Hey, Daddy I want You (Part 1)

4.8K 246 6
                                    

Unicode

ဝမ်ရိပေါ်ဒီအိမ်ကိုစရောက်လာတည်းက အရာအားလုံးပြောင်းလဲသွားခဲ့တာ။ရှောင်းကျန့်ရဲ့အရင်တုန်းကအထီးကျန်ဘဝကြီးလည်းပြောင်းလဲသွားခဲ့သလို အေးအေးချမ်းချမ်းနေရတဲ့အချိန်တွေလည်းမရှိတော့ဘူး။ဝမ်ရိပေါ်ကရှောင်းကျန့်ကိုအေးဆေးပေးမနေဘဲ အချိန်တိုင်းသူ့ရဲ့မဟုတ်မဟတ်တဲ့ကစားနည်းတွေမှာဝင်ပါခိုင်းတယ်။​ရှောင်းကျန့်မှာငြင်းခွင့်မရှိဘူး။

ဒီအိမ်ကရှောင်းကျန့်ရဲ့အိမ်ဖြစ်ပြီးရှောင်းကျန့်ကအသက်ပိုကြီးပေမယ့်လို့ငြင်းခွင့်မရှိဘူး။ရှောင်းကျန့်ငြင်းမိတိုင်းဝမ်ရိပေါ်က 'ခင်ဗျားငြင်းခွင့်မရှိဘူး၊ ဒါခင်ဗျားခံသင့်တဲ့အပြစ်ဒဏ်ပဲ' ဆိုပြီးပြောလေ့ရှိတယ်။ရှောင်းကျန့်ဘာအပြစ်မှမလုပ်မိဘဲ ဘယ်ကနေဘယ်လိုဒီလိုအပြစ်ဒဏ်တွေခံနေရလဲ ရှောင်းကျန့်မသိပေမယ့် ဝမ်ရိပေါ်ကတော့သူ့ကိုဒီလိုအလုပ်တွေလာလုပ်နေတာတစ်လပြည့်တော့မယ်။

သေချာတာကဒီပြဿနာတွေအားလုံးရဲ့အစကသူ့သားကြောင့်ပဲ။တစ်နည်းပြောရရင်တော့ရှောင်းကျန့်အရင်ဇနီးရဲ့သားပေါ့။တကယ်တော့ရှောင်းကျန့်ရဲ့အသက်ကအခုမှ၃၀ သာရှိသေးပြီးရှောင်းဟန်အာဆိုတဲ့ ၁၉ နှစ်အရွယ်သားတစ်ယောက်ရှိနေတယ်ဆိုတာကထူးတော့ထူးဆန်းပေလိမ့်မယ်။ဒါပေမယ့်အကြောင်းအကုန်စုံသိသွားရင်တော့သိပ်မဆန်းပါဘူး။

အသက်ငယ်ငယ်နဲ့ကုမ္ပဏီပေါင်းများစွာပိုင်ဆိုင်ထားတဲ့သူဌေး​ရှောင်းကျန့်က ငယ်ငယ်တည်းကမိဘတွေမရှိတော့တဲ့တစ်ကောင်ကြွက်ဖြစ်ပေမယ့်လို့ဘယ်သူကိုမှဂရုစိုက်စရာမလိုဘူး။ကိုယ့်ဒူးပေါ်ကိုယ်ရပ်တည်ပြီးအခုလိုအောင်မြင်အောင်ကြိုးစားလာခဲ့တာ။ဒီအသက်အရွယ်ထိဘယ်အချစ်ရေးကိစ္စကိုမှစိတ်မဝင်စားဘဲ အလုပ်ပဲတစိုက်မတ်မတ်လုပ်လာတဲ့သူမို့ ရုပ်ရည်ကအင်မတန်ချောမောလို့လိုချင်သူတွေပုံနေသော်ငြားလည်း ကြင်သူရယ်လို့တော့ရေရာသေချာစွာမရှိ။

တစ်ကိုယ်တည်းအေးဆေးနေတဲ့အခြေအနေတွေကြား သူနဲ့အလုပ်အတူတွဲလုပ်နေသူ ပါတနာတစ်ယောက်ဖြစ်တဲ့ ချင်အမျိုးသမီးကကမ်းလှမ်းလာတဲ့စကားတစ်ခွန်းရှိတယ်။စီးပွားရေးတွေပူးပေါင်းဖလှယ်လို့လက်ထပ်ရအောင်တဲ့လေ။ရှောင်းကျန့်ထက်၆နှစ်ကြီးတဲ့ ချင်အမျိုးသမီးကတစ်ခုလပ်တစ်ယောက်ဖြစ်ပြီး သားတစ်ယောက်လည်းရှိသေးတယ်။သို့သော် တစ်ခုလပ်ဖြစ်သော်လည်းရုပ်ရည်ကစွဲမက်စရာကောင်းအောင်လှပပြီး စီးပွားရေးကလည်းကောင်းမွန်တာကြောင့်​ယောကျ်ားပျိုတွေဝိုင်းနေတဲ့အမျိုးသမီးတစ်ယောက်ပဲ။

BJYX Dark CollectionWhere stories live. Discover now