနားထောင်ရခြင်းကို နှစ်သက်သည်။

ဂျုံဆောင်းက နံနက်ခင်းကော်ဖီနွေးနွေးတစ်ခွက်ကိုတောင့်တတတ်ပြီး ကျွန်တော်ကတော့ ညဉ့်နက်ခေါက်ဆွဲပြုတ်ပူပူတစ်ခွက်ကိုသာ အလိုရှိတတ်သူဖြစ်သည်။

ဂျုံဆောင်းက ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်သူဖြစ်ပြီး ကျွန်တော်ကတော့ ပုံမှန်ပေါ့ပေါ့ပါးပါးသာဝတ်ဆင်တတ်သူဖြစ်သည်။

ဂျုံဆောင်းက တွေးတောချင့်ချိန်တတ်သူဖြစ်ပြီး ကျွန်တော်ကတော့ ခံစားချက်ကိုဦးစားပေးသည့်သူမျိုးသာဖြစ်သည်။

ဂျုံဆောင်းက ပကာသနတွေပေါများသည့်စံအိမ်တော်ကြီးမှ အဖိုးတန်သခင်လေးဖြစ်ပြီး ကျွန်တော်ကတော့ ထိုစံအိမ်တော်ကြီးမှ နယ်ရုပ်တစ်ခုအဆင့်သာဖြစ်သည်။

ဂျုံဆောင်းနှင့် ကျွန်တော့်ကြားတွင် မတူညီသောအရာတွေချည်းသာ ရှိနေသည်မျိုးဖြစ်နိုင်သည်။ ဒါမှမဟုတ်လည်း လုံးဝကိုမတူညီတာမျိုးပဲဖြစ်မည်။

•••••

that boy, Jongseong | heejayWhere stories live. Discover now