Hey, Daddy I want You (Part 2)

4.1K 228 2
                                    

Unicode

နောက်နေ့မနက်ရှောင်းကျန့်နိုးလာချိန်မှာတော့ သူ့တစ်ကိုယ်လုံးကအဝတ်ဗလာဖြစ်နေခဲ့ပြီး ကုတင်ပေါ်ကိုရောက်လို့နေခဲ့သည်။
ပြီးတော့သူ့ဘေးမှာပဲအဝတ်ဗလာနဲ့ အခြားတစ်ယောက်ရှိနေသေးတယ်။အဲ့ဒါကဝမ်ရိပေါ်!
ရှောင်းကျန့်သွေးတွေတောင် ပြောင်းပြန်စီးသွားသလိုပဲ။
ဝမ်ရိပေါ်နဲ့သူနဲ့ကဘာလို့ ကုတင်တစ်ခုတည်းမှာအတူရှိနေရတာလဲ!?
ပြီးတော့အင်္ကျီတွေကရောဘယ်ရောက်ကုန်တာလဲ?

ထူပူပြီးထဖို့လုပ်လိုက်ကာမှ နာကျင်ပြီးစေးကပ်နေသလိုခံစားရတဲ့အောက်ပိုင်းကြောင့် ငုံ့ကြည့်မိတော့ ရှောင်းကျန့်ကြီးမားပြီးမတွေးရဲစရာကောင်းတဲ့ကိစ္စတစ်ခုကို စဥ်းစားမိသွားသည်။မဟုတ်ပါစေနဲ့လို့ဆုတောင်းနေခဲ့သော်လည်း မနေ့ကမှတ်ဉာဏ်တွေကခေါင်းထဲပြန်ဝင်လာတဲ့အခါ သူ့ဆုတောင်းတွေကအသုံးမဝင်တော့ဘူးဆိုတာပါ သိခဲ့ရတယ်။

ဘာတွေဖြစ်သွားတာလဲ?
ဝမ်ရိပေါ်ကသူ့ကိုဘာကြောင့်ဒီလိုလုပ်ရတာလဲ?
ဘယ်လိုတွေးတွေးအဖြေရှာလို့မရနိုင်တဲ့မေးခွန်းတွေက ရှောင်းကျန့်ရဲ့ခေါင်းထဲမှာတန်းစီပေါ်လာနေပြီး အခုအ​​ခြေအနေကိုဘယ်လိုမှယုံမရဖြစ်နေသည်။

''နိုးနေပြီလား''

ကြားလိုက်ရတဲ့အသံကြောင့် ရှောင်းကျန့်လန့်ကာထဖို့ပြင်လိုက်သော်လည်း နာကျင်လွန်းတဲ့ခါးနဲ့ခြေထောက်ကြောင့်အိပ်ရာပေါ်ကနေ ဘယ်နေရာကိုမှရွေ့လို့မရနိုင်ဘဲရှိနေသည်။သူရဲ့ပုံစံကိုဒီတိုင်းကြည့်နေတဲ့ဝမ်ရိပေါ်ကိုလည်း ဘာစပြောရမှန်းတောင်မသိလောက်အောင် စကားစပျောက်နေခဲ့သည်။ခုနကထိသူ့ခေါင်းထဲမှာ တန်းစီရှိနေခဲ့တဲ့မေးခွန်းတွေက တကယ်တမ်းကျတော့ဘယ်ကစမေးရမှန်းတောင်မသိလောက်အောင် များပြားလွန်းနေတယ်။

''ခင်ဗျား ကျွန်တော့်ကိုမေးချင်တာတွေအများကြီးရှိနေမှာပဲ''

​ရှောင်းကျန့်ဘာမှမပြောနိုင်သေးခင်မှာပဲ ဝမ်ရိပေါ်ကအရင်စကားစပြောလာပြီး ရှောင်းကျန့်ရဲ့စကားကိုမစောင့်ဘဲ နောက်တစ်ခွန်းကိုလည်းထပ်ပြောသည်။

BJYX Dark CollectionWhere stories live. Discover now