FZ . 9

105 8 0
                                    


" ဒယ်ဒီ... နာတယ် "

သာယာလှပလွန်းသည့် ပုစွန်ရောင် ညနေခင်းလေးမှာ
သူဋ္ဌေးများသာ စုစည်းနေထိုင်ရသည့် တိတ်ဆိတ်လှသည့်
ရက်ကွက်တွင် ဂျွန်စံအိမ်ဟာ သာမန်လို တိတ်ဆိတ်မနေ ။

အကြောင်းအရင်းများ၏ တရားခံဟာ ဂျွန်အိမ်တော်၏ အိမ်သားများမှ သဲသဲလှုပ်အချစ်ခံရသည့် ဂျွန်သူဋ္ဌေး၏ သားငယ်
ဂျွန်ဂျောင်မင်မှပင်

"ဒယ်ဒီ နာတယ်ဗျ ! "

"လုပ်ပြီးရင် ခံရဲရတယ်ကွ ...ဂျွန်ဂျောင်မင် "

"ဂျွန်ရယ်...တော်ပါတော့ ...."

ဧည့်ခန်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်မို့
အိမ်က အလုပ်သားများဟာ ကွက်ကြည့်ကွက်ကြည့်ဖြင့် သာ
အကြောင်းကာ ညတုန်းက သူငယ်ချင်းအိမ်တွင် အိပ်မည်ဆိုသော
ဂျောင်မင်ဟာ မနက်ဘက်တွင် ကောင်လေးတစ်ယောက်ကို
လက်ဆွဲကာ ခေါ်လာလေသည်

သူဋ္ဌေးဂျွန်ဟာသူ့ သား၏ အဖိုးတန်ခေါင်းကို ဒေါက်ကနဲ့
ခေါက်ချလိုက်သည် နှင့် ဂျောင်မင်ကတော့
သူ့ကောင်လေး၏ လက်ကို ကိုင်ကာ
သူ့အဖေ၏ ပြောသမျှ လုပ်သမျှကို နုနေရသည်

ဂျွန်သူဋ္ဌေး၏ ယောင်္ကျားကတော့ သူ့၏ ယောင်္ကျားကို
ဝင်ဆွဲနေလေရဲ့

" တော်ပါတော့ ဂျွန်ရယ် ... သားငယ်ခေါင်းကို ထပ်မခေါက်ပါနဲ့
တော့ "

"မင်းဖယ်စမ်းငယ်... ဒီကောင်ကို ကောင်းကောင်းဆုံးမရမယ်"

"ဂျွန်ရယ်.... အေးဆေးပြောရအောင်... ဒီလိုနည်းက
ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလေ "

အဲ့လိုမှပဲ သူဋ္ဌေးဂျွန်ဟာ သက်ပြင်းရဲ့ရဲ့ချပြီး ထိပ်ဆုံးရှိ
မီးခိုးရောင် ဆိုဖာတွင် ထိုင်လိုက်သည်
ဆော့ဂျင်ဟာလဲ ဆိုဖာ နေုာက်တစ်လုံးတွင် ဝင်ထိုင်ကာ
ဂျောင်မင်ကတော့ဒူးထောက်ချလိုက်တော့ သူ့၏
ကောင်လေးဟာလဲ လိုက်ပါ ဒူးထောက်ချလိုက်သည်

"သားတို့ရယ်... ဆိုဖာပေါ်မှာထိုင်ကြလေ... ထထ "

ဆော့ဂျင်ဟာ သူဋ္ဌေးဂျွန်၏ မျက်နှာရိပ်ကို ကြည့်ရင်း
ပြောတော့ ဂျောင်မင်ဟာ ပကတိ ဒူးထောက်နေဆဲပင်

Friend ZoneWhere stories live. Discover now