**3**♡

389 55 11
                                    

Unicode
တစ်ပတ်
ဆော့ဂျင်,ဂျောင်ကုကိုလိုက်နေတာ
တစ်ပတ်ရှိပြီဖြစ်သည်။

တစ်ပတ်ဆိုသော်ညား
ဆော့ဂျင်ရောလင်းရောပန်းလေး၏မျက်၀န်း
လေးတွေအားအကြည့်ချင်းမဆုံဖူးသေးချေ။

ပန်းလေးကထိုလောက်အထိ
သူတို့ကိုခေါင်းထဲမထည့်၊
တကယ့်မလွယ်ကြောလေး။

အခုလည်း
မျက်နှာလေးမြင်ဖို့ရာအစောကြီးပန်းလေး၏
ကျောင်းရှေ့ဆော့ဂျင်တစ်ယောက်
ရောက်နေရသည်။

နာရီတစ်ကြည့်ကြည့်ဖြင့်
ဆော့ဂျင်မှာတော့ဖင်တကြွကြွဖြစ်နေချေပြီ။

နှလုံးသားပိုင်ရှင်လေးကတော့
ရောက်မလာသေးပါ။

ဆော့ဂျင်သတ်ပြင်းတစ်ခုချလိုက်ရင်းး
လွယ်အိတ်အား
ဆုတ်ကိုင်လိုက်ကာကျောင်းကိိုကျောခိုင်းလိုက်ရတော့သည်။

ခြေလှမ်းဖိူ့အပြင်
ကျောင်း၀န်းထဲ၀င်လာသောအနီရောင်ကား
လေးကြောင့်ဆော့ဂျင်မျက်၀န်းတွေ
အရောင်တောက်သွားရသည်။

အိတ်ကပ်ထဲလက်ထိုးထည့်ကာ
လူကြားထဲတိုး၀ှေ့ရင်း
ပန်းလေးအနားသို့တိုးကပ်သွားလိုက်သည်။

"ဟိတ်
နောက်ကျတယ်နော်"

အနောက်ကနေလိုက်လာသူတွေက
များတာမို့
ဆော့ဂျင်တစ်ချက်ခပ်ရဲရဲစိုက်ကြည့်ပေးလိုက်
ရင်းပန်းလေးအား
မထိတထိစလိုက်သည်။

ထင်တဲ့အတိုင်းပင်
လှည့်တောင်မကြည့်လာဘဲမျက်မှောင်ကျုံ့သွားသည်။

ဆော့ဂျင်မျက်ခုံးပင့်သွားရသည်။
တော်တော်လည်းနေနိုင်တဲ့ဟာလေးပင်။

အနောက်ကခပ်ကျယ်ကျယ်အသံများ
မကြားရတော့မှ
နားနားကပ်ကာခပ်တိုးတိုးပြောလိုက်တော့
နားရွက်လေးတွေနီလာကာ
ကိုယ့်ကိုလှည့်ကြည့်လာသောမျက်၀န်းတွေထဲ
ဒေါသရိပ်တွေလွှမ်းနေခဲ့သည်။

ဖျက်ခနဲကြည့်ပြီးပြန်လှည့်သွားတာမို့
ဆော့ဂျင်သေချာတောင်
မငေးလိုက်ရ၊

တွေ့လိုက်ရသည်ကမျက်၀န်းညိုတွေဖြစ်သည်။
အံ့သြဟန်မရှိပင်မယ့်
ထိုမျက်၀န်းတွေထဲအားငယ်မှုတစ်ချို့ကို
သူတွေ့လိုက်ရသည်။

 အချစ်ပန်းလေး  'နုနုနယ်နယ်'   ...jinkook... Where stories live. Discover now