ဒီနေ့ ခင်INCဆိုတဲ့companyမှာ အလုပ်သွားလျှောက်ဖြစ်တယ်။သဇင်ကတော့ ကျွန်မတစ်လွဲလုပ်မည်ဆို၍ သူမပါကျွန်မနှင့်လိုက်လာခဲ့သည်။
"မခင်မေဦိး အမ၀င်လို့ရပြီနော် CEOစောင့်နေပါတယ်"
"ဟုတ်"ထိုသို့ဆိုကာ interviewအခန်းထဲသို့၀င်သွားလေသည်။
အို........လှရက်လိုက်တာ နတ်သမီးနှင့်တောင်မှားရလောက်သည့်အလှမျိုး မျက်မှန်အောက်မှပုလဲနက်ရောင်မျက်၀န်းလေးများဖြင့်ခင့်အား ကြည့်နေသည်။ ခင်လည်း အတန်ကြာသူမအားစိုက်ကြည့်နေမိသည်။
"အဟမ်း interviewလာဖြေတာလား တို့ကိုလာကြည့်တာလား" သူမထိုသို့ပြောမှခင်လည်း အကြည့်လွဲလိုက်မိသည်။
"ကဲ ထိုင်ပါအုံး"
"ဟုတ်"
"မင်းနာမည်က..."
"ခင်....ခင်မေဦးပါ"ဟာကွာ ဒီသောက်စကားက ဘာလို့ထစ်နေရတာတုန်းဟ။
"ဟုတ်ပါပီ လုပ်ငန်းအတွေ့အကြုံရှိလား"
"ဟင့်....ဟင့်အင်း...မ..မရှိပါဘူး"ဟာ shittttခုနကတောင်အကောင်းကြီးကို ဘာလို့ခုမှထစ်နေတာလဲကွာ။
"ဟိတ်.....စိတ်လှုပ်ရှားနေတာလား ကလေးမ"ခင့်အား တည့်တည့်စိုက်ကြည့်ကာ ပြောလာသော သူမ။
"မ.....မဟုတ်ပါဘူး"စိတ်ညစ်ပါတယ်ဟယ်။ သူမတို့ဘက်မှခင့်အား မေးစရာရှိတာတွေမေးပြီး
"အ့ဆိုလည်း ကောင်းပါပြီရှင် ကျွန်မတို့ဘက်က နောက်ကျပြန်ဆက်သွယ်လိုက်ပါ့မယ်"
"ဟုတ် ကျေးဇူးပါ CEOရှင့်"ဟုဆိုကာ နောက်သို့လှည့်မကြည့်ဘဲ ခပ်သုတ်သုတ်တံခါးဆီသို့လျှောက်သွားသည်။အခန်းပြင်ရောက်မှ
"ဟူးးးးးး"
"ဟဲ့ အဆင်မပြေခဲ့ဘူးလား"
"အေး သူ့ရှေ့မှ စကားတွေထစ်နေတာ စကားပြောလို့အဆင်မပြေဘူး"
"ငါတော့သွားပြီထင်ပါတယ်ဟယ်"
"နင်ကလည်း ဘာလုပ်လုပ်အလွဲတွေနဲ့ကြီးပဲ"ခေါင်းလေးတစ်ရမ်းရမ်းဖြင့် သူငယ်ချင်းဖြစ်သူမှပြောနေလေသည်။
အခန်းထဲကျန်ခဲ့သောသူမှာတော့
"ခုနဖြေသွားတဲ့ ကောင်မလေးကိုညနေကျရင် ပြန်ဆက်သွယ်ပြီး မနက်ဖြန်အလုပ်ဆင်းနိုင်ပြီးလို့ပြောလိုက်ပါ""ဟုတ်ကဲ့ပါ CEOရှင့်"
ဒေါ်နန်းကလျာမေတစ်ယောက်ဘာတွေ ကြံနေလဲဆိုတာ သူမသာပင်သိပေလိမ့်မည်။သို့သော် သူမပြုံးနေသည်ကို မမြင်ဖူးသော မန်နေဂျာမလေးမှာ အံ့ဩစွာကြည့်နေလေသည်။
