"ဒါ ဘာအချိုးလဲ ဂျေး။ အကြာကြီးနေမှ အဖေနဲ့အတူညစာစားမှာကို ပေါ့ပြက်ပြက်နဲ့။ သွားပြီးလူလိုသူလို ဝတ်စားလာခဲ့"
၆လလောက်ကြာမှ အိမ်ပြန်ရောက်လာသောသားကို စတင်ပြောလိုက်သည့် မစ္စတာParkရဲ့ စကားသည်ဩချစရာ။ ဒါတွေကြောင့် ဂျုံဆောင်းအိမ်မပြန်ချင်တာဖြစ်သည်။ ပကာသနများစွာနှင့်မွမ်းမံထားသော ဖြူလွှလွှအိမ်တော်ကြီးဆီ မဝင်ခင်ကပင် ဂျုံဆောင်းရင်ထဲ တင်းကြပ်ကြပ်။
ရင်ဘတ်တစ်ခုလုံးကို တစ်စုံတစ်ခုက ခပ်ပြင်းပြင်းဆုပ်ကိုင်ထားသလိုမျိုး။ အသက်ရှူတို့မြန်လာတော့ နံဘေးရှိလူက လက်ကိုခပ်သာသာလေး ဆုပ်ကိုင်လာသည်။ အမြဲပဲ နှစ်သိမ့်နေကျမျက်ဝန်းတစ်စုံကတော့ အဆင်ပြေသွားမှာပါဟု အသံတိတ်ပြောနေသယောင်။
"ကျွန်တော် ဂျေးကိုအဝတ်အစားပြင်ပေးလိုက်ပါ့မယ် အဖေ။ အခန်းထဲကိုခေါ်သွားလိုက်မယ်နော်
သွားရအောင် ဂျေး"အကစတူဒီယိုမှ ချွေးတို့နှင့်ရွှဲနေသောဝတ်စုံဖြင့်သာ လာခဲ့သည်မို့ မစ္စတာ Parkစိတ်ဆိုးမည်ဆိုလည်း စိတ်ဆိုးချင်စရာပင်ဖြစ်သည်။ သို့ပါသော်လည်း ဂျုံဆောင်းဂရုမစိုက်မိ။
ယခုလောလောဆယ် ဂျုံဆောင်း၏စိတ်ထဲ၌ လက်ကောက်ဝတ်ကို ခပ်ဖွဖွလေးကိုင်ပြီး ရှေ့မှဦးဆောင်သွားနေသောသူ၏ နောက်ကျောပြင်ကိုကြည့်ရင်းသာ ရင်ထဲစို့နင့်နင့်ခံစားချက်တို့ဖြင့် တင်းကြပ်လျှက်။
အိမ်ဟုဆိုပါသော်လည်း ဂျုံဆောင်းအတွက်တော့ ဂျိတ်ခီနှင့်အတူနေသောတိုက်ခန်းကပင် သာ၍သက်တောင့်သက်သာရှိသေးသည်။ ဘယ်လောက်ပဲ ကွယ်ရာမှာနေပြီးအကြောမာနေပါစေ၊ မစ္စတာ Parkရှေ့ရောက်လျှင်တော့ အမြဲပြိုလဲရသည်ပင်။ ထို့ကြောင့် Parkစံအိမ်တော်ကြီးကို ဂျုံဆောင်းမုန်းရခြင်းဖြစ်သည်။
•••••
"ဂျေး ကိုယ့်အင်္ကျီတွေပဲရှိမယ် ဝတ်ဖို့အဆင်ပြေရဲ့လား"
အဝတ်ဗီရိုထဲကို တလှည့်၊ ကုတင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်နေသောဂျုံဆောင်းကိုတလှည့်ကြည့်ရင်း ဘယ်လိုအင်္ကျီမျိုးထုတ်ပေးရမည်မသိသည်မို့ မေးခွန်းထုတ်လိုက်မိသည်။
YOU ARE READING
that boy, Jongseong | heejay
Fanfictionအဲ့ဒီကောင်ကလေး ဂျုံဆောင်းကို ချစ်မြတ်နိုးရပါသည့်အကြောင်းတွေ။ Ethan Lee x Jongseong J.Park