**6**♡

345 56 13
                                    


#unicode

အညိုးကြီးစွာရွာချနေသောမိုးက
တစ်ညလုံးတိတ်မဲ့ပုံမပေါ်ပေ။
ပြတင်းပေါက်မှ
လေနုနုတွေတိုး၀င်လာတာမို့
ဆော့ဂျင်ခုတင်ထက်ကဆင်းလိုက်ကာ
ကလကာအားဆွဲချလိုက်သည်။

ခုတင်ထက်၀ယ်ကွေးနေသော
ပန်းငယ်က
သူခြုံပေးထားတဲ့စောင်တွေကြား၀ယ်မြုံလို့နေသည်။

အပြုံးတို့က
ဆော့ဂျင်ထံအလည်ရောက်ရှိလာသည်။
ဟန်ဆောင်အပြုံးတွေမဟုတ်ခဲ့၊

နွေးထွေးသောအပြုံးမျိုး၊
ဆော့ဂျင်ထိုအပြုံးမျိုးမပြုံးခဲ့တာတော်တော်
ကြာပြီဖြစ်သည်။
အတိအကျပြောရမယ်ဆိုမေမေ့ကိုသူ့ဆီက
ခေါ်ထုတ်သွားကတည်းကပေါ့။

ချမ်းစိမ့်စိမ့်လေကြောင့်
ဆော့ဂျင်နှာခေါင်းကဆန္ဒပြချေပြီ။
တစ်ရှုံ့ရှုံ့ဖြစ်လာကာချေပါချေလာသည်။

နေလို့မကောင်းတာကြောင့်နဖူးပေါ်လက်တင်ကြည့်တော့
သူဖျားနေပြီ။
ခုတင်ပေါ်တတ်အိပ်ဖို့ပြင်ပြီးကာမှ
အဖျားတွေပန်းလေးအားကူးမည်စိုး၍
အပြင်သို့သာထွက်လာခဲ့ရသည်။

ဆိုဖာပေါ်ကအေးပင်မယ့်
ဖြစ်တာမို့ပန်လေးအဖျားမကူးဖို့ကအရေးကြီး
ပါသည်။

ဂျောင်ကုပေးသွားသော
စောင်အပါးလေးကိုသာခြုံပြီးကွေးနေလိုက်
ရတော့သည်။

ချမ်းတော့ချမ်းပင်မယ့်တန်ပါသည်လေ~~~

.........

ဂျောင်ကု
တစ်ယောက်တစ်ရေးနိုးလာတော့၄နာရီရှိနေ
ပြီ။
ရေဆာလာ၍မီးဖိုချောင်၀င်ဖို့ပြင်လိုက်တော့
ညည်းသံလိုအသံတစ်ချို့ကိုကြားလိုက်ရ၏။

ဆိုဖာပေါ်ကအသံလာနေတာမို့
ဂျောင်ကု
မနေ့ကညကဟိုလူသူ့အိမ်မှာရှိနေတာကို
မှတ်မိသွားသည်။

နေပါအုံး
အဲ့အသံကဟို့လူ့ဆီကများလား?

အနားကိုတိုးကာကြည့်မိတော့
တစ်အင်းအင်းဖြင့်ညည်းနေတာဟိုလူ့ဆီက
ဖြစ်လေသည်။

နဖူးစပ်ကချွေးတွေသီးနေတာတောင်
ပါးစပ်က
ချမ်းတယ်လို့အော်ပုံထောက်ရင်
အဲ့လူဖျားနေတာဘဲဖြစ်ရမည်။

 အချစ်ပန်းလေး  'နုနုနယ်နယ်'   ...jinkook... Where stories live. Discover now