**7**♡

599 62 29
                                    

Unicode

လိုက်ကာကြားမှတိုး၀င်လာသော
နေရောင်ခြည်နွေးနွေးကြောင့်ဆော့ဂျင်မှေးနေရာမှထထိုင်လိုက်သည်။

မအိပ်ခင်ကိုက်ခဲနေသော
ခေါင်းကအခုတော့ကြည်လင်နေလျက်။

ပူသလိုရှိတာမို့စောင်ကိုဖယ်ခွာရန်ပြင်တော့
ညကသူခြုံထားသော
စောင်အပါးလေးမဟုတ်တော့ချေ။
ဂွမ်းကပ်စောင်တစ်ထည်ကသူ့ကိုပေါ်လွှားထားသည်။

ဆော့ဂျင်၏နှုတ်ခမ်းစွန်းတွေကော့တတ်သွား
၏။
ပြုံးပြီးကာမှပြန်လည်တည်လို့မရတော့တဲ့
နှုတ်ခမ်းတွေသည်
သူ့ကိုယ်ပေါ်တွင်ရှိနေသောအဖြူရောင်ရှပ်
အကျီလေးကြောင့်ဖြစ်မည်။

ဆော့ဂျင်တစ်ယောက်ယုံတောင်မယုံနိုင်ပါ၊
မာနကြီးလှပါချည်ဆိုတဲ့
ဂျွန်ဂျောင်ကုကကင်ဆော့ဂျင်ဆိုသည့်သူ့ကို
အပူကျအောင်လုပ်ပေးပြီး
အ၀တ်လဲပေးပါတယ်တဲ့။

ပျော်ဖို့ကောင်းသလိုရင်ခုန်ဖို့လည်းကောင်းနေပြန်သည့်
အပြုအမူတွေရယ်ပါ။

ဆော့ဂျင်သည်ဆိုဖာထက်မှထလိုက်ကာ
စောင်အားသက်ရပ်စွာ
ခေါက်လိုက်ပြီးပန်းလေးရှိရာအပေါ်ထပ်သို့
တတ်သွားလိုက်သည်။

"ဂျောင်ကု"

တိတ်ဆိတ်နေသောအခန်းကြောင့်
တိုးညှင်စွာအခေါ်ပြုပင်မယ့်ဘာအသံမှထွက်မလာ၊အခန်းပတ်လည်နှင့်ရေချိုးခန်း
ကိုကြည့်လိုက်သော်လည်း
ဘယ်သူမှမတွေ့၊အပ်ကြသံပင်မကြားရအောင်
တိတ်ဆိတ်နေလေသည်။

ယူလာသောစောင်တို့အား
ခုတင်ပေါ်တင်လိုက်ပြီးအပြင်ပြန်ထွက်မယ်အလုပ်မျက်၀န်းထောင့်မှမြင်လိုက်ရသော
night stand ပေါ်ရှိ
ဓာတ်ပုံလေးတစ်ပုံကြောင့်ဆော့ဂျင်၏
လက်တို့ကထိုပုံလေးဆီလှမ်းမိလေသည်။

ပုံထဲမှာတော့
ပန်းလေးနှင့်သူ့သူငယ်ချင်းပတ်ခ်ဂျီမင်တို့နှစ်
ယောက်အပြင်
ဟိုတစ်ခါပန်းလေးနှင့်တွေ့လိုက်ရသော
ပါးချိုင့်နှင့်လူသား၊
ပန်းလေးကအလယ်မှထိုင်နေပြီး
ဂျီမင်နဲ့ဟိုလူနဲ့ကဘေးတွင်ရပ်နေကြသည်။
အပြုံးတွေအား
လှပစွာပြုံးနေသောပန်းလေးကြောင့်
ဆော့ဂျင်နှုတ်ခမ်းတို့ပြုံးယောင်သန်းသွားပင်မယ့်တစ်ပြိုင်နက်ဟိုလူ့ဆီကြည့်မိတော့
တွန့်ချိုးသွားသော
မျက်ခုံးတစ်စုံ၊

 အချစ်ပန်းလေး  'နုနုနယ်နယ်'   ...jinkook... Where stories live. Discover now