"ဟင့် ငါငိုချင်တယ် ငါတော့အလုပ်မရဘူးထင်ပါတယ်ဟယ်"
"အမလေး အမတော်ရယ် လုပ်တုန်းကလုပ်လာခဲ့ပြီးခုမှငိုချင်တယ်လာလုပ်နေတယ်"
"နင်ကလည်း သူ့ကိုကြည့်ပြီးဖြေရတော့ ရင်တုန်တာပေါ့လို့ မယုံရင်နင်ဖြေကြည့်ပါလား"
"ကလင် ကလင် ကလင်"
"ရားးး ဖုန်းလာနေတယ်ကိုင်လိုက်အုံး"
"အေး"ဟုဆိုကာ လေးပင်သောအသံဖြင့်
"ဟယ်လို"
"ဟုတ်ကဲ့"
"ရှင် ဟုတ်ကဲ့ပါရှင် ကျေးဇူးတင်ပါတယ်နော်" ဖုန်းပြောပြီး တက်တက်ကြွကြွဖြစ်နေသော ခင့်အား သူငယ်ချင်းဖြစ်သူ သဇင်ကြည့်မရတော့ပေ။
"ဟဲ့ ဘာဖြစ်နေတာလဲ"
"ငါ ငါအလုပ်ရပြီဟ"
"ဟေ ဟိုCompanyမှာလား"
"အေးဆို မနက်ဖြန်အလုပ်ဆင်းလို့ရပြီတဲ့"
စကားပင်မဆုံးသေး အိမ်ရှေ့မှ ဘဲလ်တီးသံကြားလိုက်ရသည်။"ဒါမခင်မေဦးတို့အိမ်လားမသိဘူး"
"ကျမက ခင်မေဦးပါ"
"အော် ဟုတ်ကဲ့ ဒါကမနက်ဖြန်အလုပ်ဆင်းရင် ၀တ်ဖို့ရုံး၀တ်စုံပါ"
"အာ ကျေးဇူးပါ"
"အ့ဆိုကျွန်တော့်ကို ခွင့်ပြုပါအုံး" ထိုလူထွက်သွားသည်နှင့် ခင်စဉ်းစားနေမိသည်။ ခင်ကအလုပ်အကိုင်အတွေ့အကြုံလည်းမရှိ ပညာအရည်းအချင်းလည်း ထင်သေလာက်မကောင်းတာကို ဘာလို့ခင့်ကို အလုပ်လုပ်ခန့်ခဲ့သလဲ။
"ကမ ပြစမ်းငါ့ကို"ဟုဆိုကာ အထုတ်ကိုဖွင့်ကြည့်နေသည်။
"ဟ မိုက်တယ်ဟ ကြည့်ကြည့်စမ်း နင်ကအတွင်းရေးမှူးနေရာဆိုတော့ ငါက စကပ်ကလေးတွေ၀တ်ရမာလားလို့ ခုကျ ဘောင်းဘီရှည်တဲ့"ခင်လည်း ဘာမျှမပြောပဲ သူ့အားကြည့်နေလိုက်သည်။ ထိုညခင်နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပစ်လိုက်သော်လည်း အိမ်မက်ထဲ၌ သူမရောက်လာသည်။ သူမမှာတော့ခင့်အား အလွန်လှပသော အပြုံးတစ်ပွင့်အားပြုံးပြနေခဲ့သည်တဲ့လေ။
*ဆက်ရန်*
YOU ARE READING
ရွှေမိုးပြိုလို့ ငိုပါစ
Romanceအမြဲတမ်းပဲအန်တီနဲ့တွေ့တိုင်း တလွဲတွေလုပ်မိတဲ့ကိုယ့်ကိုကိုယ်မုန်းတယ် ဒါပေမဲ့ အန်တီကိုတော့ချစ်တယ် အိုကွယ်.....ဒီကလေးနှယ့်