"တောက်!!!"
"ဒါလေးတောင် ကောင်းကောင်းမလုပ်နိုင်ကြဘူးလား ဟမ်" အစည်းအဝေးတစ်ခန်းလုံး အပ်ကျသံပင် မကြားရလေအောင်တိတ်ဆိတ်သွားသည်။
"CEOဗျ ကျွန်တော်တို့...."
"တော်တော် ဆက်မပြောနဲ့တော့"နီစွေးစွေး နှင်းဆီရောင် နှုမ်းခမ်းအား တင်းတင်းစေ့ကာ ဒေါသမျက်၀န်းများဖြင့် ကြည့်နေသော အမျိုးသမီး။
အခန်းထဲထိုင်နေသော မည်သည်မှအသံမထွက်ရဲကြပေ။
သူမ....သူမ ဟုတ်တယ် ဒေါ်နန်းကလျာမေ။သူမနာမည်အား ကြားလိုက်ရုံဖြင့် စီးပွားရေးတစ်ခွင်လုံး မသိသူမရှိပေ။သူမ၏အဖေဆုံးပြီကတည်းက သူမအဖေပိုင်ဆိုင်တဲ့INC companyအားဦိးစီးခဲ့သည်။ ဒေါ်နန်းကလျာမေသည် နှင်းဆီကဲ့သို့ အနီရောင် နီဆွေးဆွေးနှုမ်းခမ်းအားပိုင်ဆိုင်ထားသည်။ ယောက်ျားပျိုများအား မျက်ခုံးပေါ်မှမှည့်ကလေးဖြင့် ဆွဲဆောင်နေသည်ဟုပင်ထင်ရလောက်အောင် အင်မတန်လှပေသည်။ သိုပေတည်း သူမအားမည်သူမျှချစ်ခွင့်မပန်ရဲပေ။
"ဦိးမျိုး ကျွန်မတို့ဒီပုံအတိုင်းဆိုမဖြစ်တော့ဘူးထင်တယ်" သူမ၏အခန်းထဲ၌ သူမအယုံကြည်ရဆုံးသော လူယုံ ဦးမျိုးထိုက်နှင့် စကားပြောနေသည်။
"ဦိးလေးပြောပါတယ် အတွင်းရေးမှူးတစ်ယောက်လောက်ခေါ်ပါဆိုတာကို"
"အဲ့တုန်းကမလိုသေးဘူးထင်လို့လေ"
"ဒါမဲ့ ခုတော့လိုနေပြီမို့လား"
"အင်းပါ နန်းစဉ်းစားလိုက်ပါ့မယ်"
_________________________________
"သွား သွားခုငါ့အိမ်ပေါ်ကဆင်း ငါ့ဆီဒီတစ်သက်ပြန်မလာခဲ့နဲ့ ထွက်သွား ခုချက်ချင်းငါ့အိမ်ကထွက်သွား"နှစ်ထပ်တိုက်အိမ်ကလေးဆီမှ ကျယ်လောင်စွာထွက်လာသောအသံပင်။
"သွားမှာပါ ဒေါ်ယုယုမေရယ် သွားမှာပါ ရှင့်လိုမျိုးအောက်တန်းကျတဲ့စိတ်ဓာတ်မျိုးရှိတဲ့ မိန်းမဆီမှာ ကျွန်မမနေဘူး ဒါပေမဲ့ တစ်ခုတော့ ပြောလိုက်မယ် ဖေဖေချန်ခဲ့တဲ့ ဒီအိမ်နဲ့ ဒီခြံကို ခဗျားတို့မတရားရထားတဲ့အတွက် တစ်နေ့ပြန် ၀ဋ်လည်စေရမယ်"ဟုဆိုကာ ထိုအိမ်ပေါ်မှ ဆင်းသွားသော ကောင်မလေးတစ်ယောက်။
YOU ARE READING
ရွှေမိုးပြိုလို့ ငိုပါစ
Romanceအမြဲတမ်းပဲအန်တီနဲ့တွေ့တိုင်း တလွဲတွေလုပ်မိတဲ့ကိုယ့်ကိုကိုယ်မုန်းတယ် ဒါပေမဲ့ အန်တီကိုတော့ချစ်တယ် အိုကွယ်.....ဒီကလေးနှယ့်